နိုင်ငံရေးရေချိန်နှင့်အတူ စီးမျှောလာမည့်မြန်မာ့အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
1971 Views

နိုင်ငံရေးရေချိန်နှင့်အတူ စီးမျှောလာမည့်မြန်မာ့အိမ်ခြံမြေဈေးကွက်

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုနှင့် စီးပွားရေးတည်ငြိမ်မှုရှိရေးမှာ နိုင်ငံရေးတည်ငြိမ်ရန် များစွာလိုအပ်သည်။ နိုင်ငံရေးကဏ္ဍများမှာလည်း စီးမျှောလိုက်ပါ နေမည်ဖြစ်သည်။

၂၀၁၅ခုနှစ်အတွင်း၌ ဘဏ္ဍငွေကြေးဂယက်ရိုက်ခက်မှုကြောင့် နိုင်ငံအများအစုအကျပ်အတည်းများဖြင့်
ရင်ဆိုင်ခဲ့ရသည်။ တရုတ်ကဲ့သို့ကမ္ဘာစီးပွားရေးတွင် ဒုတိယအင်းအားအကြီးအမားဆုံးနိုင်ငံပင် ကမ္ဘာငွေကြေး ဂယက်ရိုက်ခက်မှုဒဏ် ကို ခံစားခဲ့ရသည်။ တရုတ်နိုင်ငံအနေဖြင့်
စီးပွားရေးပြန်လည် ဦးမော့လာရန် ယခုအချိန်ထိ ကြိုးပမ်းနေရဆဲဖြစ်သည်။

တရုတ်နိုင်ငံ စီးပွားရေးကျဆင်းမှုဂယက်က အာရှနှင့်အာဆီယံဒေသအတွင်း နိုင်ငံများကိုရိုက် ခတ်ခဲ့သည်။ ၂၀၁၅ခုနှစ် ခြောက်လတာကာလအတွင်းကပင် မြန်မာအိမ်ခြံမြေဈေးမှာ
သိသာစွာထိုးဆင်းသွားခဲ့သည်။ ယင်းမှာ တရုပ်၏စီးပွားရေးကျဆင်းမှုနှင့် တိုက်ဆိုင်နေသည်။
မြန်မာနိုင်ငံတွင် အဓိကရင်းနှီးမြှုပ်နှံသူမှာ တရုတ်တို့ဖြစ်ပြီး တရုတ်၏ရင်းနှီးမြှုပ်နှံမှုနှင့်
မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ ဆက်စပ်မှုများရှိနေသည်။ စစ်အစိုးရလက်ထက်တွင်သာမက
လက်ရှိအရပ်သား အစိုးရလက်ထက်တွင်လည်း မြန်မာစီးပွားရေးမှာ တရုတ်ကိုသာ အဓိကတည်ရှိနေရသည်။

သို့သော် မကြာမီကာလတွင် အစိုးရသစ်ပြောင်းလဲ အုပ်ချုပ်တော့မည်ဖြစ်ခြင်းကြောင့် ပြည်ပမှပိတ်ဆို့ထားမှုများမှာ ပြန်လည်ပွင့်လန်းလာတော့မည်ဟု မြန်မာပြည်သူများ ယုံကြည်မျှော်လင့်နေသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြင်ပရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ပြီး
မြန်မာ့စီးပွားပြန်လည်ဦးမော့လာရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းအများမပြားကို
ဖန်တီးပေးလာဖွယ်ရှိနေသည်။ စီးပွားကဏ္ဍဖွံ့ဖြိုးလာသည်နှင့်အမျှ ဇိမ်ခံအိုးအိမ်တိုက်တာများ
ဖန်တီးတည်ဆောက်လာမည်ဖြစ်သည်။ ထိုပြင် စီမံကိန်းသစ်များကလည်း မြောက်မြားစွာပေါ်ထွက်လာမည်။

