ဗဟိုဘဏ်၏ ဒေါ်လာလဲနှုန်း ပြင်ပဈေးကွက်ထက် များနေဆဲဖြစ်ပြီး ပြင်ပတွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်ဝန်းကျင်ရှိ - Property News in Myanmar from iMyanmarHouse.com
728 Views

ဗဟိုဘဏ်၏ ဒေါ်လာလဲနှုန်း ပြင်ပဈေးကွက်ထက် များနေဆဲဖြစ်ပြီး ပြင်ပတွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်ဝန်းကျင်ရှိ

ဗဟိုဘဏ်၏ ဒေါ်လာလဲနှုန်း ပြင်ပဈေးကွက်ထက် များနေဆဲဖြစ်ပြီး ပြင်ပတွင်တစ် ဒေါ်လာလျှင် ၁၂၉၈ ကျပ်ဝန်းကျင် ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ဇန်န၀ါရီ ၁၉ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၈ ကျပ်ဝန်းကျင်၊ ၀ယ်ဈေးကျပ် ၁၂၉၅ ၀န်းကျင်၊ စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၀၇ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ကျပ် ၉၀၀ ၀န်းကျင် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၁၁ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၁၄၀၅ ကျပ် ၀န်းကျင်တွင် ရှိနေသည်။

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဇန်န၀ါရီ ၁၅ ရက်နှင့် ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ဇန်န၀ါရီ ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်ဝန်းကျင် ရှိခဲ့သည်။

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် ဇန်န၀ါရီ ၁၄ ရက်မှ ၁၉ ရက်အထိ တစ်ဒေါ်လာလဲနှုန်း ၁၂၉၉ ကျပ် သတ်မှတ်ထားသည်။

ဇန်န၀ါရီ ၁၉ ရက်နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှတစ်ဒေါ်လာ ၁၂၉၉ ကျပ် ဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်းကို ၀ယ်ယူခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၄ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၁၂၉၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။

တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင် နှုန်းဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ် ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေ လဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက်များနေခြင်းကြောင့် ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက်တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်တွင် သတ်မှတ် ဒေါ်လာလဲနှုန်းသည် ၁၂၉၉ ကျပ်ရှိနေကြောင်း သိရသည်။

Credit: ElevenMediaGroup

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service