အိမ်ခြံမြေမှာ မြေနဲ့ကွန်ဒိုသာ ရင်းနှီးမြှုပ်နှံထားသင့်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1718 Views

အိမ်ခြံမြေမှာ မြေနဲ့ကွန်ဒိုသာ ရင်းနှီးမြှုပ်နှံထားသင့်ဟုဆို

အိမ်ခြံမြေမှာ ရင်နှီးမြှုပ်နှံထားချင်သူတွေအနေနဲ့ လက်ရှိဈေးကွက်အနေထားမှာ ရင်းနှီးမြှုပ်လို့ကောင်းတဲ့ မြေနဲ့ကွန်ဒိုတွေကို ဝယ်ယူထားသင့်တယ်လို့သိရပါတယ်။

လက်ရှိမှာအိမ်ခြံမြေဈေးကွက်က ဈေးတက်ဖို့အခြေအနေ
လည်းမရှိနိုင်သလို ဈေးကျဖို့ဆိုတာကလည်းမဖြစ်နိုင်သေးပါဘူး။ပုံမှန်တန်း ဈေးကွက်အနေအထားတစ်ခုမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ သူတွေကတော့ ဝယ်ထားသင့်တဲ့ အချိန်ဖြစ်တယ်လို့ ပြောပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ တစ်ဦးနဲ့ တစ်ဦးက စိတ်ကူးချင်းမတူကြဘူး၊ အိမ်ခြံမြေဈေးကွက်ထဲမှာ ရင်နှီးမြှုပ်နှံမယ်ဆိုကိုယ်တိုင်နေနိုင်မယ့် နေရာမျိုးလား၊ ဈေးက ပုံမှန်ထက်ပိုချောင်နေလားလေ့လာပါ၊ အခုချိန်မှာတော့ ကွန်ဒိုနဲ့ မြေလိုမျိုးတွေက ပိုအဆင်ပြေတယ် ‘ လို့ သူ့အမြင်ကိုပြောပါတယ်။

အိမ်ခြံမြေဈေးကွက်က အရင်ကလိုမဟုတ်တော့ဘဲ ဈေးကွက် လှုပ်ရှားစ ပြုနေတာကြောင့်ပါ။ ကွန်ဒိုဥပဒေကလည်းအတည်ပြုထားတာကြောင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုဝင်လာနိုင်တယ်။

မြေကတော့ ရင်နှီးမြှုပ်ထားဖို့ အကောင်းဆုံဖြစ်တယ်လို့ သိရပါတယ်။လက်ရှိအချိန်က ဝယ်လို့အဆင်ပြေတဲ့ အချိန်လို့ပြောကြပင်မဲ့ ဝယ်တဲ့သူတွေကလည်း အစိုးရသစ် အပြောင်းအလဲမှာ ဈေးထိုးကျသွားတာမျိုးဖြစ်မှာလည်း စိုးရိမ်နေကြပါတယ်။

ဈေးကွက်ထဲမှာ တချို့က ဈေးနှုန်းပြင်ပြီး ဈေးလျှော့ရောင်းကြတာတွေရှိပေမဲ့ အရောင်းမထွက်တာတွေရှိနေပါတယ်။အရောင်းအဝယ်ဈေးကျတယ် ပြောနေကြပေမဲ့ တကယ်တော့ ပုံမှန်ဈေးတန်း သဘော ပြန်ဖြစ်နေတာလို့ သိရပါတယ်။

ဒဂုံသီးသန့် အကျိုးဆောင် မကေသီက ‘ ဈေးနှုန်းကို ပြန်ပြင်ပြီး ရောင်းတယ်ဆိုတာကလဲ ဝယ်လက်ကိုဆွဲဆောင်မှုတစ်ခုပါ၊ တကယ်တော့ မှုရင်ဈေးထက် ဈေးနည်းနည်းလျော့ပြီး ရောင်းတာမှန်ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က ဈေးတွေနဲ့ ယှဉ်ရင် ဈေးမြင့်နေပါသေးတယ် ‘ လို့ ပြောပါတယ်။

အကျိုးဆောင်တချို့ကတော့ အရင်ကတော့ ဈေးမြင့်နေသေးတာက လက်ရှိရောင်းတဲ့သူတွေက အရှုံးခံရောင်းကြပေမဲ့ ဝယ်လက်နဲ့ ဝယ်ရောင်း အပြောင်းအလဲတွေရဲ့ လက်လွှဲရောင်းတာတွေများပြီး အဆင့်ဆင့်တင်ထားတဲ့အမြတ်တွေကြောင့်
မူရင်းဈေးနှုန်းကို ပြန်မရနိုင်တာ ဖြစ်ပါတယ်။

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုမှာ အများစုက လက်ရှိအချိန်မှာ ဈေးကွက်မတည်ငြိမ်တာကြောင့် အချိန်ယူစဉ်းစာနေကြတဲ့သဘောဖြစ်တယ်လို့ သိရပါတယ်။ဈေးကွက်တည်ငြိမ်မှ ဝယ်ချင်သူတွေဆိုရင်တော့ တစ်နှစ်လောက်အထိ အခြေအနေစောင့်သင့်တယ်လို့လည်း သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က ‘ဈေးက အရမ်းမတက်နိုင်ဘူး။ဒါပင်မဲ့ အိမ်ခြံမြေဈေးကို တက်မလား၊ ကျမလား၊ ဘယ်သူက အသေအချာမပြောနိုင်သေးပါဘူး၊ ကိုယ့်စိတ်ကူးတည့်ရာကို ဝယ်ပြီး ရင်းနှီးမြှုပ်နှံနေကြတာပဲ ’လို့ ပြောပါတယ်။တချိ့ကတော့ ဈေးကွက်က မတည်ငြိမ်သေးတာကြောင့် မဖြစ်သင့်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမိရင် မှန်လား၊ မှာလား စောင့်ကြည့်ရမှာပါပဲ။ အများစုကတော့ သီလဝါ၊ ဒလ ၊ ပဲခူး ၊ ဒဂုံမြို့သစ်နဲ့မြို့သစ်စီမံကိန်းတို့လိုနေရာတွေမှာ စိတ်ဝင်စားမှု ပိုများတယ်လို့သိရပါတယ်။

Credit: The Kumudar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service