ကုန်းတွင်းဆိပ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြည်တွင်းကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် ကုမ္ပဏီတို့ ရရှိ - Property News in Myanmar from iMyanmarHouse.com
1360 Views

ကုန်းတွင်းဆိပ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြည်တွင်းကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် ကုမ္ပဏီတို့ ရရှိ

မြန်မာ့မီးရထားက ရွာသာကြီးနှင့် မြစ်ငယ်တို့တွင် တည်ဆောက်မည့် ကုန်းတွင်းဆိပ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုတို့ ရရှိကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
အဆိုပါ ကုန်းတွင်းဆိပ်လုပ်ငန်း တည်ဆောက်ရန် မြန်မာ့မီးရထားက ရန်ကုန်ရှိ ရွာသာကြီးဘူတာအနီးနှင့် မန္တလေးရှိ မြစ်ငယ်ဘူတာအနီးတို့တွင် လျာထားပြီး လုပ်ငန်းလုပ်ကိုင်ရန် ၂၀၁၄ စက်တင်ဘာတွင် တင်ဒါခေါ်ယူခဲ့ရာ ပဏာမရွေးထားသည့် ပြည်တွင်း၊ပြည်ပကုမ္ပဏီ ၅ ခုအနက် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ Resources Group of Logistics နှင့် စင်ကာပူအခြေစိုက် Kerry Logistics Network တို့ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
ကုန်းတွင်းဆိပ် သယ်ယူပို့ဆောင်ရေးတွင် ယာဉ်ကြောသွားလာရေးနှင့် သက်ဆိုင်ပြီး ကုန်စည်ပစ္စည်းများ သယ်ယူသည့်အခါ ယခင်က ကုန်းလမ်း၊ ရေလမ်းက သယ်ဆောင်ခဲ့ရာ ယခု ရထားဖြင့် အခြေပြုသယ်ယူမည့် ဆိပ်ကမ်းတစ်ခု ဖြစ်သည်။
ကွန်တိန်နာကားများဖြင့် ကုန်စည်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ယာဉ်ကြောကျပ်တည်းမှုကြောင့် ပုံမှန်အချိန်ထက် ပိုမိုကြာမြှင့်၍ လုပ်ငန်းနှောင့်နှေးခြင်းများ ဖြစ်ပေါ်ရာတွင် ကုန်းတွင်းဆိပ်များ တည်ဆောက်၍ ရထားဖြင့် သယ်ယူပို့ဆောင်ပါက ယခင်ထက် ပိုမိုအဆင်ပြေလာနိုင်သည်ဟု မြို့ပြပညာရှင် ဦးဝင်းမြင့်က ဆိုသည်။ ကုန်းတွင်းဆိပ်လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများသည် ရန်ကုန်နှင့် မန္တလေးတွင် ကနဦးတည်ဆောက်မည့် ကုန်းတွင်းဆိပ် ၂ ခုအတွက် ယခုနှစ် ဇန်န၀ါရီမှ ၂၀၁၇ ဒီဇင်ဘာအထိ ၂ နှစ်အတွင်း တည်ဆောက်ရမည်ဖြစ်ပြီး မြန်မာ့မီးရထားက BOT စနစ်ဖြင့် နှစ် ၅၀ မြေငှားရမ်းခွင့် ပြုပေးထားကြောင်း သိရသည်။
‘‘ကုန်းတွင်း ဆိပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရင် ကုန်စည်စီးဆင်းမှုက လျင်မြန်ချောမွေ့လာပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူပြုနိုင်မယ်။ ဒေသတွင်းက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ ဖွံ့ဖြိုးလာပြီး ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာမယ်’’ဟု ကုန်းတွင်းဆိပ်လုပ်ငန်း လုပ်ကိုင်ရန် တင်ဒါအောင်မြင်ခဲ့သည့် Resources Group of Logistics မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လုပ်ငန်းတည်ဆောက်မည့် ကုမ္ပဏီများသည် မြေအသုံးပြုခအနေဖြင့် မြန်မာ့မီးရထားသို့ တစ်ဧကလျှင် အမေရိကန်ဒေါ်လာ ၂ သောင်းကျော် ပေးသွင်းရမည်ဖြစ်ပြီး တစ်နှစ် မြေငှားရမ်းခ တစ်ဧကလျှင် အမေရိကန်ဒေါ်လာ ၅ ထောင့် ၅ ရာ ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်ရှိ ရွာသာကြီးတွင် တည်ဆောက်မည့် ကုန်းတွင်းဆိပ် လုပ်ငန်းအတွက် Kerry Logistics Network ကုမ္ပဏီက မြေဧက ၄၀ နှင့် Resources Group of Logistics ကုမ္ပဏီမှ မြေဧက ၄၀ ရရှိထားပြီး မန္တလေးရှိ မြစ်ငယ်ကုန်းတွင်းဆိပ် လုပ်ငန်းအတွက် Kerry Logistics Network က ၄၂ ဧကကျော်နှင့် Resources Group of Logistics က ၃၂ ဧကကျော် အသီးသီး လုပ်ငန်းလုပ်ကိုင်ခွင့်များ ရရှိထားသည်။

‘‘လက်တွေ့မှာတော့ မစသေးပေမယ့် အခု လမ်းတွေပိတ်နေတာမျိုးမှာ ဆိုရင်တော့ ပိုပြီးတော့ ကောင်းလာနိုင်တယ်။ အရင်က တစ်ညအိပ်ခရီးက အခု လမ်းတွေ ပိတ်တော့ နှစ်ညအိပ်၊ သုံးညအိပ်ခရီး ဖြစ်ရင် ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီကုန်းတွင်း ဆိပ်ကမ်းကနေ ရထားနဲ့ ပို့တော့ ပိုပြီး မြန်မယ်။ ဒါကလည်း သူ့ချည်းပဲ အားကိုးလို့ မရဘူး။
သူနဲ့ဆက်နေတဲ့ လမ်းကြောင်းတွေ လမ်းအနေအထားတွေနဲ့ ဆိုင်တယ်။ ဒီလိုမျိုးစနစ်ကို လုပ်တဲ့အခါမှာ သူတစ်ခုတည်းက လုပ်တာနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်စပ်တဲ့ ဌာနဆိုင်ရာတွေအားလုံး ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာပါ’’ဟု မြို့ပြပညာရှင် ဦးဝင်းမြင့်က ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ရေးနှင့်ပတ်သက်၍ အကြံပြုပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့ရှိ ကုန်းတွင်းဆိပ်များ တည်ဆောက်ပြီးစီးပါက မြန်မာ့မီးရထားက ဆက်လက်၍ မော်လမြိုင်၊ မုံရွာ၊ မူဆယ်၊ တမူး၊ ပဲခူးနှင့် ပြည်မြို့တို့တွင် ကုန်းတွင်းဆိပ် လုပ်ငန်းများကို လာမည့် ၅ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Kerry Logistics Network ကုမ္ပဏီသည် တရုတ်နှင့် အာဆီယံဒေသတစ်လွှားတွင် ကုန်အမှတ်တံဆိပ်ပေါင်း ရာကျော်ကို ဖြတ်သန်းသယ်ယူပို့ဆောင်ဖြန့်ချိပေးနေသည့် စင်ကာပူအခြေစိုက် ကုမ္ပဏီကြီးဖြစ်သည်။

Credit: 7Day News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service