အိမ်ခြံမြေဈေးကျဆင်းပါက ဘဏ်များ အခက်ကြုံနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2129 Views

အိမ်ခြံမြေဈေးကျဆင်းပါက ဘဏ်များ အခက်ကြုံနိုင်ဟုဆို

အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာပါက ပြည်တွင်းပုဂ္ဂ လိကဘဏ်များ အခက်အခဲများ စွာ ကြုံတွေ့နိုင်ကြောင်း ပထမ ပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌဒေါက်တာ စိန်မောင်က ပြောကြားသည်။

ပြည်တွင်းပုဂ္ဂလိကလုပ်ငန်း ရှင်များသည် ဘဏ်မှငွေချေးရာ တွင် အိမ်ခြံမြေများကိုသာ အာမ ခံအပေါင်းပစ္စည်းအဖြစ် ပေးထား ရသည်။ ဘဏ်များကို ထိုအပေါင်းပစ္စည်း၏ တန်ဖိုးပေါ်မူတည်ပြီး ချေးငွေပမာဏသတ်မှတ်၍ ထုတ်ချေးခြင်း ဖြစ်သည်။

ပြည်တွင်းပုဂ္ဂလိကဘဏ် များ၏ ၀င်ငွေဖြစ်သည့် ငွေချေး လုပ်ငန်းတွင် ဗဟိုဘဏ်က အာမခံအပေါင်ပစ္စည်းအနေဖြင့် မရွှေ့ပြောင်းနိုင်သော အိမ်ခြံမြေပိုင်ခွင့် တစ်မျိုးကိုသာ လက်ခံရန် ခွင့်ပြုထားသည်။ အိမ်ခြံမြေအပေါင်း ကို လက်ခံရာတွင်လည်း ကာလ တန်ဖိုးဖြင့်သာ တွက်ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှု ကြီးမားပါက ဘဏ်များတွင် အကျပ်အတည်းဖြစ်နိုင်သည်ဟု ၎င်းကရှင်းပြသည်။

‘‘ဘဏ်တွေက ၀မ်းနာ၊ ခေါင်းကိုက်ဈေးဖြတ်ပေမယ့် အ ပြိုင်အဆိုင်များတော့ ချေးငွေ ပမာဏများတယ်’’ဟု ဒေါက်တာ စိန်မောင်က ဆိုသည်။

ဘဏ်များက ပြည်တွင်းလုပ် ငန်းရှင်များအား ချေးငွေများထုတ် ပေးရာတွင် တစ်ဘဏ်နှင့်တစ် ဘဏ် အပြိုင်အဆိုင်များခြင်း ကြောင့် အာမခံထားသော အ ပေါင်ပစ္စည်းတန်ဖိုးမှ ရာဖြတ် ထားသည့် အတင်းအကျပ်ရောင်း ဈေးရာခိုင်နှုန်းကို အပြိုင်တိုးမြှင့် ပေးနေသည်။ အာမခံထားသော အပေါင်ပစ္စည်း၏ တန်ဖိုးတွင် ဘဏ်တစ်ခုက ၃၀ ရာခိုင်နှုန်းသာ ပေးသော်လည်း အခြားဘဏ်တစ် ခုက ၄၀ ရာခိုင်နှုန်းစသဖြင့် အပြိုင်တိုးမြှင့်ပေးလေ့ရှိကြောင်း ဒေါက်တာစိန်မောင်က ရှင်းပြသည်။

‘‘အိမ်ခြံမြေဈေးနှုန်းက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု မ၀င်ရင် ဈေး ကထပ်ကျမယ့်အခြေအနေမျိုးပဲ။ အခုအချိန်မှာတော့ အားလုံးတက်ဈေးမိထားသင့်အတွက် တင်းခံနေ ကြတယ်’’ဟု မဏ္ဍိုင်အိမ်ခြံမြေအ ကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာဦးသန်းဦးက ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ အိမ် ခြံမြေဈေးကွက်သည် တရုတ်နိုင်ငံမှ ပြည်ပသို့ ငွေလွှဲပို့မှုများ ကန့် သတ်လာခြင်း၊ ပြည်တွင်း၌လည်း ငွေကြေးခ၀ါချမှုများ
စောင့်ကြည့် စစ်ဆေးမှုများရှိလာခြင်း၊ ၀င်ငွေ ရလမ်းမဖော်ပြနိုင်ဘဲ ၀ယ်ယူမှု များအပေါ် အခွန်ငါးဆတိုးမြှင့် ခြင်းတို့ကြောင့် အေးနေကြောင်း အကျိုးဆောင်အချို့က ပြောကြား သည်။


Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service