ဒဂုံတောင်အငှားအိမ်ရာစီမံကိန်းသစ်များတွင် နေရာချထားပေးရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
1362 Views

ဒဂုံတောင်အငှားအိမ်ရာစီမံကိန်းသစ်များတွင် နေရာချထားပေးရန် စီစဉ်နေ

အိမ်ရာပိုင်ဆိုင်ရန် အခက်အခဲရှိသည့်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် လစဉ်
အိမ်လခပေးချေရုံသက်သက်ဖြင့် နေထိုင်နိုင်မည့် အငှားအိမ်ရာစီမံကိန်းများကို
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် တည်ဆောက်နေရာချ ထားပေးရန် စီစဉ်နေကြောင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးဝင်းနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခုလုပ်မယ့် အငှားအိမ်ရာတွေ အားလုံး က အရင် 'ဖဆပလ' အိမ်ရာ ပုံစံအတိုင်းအငှား
ချပေးမှာပါ။ အခုမှ လုပ်နေဆဲကာလဖြစ်လို့ ဘယ်လောက်နဲ့ ငှားမယ်ဆိုတာရယ်၊ ဘယ်လိုပုံစံနဲ့
ချပေးမယ်ဆိုတာ သေချာပြောလို့ မရပါ ဘူး။ အငှားအိမ်ရာ ဖြစ်လို့ ပြန်ရောင်းခွင့်မရှိသလို
နောက်လူကိုလည်း လွှဲလို့မရပါဘူး။ အခု ဒဂုံတောင်မှာ ဆောက်မယ့် အငှားအိမ်ရာမှာ
နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို နေရာချ ထားပေးမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ငှားရမ်းမှုနှုန်းထားများနှင့် မည်သူ့ကို ဦးစား ပေးမည်စသည်တို့ကိုမူ မူဝါဒရေးဆွဲနေဆဲ ဖြစ်သည်။
"ရွှေလင်ပန်းလိုပဲ မဲနှိုက်ပြီး အငှားအိမ်ရာ ကိုချပေးမယ်လို့ ထင်ပါတယ်။ အိမ်လခ အပြင် ပြုပြင်
ထိန်းသိမ်းစရိတ်နှစ်ခုစလုံးကို လစဉ်ပေးချေရမှာဖြစ်ပါတယ်။ အိမ်လခက တိုက်ဆောက်ထားလို့
ကုန်သွားတဲ့ အစိုးရ ဘတ်ဂျက်ထဲကို ပြန်ရောက်သွားမှာ ဖြစ်တယ်။ ပြင်ဆင်ထိန်းသိမ်းစရိတ်ကရတဲ့
ငွေတွေကို အိမ်ရာသာယာရေး ကော်မတီကသုံးပြီး ထိန်း သိမ်းမယ့် မူနဲ့သွားမှာဖြစ်တယ်။ ငွေကို
အစိုးရ က စိုက်ထုတ်ပေးထားရတယ်။ အငှားအိမ်ရာ တွေက ငွေစိုက်ထုတ်ရလို့ အစိုးရကပဲ လုပ်
နိုင်တဲ့ လုပ်ငန်းဖြစ်တယ်။ စီမံကိန်းလုပ်ငန်း တွေကို စပြီး လုပ်နေကြပါပြီ" ဟု ၎င်းက ပြောသည်။

ရန်ကုန်-မန္တလေး အမှတ် ၂ အဝေးပြေးလမ်းမကြီးနံဘေး ၊ ရွာသာကြီးကျေးရွာအနီး ၊ ဒဂုံ
အရှေ့စက်မှုဇုန်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် မြေ ၁၄ ဧကကျယ်ဝန်းသည့် နိုင်ငံပိုင်
မြေနေရာပေါ်တွင် အငှားအိမ်ရာသစ်များကို ဆောက်လုပ်နေခြင်းဖြစ်သည်။ ထွက်ရှိလာ
သည့်တိုက်ခန်းများကို မရောင်းဘဲ ငှားရမ်းခြင်း သက်သက်သာလုပ်ဆောင်သွားမည်ဖြစ်
သည်။ ငှားရမ်းခနှုန်းထားများ၊ အိမ်ရာစည်းမျဉ်း စည်းကမ်းများကိုလည်း တင်းတင်းကျပ်
ကျပ်ဖြင့် ကိုင်တွယ်သွားနိုင်ရန် ပြင်ဆင်လုပ်ဆောင် နေကြောင်း ဦးဝင်းနိုင်က ပြောသည်။