ဟံသာဝတီလေဆိပ်စီမံကိန်းနှင့် နှစ်ထပ်လမ်းစီမံကိန်းကြောင့် မြေဈေးလှုပ်လာသည်။ ဒလတံတားစီမံကိန်းကြောင့် မြေဈေး၊ အိပ်ဈေးလှုပ်လာသည်။ သို့သော်လက်ရှိကာလမှာ ဝယ်လိုအားမရှိသလို ရောင်းလိုအားလည်းမရှိဘဲ တည်ငြိမ်နေပြီး နိုင်ငံရေးရေချိန်ကို နှစ်ဦးနှစ်ဖက်စလုံးက စောင့်ကြည့်နေကြသည်။ မြောက်ဥက္ကလာနှင့်ဒဂုံမြို့သစ်မြောက်ပိုင်း ဆက်သွယ်သည့် တံတားသစ်စီမံကိန်းကြောင့် ယင်းပတ်ဝန်းကျင်ရှိ မြေကွက်နှင့်အိမ်များမှာ ဈေးခေါ်လာသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှ အိမ်ခြံမြေပွဲစားတစ်ဦးက လက်ရှိကာလတွင် အိမ်ခြံမြေဈေးမြင့်နေသည် ဟုဆိုသော်လည်း ဈေးခေါ်နေခြင်းသာဖြစ်ပြီး ပေါက်ဈေးပေး၍ဝယ်ယူသူမရှိကြောင်း အစိုးရအသစ်ပြောင်းလဲအပြီးတွင် တစ်မျိုးတစ်ဖုံဖြစ်လာဖွယ်ရှိနေကြောင်း ပြောဆိုကျသည်။

လာမည့် ၂၀၁၆ ခုနှစ် မတ်လတွင် အစိုးရသစ်ပြောင်းလဲ အုပ်ချုပ်တော့မည်ဖြစ်သလို ၂၀၁၅ ခုနှစ်ဒီဇင်ဘာ ၉ ရက်နေ့က ဖွင့်လှစ်လိုက်သည့်စတော့အိတ်ချိန်းဈေးကွက်ကလည်း
စတင်အသက်ဝင်လှုပ်ရှားတော့မည်ဖြစ်သည်။ လာမည့်မတ်လတွင် စတော့အိတ်ချိန်းဈေးကွက်
သက်ဝင်လုပ်ရှားလာမှုနှင့်အတူ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအနေဖြင့် အိမ်ခြံမြေဘက်တွင်လည်း
ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာမည်ဖြစ်သည်။ စတော့အိပ်ချိန်းမှာ မျက်မြင်မဟုတ်၍
အိမ်ခြံမြေနှင့်တွဲဖက်လာဖွယ်ရှိနေသည်။

အစိုးရနှင့်ဆက်နွယ်ပတ်သတ်သူများ၊ ခရိုနီများအတွက်အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံခြင်းက
ငွေကြေးခဝါချမှုအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ လတ်တလောကာလတွင် အမြင်းဈေးကိုစောင့်ပြီးရောင်းချရန် ပြင်ဆင်နေသူများအတွက် အမြင့်ဆုံးဈေးနှုန်းကို ပြန်လည်ရရှိရန် ပြင်ဆင်နေသူများအတွက် အမြင့်ဆုံးဈေးနှုန်းကို ပြန်လည်ရရှိရန်မှာ ရာနှုန်းနည်းနေသည်။ ရန်ကုန်မြို့လယ်တွင်ဖွင့်လှစ်ပြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်နေသည့်အေဂျင်စီတစ်ခုမှ မန်နေဂျာတစ်သီးနှင့် ဆုံဖြစ်၍ လက်ရှိအိမ်ခြံမြေဈေးကွက်နှင့် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် အနေအထားများကို တီးခေါက်ကြည်ခဲ့သည်။

