ရှန်ဟိုင်းအိမ်ရောင်းအား မြင့်တက်ရန် မူဝါဒများ တွန်းအားပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
1039 Views

ရှန်ဟိုင်းအိမ်ရောင်းအား မြင့်တက်ရန် မူဝါဒများ တွန်းအားပေးခဲ့

ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် ရည်ရွယ်သော ပိုမိုတင်းကျပ်သည့် မူဝါဒများအား
ရှန်ဟိုင်းမြို့အစိုးရက မတ် ၂၅ ရက်တွင် မချမှတ်ခဲ့မီ အိမ်ခြံမြေ၀ယ်ယူမှုများ အလျင်အမြန်
ပြုလုပ်ခဲ့ကြရာ ၂၀၁၆ ခုနှစ် မတ်တွင် ရောင်းချခဲ့ရသည့် အိမ်သစ်ဧရိယာ ၂.၂၁ သန်း စတုရန်း
မီတာ ရှိခဲ့သည်။ ယင်းမှာ ၂၀၁၅ ခုနှစ် မတ်လကထက် ၁၈၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်
အပြင် ၂၀၁၅ ခုနှစ် ဧပြီကတည်းက အိမ်သစ်ရောင်းချရမှုဧရိယာအမြင့်မားဆုံးလဖြစ်ကြောင်း
Shanghai Homelink အိမ်ခြံမြေအေဂျင်စီက ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

"ဆန်းစစ်လေ့လာသူအများစုခန့်မှန်းခဲ့တာထက်ကို ပိုမိုပြင်းထန်းတင်းကျပ်ခဲ့တဲ့ မူဝါဒတွေက
ဝယ်လက်တွေအကြား စောင့်ကြည့်အဆင့်ကို ဖြစ်ပေါ်စေခဲ့တာဖြစ်မှာပါ။ ဒါ့ကြောင့် လာမယ့်
လတွေမှာ အိမ်ဈေးတွေ ငြိမ်သွားနိုင်ပါတယ်" ဟု Shanghai Homelink ၏ သုတေသနဒါရိုက်
တာ Lu Qilin က ပြောကြားခဲ့သည်။

အိမ်သစ်များ၏ ပျမ်းမျှဈေးနှုန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီအောက် မတ်လတွင် ၉.၁ ရာခိုင်
နှုန်းကျဆင်းခဲ့ပြီး ၁ စတုရန်းမီတာကို ၃၃,၀၆၅ ယွမ် (အမေရိကန်ဒေါ်လာ ၅,၁၀၆)ရှိခဲ့သည်။

ရှန်ဟိုင်းအစိုးရသည် ၀ယ်လိုအားများတိုးမြင့်လာ မှုကြောင့် ဈေးနှုန်းများမြင့်တက်မှုအား မထိန်း
ချုပ်နိုင်မည်ကို စိုးရိမ်သဖြင့် မြို့၏ အဖွံ့ဖြိုးလွန်နေသော အိမ်ခြံမြေဈေးကွက် အနည်းငယ် တည်ငြိမ်စေ ရန်ကြိုးပမ်းမှုအဖြစ် တင်းကျပ်သော မူဝါဒအမြောက်အမြားကို မတ် ၂၅ ရက်တွင်
ကြေညာခဲ့သည်။

ဒုတိယအကြိမ်အိမ်ဝယ်ယူသူများအတွက် ယင်းအိမ်သည် သာမန်အဆင့်မဟုတ်ပါက အနိမ့်ဆုံး လက်ငင်းပေးချေ ရသည့် ပထမအရစ်ကို အိမ်တန်ဖိုး၏ရာခိုင်နှုန်း ၇၀ သို့မဟုတ် ယင်းအိမ် သည် သာမန်အဆင့် သာရှိပါက ရာခိုင်နှုန်း ၅၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။

ယခင်က ရှန်ဟိုင်းတွင် ဒုတိယအကြိမ်အိမ်ဝယ်ယူ သူများသည် ယင်းအိမ်က သာမန်အဆင့်
ဖြစ်စေ၊ သာမန်ထက်အဆင့်မြင့်သည်ဖြစ်စေ အနိမ့်ဆုံး ၄၀ ရာခိုင်နှုန်းသာ ပေးချေရသည်။

ရှန်ဟိုင်းတွင် အကျယ်အ၀န်း စတုရန်းမီတာ ၁၄၀ အောက်၊ ဈေးနှုန်း အမေရိကန်ဒေါ်လာ
၆၉၁,၀၀၀ အောက် အိမ်များကို သာမန်အိမ်အဖြစ် သတ်မှတ်သည်။

ရှန်ဟိုင်းအစိုးရသည် အိမ်ဝယ်ယူမှုတိုင်းကို ပထမအကြိမ်ဝယ်ယူမှုဟုတ်မဟုတ် တင်းတင်း
ကျပ်ကျပ်စစ်ဆေးမည်ဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသော်လည်း ရှန်ဟိုင်း၌ အိမ်ဈေးများသည် ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီ
ကထက် ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီတွင် ၂၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံတွင်း၌
စန်းကျန်း (Shenzhen) ပြီးလျှင် ဒုတိယအမြင့်မားဆုံးဖြစ်ခဲ့သည်။ စန်းကျန်းတွင် ၅၆.၉
ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service