အငှားအိမ်ရာများ ဖော်ဆောင်နိုင်ရန် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော် သမ္မတက
ကျပ် ၄၆ ဘီလျံ ချထားပေးခဲ့ရာ အိမ်ရာလိုအပ်ချက်အများဆုံးရှိနေသည့် ရန်ကုန်တိုင်းဒေသကြီး
အတွက် ကျပ်ဘီလျံ ၂၀ ရရှိထားပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရရှိထားသည့်
အဆိုပါကျပ် ၂၀ ဘီလျံဖြင့် ဒဂုံအရှေ့စက်မှုဇုန်နှင့် မျက်နှာချင်း ဆိုင်ရှိ (ဒဂုံမြို့သစ်တောင်ပိုင်း
အတွင်းပါဝင် သော) အငှားအိမ်ရာတိုက်ခန်းများကို အကောင်အထည်ဖော် ဆောက်လုပ်နေခြင်း
ဖြစ်သည်။ စီမံကိန်းအတွက် လိုအပ်သည့်အဆောက် အအုံဒီဇိုင်း ၊ အခန်းဖွဲ့စည်းတည်ဆောက်ပုံ၊
ပါဝင်ထည့်သွင်းရမည့် အခြေခံအဆောက် အအုံများ၏ ဒီဇိုင်းပိုင်ဆိုင်ရာ အချက်အလက် များကို
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေးဆွဲတွက်ချက်ပေးပြီး ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူလုပ်ဆောင် နေခြင်း ဖြစ်သည်။

စတုရန်းပေ ၉၀၀ ကျယ်ဝန်းသည့်အခန်း များပါဝင်သည့် လေးခန်းတွဲ ခြောက်ထပ် အဆောက်
အအုံ ရှစ်လုံး၊ စတုရန်းပေ ၆၆၇ပေ အကျယ် အခန်းများပါဝင်သည့် ရှစ်ခန်းတွဲ ခြောက်ထပ်
အဆောက်အအုံ ကိုးလုံး၊ စတုရန်း ပေ ၅၂၂ ပေ အကျယ် ရှစ်ခန်းတွဲ ခြောက်ထပ်အဆောက်
အအုံ ၁၂လုံးဖြစ်ရာ စုစုပေါင်း တိုက် အလုံးရေ ၃၉ လုံးမှ နေအိမ်အခန်းပေါင်း ၁,၂၀၀ ထွက်ရှိ
မည်ဖြစ်သည်။ အိမ်ရာ၏ ဈေး ၀ယ်စင်တာနေရာအတွက်လည်း အခန်း အကျယ်အ၀န်း ၉၆၀
စတုရန်းပေကျယ်ဝန်း သည့် အခန်းပေါင်း ၇၂ ခန်းပါဝင်သည့် ခြောက်ခန်းတွဲ သုံးထပ်အဆောက်
အအုံလေးလုံးပါ တစ်ပါတည်းထည့်သွင်းတည်ဆောက်နေဆဲဖြစ်သည်။

ထို့ပြင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၏ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုဖြင့် ဒဂုံမြို့သစ်
တောင်ပိုင်းမြို့နယ်ရှိ ၁၆၈ ရပ်ကွက်တွင် ဆောက်လုပ်သော အငှားအိမ်ရာကို အနီး ပတ်ဝန်းကျင်ရှိကျူးကျော်နေထိုင်သူများကို ပြန်လည်နေရာချထားပေးရန် စီစဉ်နေကြောင်း
ဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါအိမ်ရာမှာ ခြောက်ခန်းတွဲ တစ်ထပ်တိုက်
၁၅ လုံးဖြစ်ပြီး အခန်းပေါင်း ၉၀ ရရှိမည် ဖြစ်သည်။ မြို့ကြီးများအနှံ့တွင် တည်ဆောက်မည့် အငှားအိမ်ရာများတွင်နေထိုင်လိုသည့် နိုင်ငံဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ
တိုင်းဒေသကြီး အစိုးရအဖွဲ့အသီးသီးထံ သို့ ယင်းအိမ်ရာများတွင် 'နေထိုင်လိုကြောင်း'
လျှောက်ထားရမည်ဖြစ်သည်။ အငှားအိမ်ရာ များတွင် နေထိုင်ခွင့်အတွက်လည်း တန်ဖိုး
မျှတအိမ်ရာစီမံကိန်းများကဲ့သို့ပင် မဲနှိုက် နေရာချသည့် စနစ်ကျင့်သုံးနိုင်ဖွယ်ရှိ ကြောင်း
ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။

Credit: The Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service