ပြည်တွင်းအိမ်ခြံမြေဈေးကွက် ငြိမ်သက်နေချိန် ဒေသတွင်းအိမ်ရာ စီမံကိန်းကြီးများ၌ ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းရှင်တချို့ စိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
1552 Views

ပြည်တွင်းအိမ်ခြံမြေဈေးကွက် ငြိမ်သက်နေချိန် ဒေသတွင်းအိမ်ရာ စီမံကိန်းကြီးများ၌ ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းရှင်တချို့ စိတ်ဝင်စား

ပြည်တွင်းရှိ အိမ်ခြံမြေဈေးကွက် အေးစက် ငြိမ်သက်နေချိန်တွင် ပြည်တွင်း ရှိဈေးနှုန်းထက် သက်သာနေသော ဒေသတွင်း နိုင်ငံများရှိ အိမ်ရာ စီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းရှင် တချို့စိတ်ဝင်စား လာကြကြောင်း သိရသည်။

ပြည်တွင်းအိမ်ခြံမြေဈေးကွက်သည် ရင်းနှီးမြှုပ်နှံမှုတွင် အရောင်းအဝယ် မရှိသလောက် ငြိမ်သက်လျက်ရှိပြီး အမှန်တကယ် နေထိုင်ရန် ဝယ်ယူသူများ ကိုသာ ရောင်းချနေရကာ ရင်းနှီး မြှုပ်နှံမှုတွင် နည်းပါးသွားကြောင်းအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းတချို့ထံမှ သိရသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဈေးကွက်တွင် အိမ်ခြံ မြေကဏ္ဍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုနည်းပါးလာကြပြီး လက်ရှိပြည်တွင်းရှိ အဆင့်မြင့်ကွန်ဒို တိုက်ခန်းများထက် ဈေးနှုန်းသက်သာမှုရှိသော ဒေသတွင်းနိုင်ငံများရှိ အိမ်ရာစီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း လုပ်ငန်းရှင်တချို့နှင့် ပြည်တွင်းပြည်ပ အိမ်ခြံမြေအကျိုး ဆောင်တို့မှ သိရသည်။

''ကျွန်တော်တို့ကုမ္ပဏီက ပြည်တွင်းမှာရော ပြည်ပမှာဆိုရင် စင်ကာပူကအိမ်ရာတွေကို ပြည်တွင်းမှာ ရောင်းချပေးခဲ့ပါတယ်။ ပြည်တွင်း အဆင့်မြင့် အိမ်ရာ စီမံကိန်းတွေကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အခုနောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ မလေးရှားနိုင်ငံက အဆင့်မြင့် စီမံကိန်းကြီးတစ်ခုကို မြန်မာနိုင်ငံသားတွေ ရင်းနှီး မြှုပ်နှံနိုင်အောင် ယူဆောင်လာတာပဲဖြစ်ပါတယ်။

ဒီစီမံကိန်းက စင်ကာပူနဲ့အနီးဆုံးနေရာမှာ တည်ရှိတဲ့နယ်စပ်မြို့ကြီးဖြစ် ပါတယ်။ စင်ကာပူ Tuas Checkpoint ကနေ ကွန်ဒိုကိုဆိုရင် ကားမောင်းရင် ၁၅ မိနစ်လောက်နဲ့ ရောက်နိုင်ပါတယ်။ Paradiso Nuova ကွန်ဒိုကို မလေးရှားနိုင်ငံ Iskandar မြို့တော်ရဲ့ အချက်အချာကျတဲ့ မြို့လယ် ကောင် Medini မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မြို့သစ်တည်ထောင်ထားတာမှာ စင်ကာပူ အစိုးရကိုယ်တိုင်က အားပေးတဲ့စီ မံကိန်းတစ်ခု ဖြစ်ပြီး စင်ကာပူအပါအဝင် ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံ လာကြတယ်။ စင်ကာပူမှာက မလေးရှားထက် အဆပေါင်းများစွာ ဈေးပိုကြီးတယ်။ ပြီးတော့ ဒီစီမံကိန်းဘေးပတ်ဝန်းကျင်မှာ ကမ္ဘာကျော် စီမံကိန်းတွေကလည်းလာရောက်ရင်းနှီးမြှုပ်နှံထားတော့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စားလာကြ တာပဲ ဖြစ်ပါတယ်'' ဟု KAE Alliance ကုမ္ပဏီ လီမိတက်မှ Managing Director ကိုကျော်မင်းဇင်က ပြောသည်။

မလေးရှားနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများတွင် စင်ကာပူနိုင် ငံပြီးနောက် အတိုးတက်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ပင်လယ်ဆိပ်ကမ်းမြို့တစ်ခု ဖြစ်သည့် Iskandar မြို့တော်ကို ကမ္ဘာပေါ်တွင် အစည်ကားဆုံးနှင့် စီးပွားရေးအကောင်းဆုံး နံပါတ် ၁၉ အဆင့်ရှိ သင်္ဘောဆိပ်ကမ်း တည်ရှိရာမြို့အဖြစ် ထူထောင်ခဲ့သည်။ အဆိုပါမြို့တော်စီမံကိန်းကို တရုတ်နိုင်ငံရှန်ဟိုင်းကုမ္ပဏီနှင့် မလေးရှားအစိုးရတို့ ပူးပေါင်းကာ ၂ဝဝ၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး စင်ကာပူနိုင်ငံထက် အဆပေါင်း ၃ဝ ကြီးမားသော မြို့တော်ကြီးဖြစ်သည့် အပြင် အရှေ့တောင်အာရှ၏ အကြီးဆုံးစီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းကြောင့်လည်း ကမ္ဘာအနှံ့မှ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင် စားကြခြင်း အပြင် ကမ္ဘာအရပ်ရပ်မှ စီမံကိန်းကြီးများလည်း လာရောက် ရင်းနှီးမြှုပ်နှံထားသည်ဟု သိရသည်။ Paradiso Nuova ကွန်ဒိုအနီးတွင် အာရှ တိုက်၏ ပထမဦးဆုံးသော Legoland Theme Park(England) ကစားကွင်းကြီးသို့ နှစ်မိနစ် ကားမောင်းရုံဖြင့် ရောက်ရှိနိုင်ပြီး ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီးများ တည်းဖြတ်ရာ Pine Wood Studio (From Hollywood) သို့လည်း မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်သည်။ အနီးတွင် ကမ္ဘာ့အဆင့်မီ အင်္ဂလန်၊ နယ်သာလန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့မှ နာမည်ကျော် တက္ကသိုလ်ကြီးများက ဝန်းရံထားသည်ဟုသိရသည်။
ယင်းအပြင် ကမ္ဘာကျော် Motor Sport City ကားမောင်းပြိုင်ကွင်းကြီးကိုလည်း တည်ဆောက် လျက်ရှိကာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးများ၊ ဈေးဝယ်စင်တာကြီးများဖြင့် အဆင့်မြင့်မြို့တော်ကြီး ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ ခြင်းဖြစ်သည်ဟု သိရသည်။

''ပြည်တွင်းမှာလည်း ကွန်ဒိုဝယ်ထားချင်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းတွေက တအားမြင့်နေတယ်။ ကွန်ဒိုဥပဒေက မထွက်သေးတော့ ကွန်ဒို အင်္ဂါရပ်တွေနဲ့ တကယ်ပြီးပြည့်စုံတဲ့ဟာမျိုးမရဘူး ဖြစ်နေတယ်။ အခုမလေးရှား ကွန်ဒိုက စိတ်ဝင်စားဖို့ ကောင်းတာက ဥပဒေအရ မြေပိုင်ဆိုင်မှုရမယ်။ ဒီကွန်ဒိုကိုဝယ်ရင် မလေးရှားနိုင်ငံကို ၁ဝ နှစ် ဗီဇာ မလို ဝင်/ထွက်သွား လာခွင့် လျှောက်လို့ရတယ်။အခွန်ကင်းလွတ်ခွင့်တွေရှိတယ်။ နိုင်ငံခြားသားတွေကိုလွတ်လွတ်လပ်လပ်ပြန်ရောင်းလို့ရတယ်။ ကွန်ဒို အင်္ဂါရပ်နဲ့ ပြည့်ပြည့်စုံစုံရမယ်။ ဈေးနှုန်းက တစ်စတုရန်းပေကို သုံးသိန်းလောက်ဆိုတော့ တစ်ခန်း ကိုသိန်း ၂၃ဝဝ ကနေ သိန်း ၅ဝဝဝ ကြားမှာရှိတယ်။

အခု မလေးရှားငွေဈေးကျနေတော့ မြန်မာ တွေအတွက် မဆိုးဘူး ပြောရမယ်။ ဒီလိုအချက် အလက်တွေ စုံနေတော့ ရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စားတာပါ။ ဒီကွန်ဒိုပတ်ဝန်းကျင်မှာရှိတဲ့ ကမ္ဘာကျော် စီမံကိန်းကြီးတွေကြောင့် သေချာပေါက် အကျိုး အမြတ်ရလာမယ်လို့ ထင်ပါတယ်။ အခုတောင် အခန်းက သိပ်မကျန်တော့ဘူးဖြစ်နေတယ်''ဟု မလေးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသူ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံချင်သူ နိုင်ငံခြားသားများကို ဥပဒေအရ ခွင့်ပြုပေးထားမှုများရှိပြီး စီမံကိန်းတိုင်းတွင် ဥပဒေအရ စနစ်တကျ ရင်းနှီး မြှုပ်နှံလုပ်ကိုင်စေကာ ဥပဒေနဲ့အညီအကာအကွယ်များလည်း ပေးထားသည့်
အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားကြသူ များမှာ စင်ကာပူနိုင်ငံသားများ အများဆုံးဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် အင်ဒိုနီးရှားတို့မှ ၂၆ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service