၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု စာရင်းတွင် တရုတ် ဆက်လက် ဦးဆောင် - Property News in Myanmar from iMyanmarHouse.com
1178 Views

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု စာရင်းတွင် တရုတ် ဆက်လက် ဦးဆောင်

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံမှ စီမံကိန်း ၁၂၆ ခု၊ ၁၅ ဘီလျံကျော်ဖြင့် အဆင့် (၁) နေရာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး စင်ကာပူနိုင်ငံမှ စီမံကိန်း ၁၉၉ ခုမှ ၁၂ ဘီလျံကျော်ဖြင့် ဒုတိယ နေရာတွင် အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းစဉ်များထဲတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စီမံကိန်း ၁၅၁ ခု၊ ၁၉ ဘီလျံကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး စွမ်းအင်ကဏ္ဍ၌ စီမံကိန်း ကိုးခုမှ၊ ၁၉ ဘီလျံဖြင့် ဒုတိယ အများဆုံး လာရောက်ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။ ထို့ပြင်ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်လည်း ဒေါ်လာခြောက်ဘီလျံနီးပါး ၀င်ရောက်ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထိ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့်လည်း ဗြိတိန်နိုင်ငံမှ ဒေါ်လာ ၄၀၇၃ သန်းကျော်ဖြင့် အများဆုံး လာရောက်ရင်းနှီး မြှုပ်နှံထားပြီး၊ နယ်သာလန်နိုင်ငံမှ ဒေါ်လာ ၉၈၉ သန်း၊ ပြင်သစ်နိုင်ငံမှ ဒေါ်လာ ၅၄၁ သန်းကျော်၊ လူဇင်ဘတ်နိုင်ငံမှ ဒေါ်လာ ၄၅ သန်း၊ ဆွစ်ဇာလန်နိုင်ငံမှ ဒေါ်လာ ၃၂ သန်းကျော်၊ ဂျာမနီနိုင်ငံမှ ဒေါ်လာ ၂၁ သန်းကျော်၊ ဆွီဒင်နိုင်ငံမှ ဒေါ်လာ ၁၄ သန်းကျော်၊ နော်ဝေ နိုင်ငံမှ ဒေါ်လာ ၁၁ သန်းနှင့် ၀င်ရောက်ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ၌လည်း ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုမှာ တိုးမြှင့်လာကြောင်း၊ လက်ရှိတွင် အဆင့်ခုနစ် နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service