ရန်ကုန် စတော့ အိတ်ချိန်းသို့ အိမ်ခြံမြေဈေးကစားသူများ ပြောင်းလဲ လုပ်ကိုင်သူ နည်းပါးနိုင် - Property News in Myanmar from iMyanmarHouse.com
2300 Views

ရန်ကုန် စတော့ အိတ်ချိန်းသို့ အိမ်ခြံမြေဈေးကစားသူများ ပြောင်းလဲ လုပ်ကိုင်သူ နည်းပါးနိုင်

ရန်ကုန် စတော့ အိတ်ချိန်းဈေးကွက်သို့ အိမ်ခြံမြေဈေး ကစားသူများထဲမှ ပြောင်းလဲ လုပ်ကိုင်ရင်းနှီးမြှပ်နှံသူ နည်းပါးနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ကပြောသည်။ " စတော့က ဒီနိုင်ငံကလူတွေ နဲ့ နည်းနည်းဝေးတယ် အသိပညာ ပိုင်းလဲ အားနည်းတော့ အများစုက မြေ၀ယ်မယ် အိမ်ဝယ် ဖို့လောက်ပဲ စိတ်ဝင်စားကြတယ် " ဟု ၄င်းကဆိုသည်။
စတော့ အိတ်ချိန်းဈေးကွက်စတင်သည်မှာ ရက်ပိုင်းမျှသာ ရှိသေးခြင်း စတော့နှင့် ကျွမ်းဝင်မှုနည်းပါးခြင်း အိမ်ခြံမြေဈေးကွက်မှာ ပို၍ ခိုင်မာ မှု ရှိသောကြောင့် အိမ်ခြံမြေ အရောင်း အ၀ယ်ပြုလုပ်သူများဘက်မှ လတ်တလော စိတ်ဝင်စားမှု နည်းပါးနိုင်သေးကြောင်း ဟိန်းသစ်မြေ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း ရှင်ကဆိုသည်။

" တစ်နှစ်အတွင်းမှာတော့ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး နောက်ပိုင်း အမြတ်အစွန်း အရမ်းကြီးတာကို အများစု နားလည်လာရင် စတော့ဘက်ကို အိမ်ခြံမြေသမားတွေ များ လာလိမ့်မယ် " ဟု စီးပွားရေး ပညာရှင် ဦးလှမောင်ကဆိုသည်။

စီးပွားရေး ပညာရှင်အများစုက မူ စတော့ အိတ်ချိန်း အရောင်း အ၀ယ်ပြုလုပ်ရာတွင်မြန်မာနိုင်ငံ မှပြည်သူများ မရင်းနှီးသေးသည့်အတွက် စတင် စဉ်ကာလတွင် စိတ်ဝင်စားသူနည်းပါးနိုင်သော်လဲ နောက်ပိုင်းတွင် ရင်းနှီး မြှပ်နှံ မှု ပုံစံ ပြောင်းလာနိုင်ကြောင်း ဆိုကြသည်။

ဒီဇင်ဘာ ၂၅ရက်က ရန်ကုန်တွင် စတင် အရောင်းအ၀ယ်ပြုလုပ်နေပြီဖြစ်သည့် ရန်ကုန် စတော့ အိတ်ချိန်းဈေးကွက်တွင် FMI ကုမ္ပဏီမှ အစုရှယ်ယာများ စတင်ရောင်းချနေပြီဖြစ်သည်။ ထပ်မံပြီး ဧြ့ပီ ၂၉ရက်တွင် သီလ၀ါ အများပိုင်ကုမ္ပဏီအား ရောင်းချ ခွင့်ပေးမည်ဖြစ်သည်။

အိမ်ခြံမြေ လုပ်ငန်းမှာ နှစ်ပေါင်းများစွာ ရင်းနှီးမြှပ်နှံလုပ်ကိုင်လာသည့် စီးပွားရေး လုပ်ငန်း တစ်ခုဖြစ်သောကြောင့် အရှုံးပေါ်သည်ဆိုခြင်းမှာ လွန်စွာနည်းပါးပြီး အမြတ် ရရန် ၉၀ ရာ ခိုင်နှုန်း သေချာသည့် ဈေးကွက်ဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦးကဆိုသည်
အိမ်ခြံမြေ ကဏ္ဍမှာ နိုင်ငံရေး အခြေ အနေ စီးပွားရေး အခြေ အနေများ အရ သာဈေးကွက်တွင် အတက်အကျ ရှိပြီး ဆယ်စုနှစ်အတွင်း အိမ်ခြံမြေ ဈေးနှုန်းများ ဆက်တိုက်ကျဆင်သွားသည်ဆိုသည်မှာ ယနေ့ အချိန် အထိ မဖြစ်ပေါ်ဖူးသေးကြောင်း အထက်ပါ လုပ်ငန်း ရှင်ကဆိုသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service