တန်ဖိုးနည်းအိမ် ၀ယ်ယူသူအား (၈)နှစ် အရစ်ကျ ပေးသွင်းသည့် စနစ်သို့ ပြောင်းမည် - Property News in Myanmar from iMyanmarHouse.com
1868 Views

တန်ဖိုးနည်းအိမ် ၀ယ်ယူသူအား (၈)နှစ် အရစ်ကျ ပေးသွင်းသည့် စနစ်သို့ ပြောင်းမည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူသူများအား လက်ရှိလေးနှစ် အရစ်ကျ ပေးသွင်းမည့် အစား ရှစ်နှစ်အရစ်ကျ ပေးသွင်းမည့် စနစ်သို့ ပြောင်းလဲပေး သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

““အခု လေးနှစ်ပဲဆိုတော့ ငွေသွင်း ရတာများတော့ အိမ်ကို မ၀ယ်နိုင်တော့ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အားလုံး ၀ယ်နိုင်ဖို့ အတွက် အရစ်ကျငွေကို ရှစ်နှစ်ကို ပြောင်းလဲမှာ ဖြစ်တယ်””ဟု မြို့ပြနှင့်အိမ်ရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး က ပြောသည်။

လက်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူသူများ အနေဖြင့် ပထမအရစ်ကို တန်ဖိုး၏ (၃၀)ရာခိုင်နှုန်း ပေးသွင်းရပြီး၊ ကျန် (၇၀)ရာခိုင်နှုန်းကို လေးနှစ်အတွင်း အပြီးသတ် ပေးရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ယင်းကြောင့် အိမ်ရာဝယ်သူများမှာ ၀င်ငွေနှင့်ပေးချေရန် အခက်အခဲများ ရှိနေ ၍ အိမ်ရာများကို မ၀ယ်ယူကြတော့ကြောင်း၊ သို့ဖြစ်၍ လေးနှစ်အစား ရှစ်နစ်အရစ်ကျ စနစ်ကို ပြောင်းလဲမည်ဖြစ်ကြောင်း သိရ သည်။

““အခန်းက သိန်း (၁၂၀)ဆိုတော့ ပထမအရစ်ကိုပဲ သိန်း (၄၀)လောက် ပေးရတဲ့အပြင် တစ်လကို နှစ်သိန်းလောက်ပဲ ပုံမှန်ပေးရမယ်ဆိုတော့ အဆင်မပြေဘူး။ အခုရှစ်နှစ်ကို တိုးပေးမယ်ဆိုတော့ မဆိုပါ ဘူး””ဟု ရွှေလင်ပန်းအိမ်ရာ လျှောက်ထား သူ ကုမ္ပဏီဝန်ထမ်း မချိုချိုလတ်က ဆိုသည်။

တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူခွင့်အား ရှစ်နှစ်အရစ်ကျစနစ်သို့ ပြောင်းလဲပါက ကျပ်သိန်း (၁၂၀)ခန့်အား ပထမအရစ်ကို တန်ဖိုး၏ (၁၅)ရာခိုင်နှုန်း ရှစ်နှစ် အရစ်ကျ ပေးသွင်းရမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါစနစ်အား မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ပြီး၊ မကြာမီ တရားဝင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

Credit: Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service