ဝင်ငွေမဖော်ပြနိုင်ဘဲ အိမ်ခြံမြေ၀ယ်လျှင် အခွန်တိုးကောက်ရန် ဘဏ္ဍာရေးဒုဝန်ကြီးတင်ပြ - Property News in Myanmar from iMyanmarHouse.com
807 Views

ဝင်ငွေမဖော်ပြနိုင်ဘဲ အိမ်ခြံမြေ၀ယ်လျှင် အခွန်တိုးကောက်ရန် ဘဏ္ဍာရေးဒုဝန်ကြီးတင်ပြ

ဝင်ငွေရလမ်း မဖော် ပြနိုင်သော ငွေများဖြင့် အိမ်ခြံမြေများ ၀ယ်ယူနေခြင်းကို ယမန်နှစ်ကထက် အခွန်တိုးမြှင့်ကောက်ခံနိုင်ရေး ပြည် ထောင်စုလွှတ်တော်က သဘောတူညီ ပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာလင်းအောင်က တင်ပြခဲ့သည်။

ငွေဖြူမပြနိုင်သော ငွေများဖြင့် ၀ယ်ယူမှုအပေါ် အခွန်တိုးမြှင့်ကောက် ခံသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၏ အကြံပြုချက်ကို လက်ခံပြီး ယင်းအကြံပြုချက်ကို ပြည်ထောင်စုလွှတ်တော်က အ တည်ပြုပေးနိုင်ရန် ဇန်န၀ါရီ ၁၄ရက်က ကျင်းပသောပြည်ထောင်စုလွှတ်တော်ကို ဘဏ္ဍာရေးဒုဝန်ကြီးက တင်ပြလိုက်ခြင်းဖြစ်သည်။

၂၀၁၅ခုနှစ်က၀င် ငွေရလမ်းမဖော်ပြနိုင်သော ငွေများအပေါ် အခွန်ကောက်ခံခြင်းသည် ငွေဖြူပြနိုင်သူများအား အခွန်ကောက်ခံနေခြင်းထက် နည်းပါးနေသောကြောင့် ၎င်းတို့ထံမှ အခွန်ပိုမိုကောက်ခံရန် ၂၀၁၆ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းတွင် ထည့်သွင်းရေး အကြံပြု ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ကပြောသည်။

‘‘မနှစ်က ပြည်ထောင်စု လွှတ်တော်က လုပ်ပေးလိုက်တဲ့ အခွန်ဥပဒေမှာကျတော့ သုံးရာ ခိုင်နှုန်းက စတာပေါ့။ သုံးရာခိုင် နှုန်းကစပြီး ဆောင်ရတယ်ဆို တော့ ပုံမှန်ကျွန်တော်တို့ ၀င်ငွေ ခွန်ဆောင်တဲ့သူတွေရှိတယ်။ အဲ ဒီလူထက် သူတို့(ငွေဖြူမပြနိုင်သူ များ) က နည်းနေတယ်။ ပုံမှန် သတ်မှတ်ထားတဲ့အခွန်က ငါးရာ ခိုင်နှုန်းကစတယ်’’ဟု ဒေါက်တာဝင်းမြင့်ကဆိုသည်။

ဝင်ငွေရလမ်း မဖော်ပြနိုင် သည့်ငွေများအပေါ် တစ်ကျပ်မှ ကျပ်သိန်းသုံးရာအထိ ၁၅ရာခိုင် နှုန်း၊ ကျပ်သိန်းသုံးရာမှ ကျပ်သိန်း တစ်ထောင်အထိ ၂၀ ရာခိုင်နှုန်း နှင့် ကျပ်သိန်းတစ်ထောင်အထက် ကို၃၀ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန် ဒေါက်တာဝင်းမြင့်
ကတင်ပြခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဝင်းမြင့်၏ တင်ပြမှုအတိုင်း ကောက်ခံသင့်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုပေးနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးခဲ့သည်။

Credit: 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service