သူ၏ပြောပြချက်အရ ယခုဒီဇင်လဘာတတိယဘက်မှစ၍ လုပ်ငန်းအနည်းငယ်လည်ပတ်လာရကြောင်း ရောင်းလိုသူများက လက်ရှိပေါက်ဈေးထက်များစွာဈေးတင်ထားခြင်းကြောင့် ဝယ်ယူရန်စုံစမ်းမေးမြန်းသူများက နောက်တွန့်သွားကြောင်း ရန်ကုန်မြို့လယ် (Downtown)နှင့်နီးသည့် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ သင်္ဃန်းကျွန်းစသည့်မြို့နယ်များတွင် ငါးထောင်အထက် အိမ်ခြံမြေများမှာအရောင်းအဝယ်မဖြစ်ဘဲ ဈေးအနှိမ့်ပိုင်းများသာ အရောင်းအဝယ်ဖြစ်လာကြောင်းနှင့် အထူးသဖြင့်အဌားဈေးကွက်သာ သွက်လက်လာကြောင်း
လက်ရှိအနေအထားကိုပြောပြသည်။

အနာဂတ်အိမ်ခြံမြေဈေးကွက်နှင့် ပတ်သက်၍ ယင်းမန်နေဂျာကအဓိကမှာ နိုင်ငံခြားရင်နှီးမြှုပ်နှံမှု
မည်မျှအထိဝင်လာမည်ဆိုသည်မှာ အဓိကစောင့်ကြည်ရမည်ဖြစ်ပြီး ကွန်ဒိုဥပဒေပေါ်တွင် လည်းများစွာသက်ရောက်မှုရှိ မည်ဖြစ်ကြောင်း လာမည့်၂၀၁၆ခုနှစ်ပထမနှစ်ဝက်တွင် အိမ်ခြံမြေဈေး ပြန်လည်မြင့်တတ်လာနိုင်ဖွယ်ရှိနေသော်လည်း အရမ်းမျှော်လင့်၍ မရကြောင်းသုံးသပ်ထားသည်။

အာဆီယံဒေသတွင် နိုင်ငံဒေသတစ်ချို့ တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် အတူမြန်မာနိုင်ငံတွင်မရှိသေးသည့် ကွန်ဒိုဥပဒေများကြောင့် အိမ်ခြံမြေဈေးသိသာစွာမြင့်တတ်လာနေသည်။ ထိုသို့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အများအပြားဝင်ရောက်လာရန်မှာ နိုင်ငံရေးတည်ငြိမ်မှုရှိရန် များစွာအရေးကြီးသည်။ လက်ရှိအရပ်သား အစိုးရအလွန် ဒီမိုကရေစီအကူးအပြောင်းကာလတွင် နိုင်ငံရေးတည်ငြိမ်မှုရှိရန် ဂရုစိုက်ရဦးမည်ဖြစ်သည်။

အစိုးရအသစ်ကိုလိုလားသူများအများစုဖြစ်သော်လည်း မလိုလားသူများ၏ အဖျက်အနှောင့်များ ကရှိနေဦးမည်ဖြစ်သည်။ ယင်းကို အစိုးရသစ်အနေဖြင့် လိမ္မာပါးနပ်စွာကိုင်တွယ်တတ်ဖို့ လိုအပ်သည်။ အစိုးရသစ်လက်ထက်တွင် စီးပွားရေး၊ ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍများကို အဓိကဦးစားပေးကိုကိုင်တွယ်လာမည်ဟု ယုံကြည်ရသည်။

စတော့အိပ်ချိန်းဈေးကွက်မှာလည်း အလျှင်အမြန်အောင်မြင်ရန်မှာ မလွယ်ကူလှပေ။ လက်တလောကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့်ရေနံနှင့်ဓာတုလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တွင်စတင်မြှုပ်နှံလာကြပြီဖြစ်ကာ လာမည့် ၂၀၁၆ ခုနှစ်မတ်လတွင် စတော့အိပ်ချိန်းဈေးကွက် စတင်လည်ပတ်မှုနှင့်အတူ အိမ်ခြံမြေဈေးကွက်အရွေ့ကို စောင့်ကြည့်ရမည်ဖြစ်သည်။ နိုင်ငံရေးအနှိမ့်အမြင့်ပေါ်မူတည်၍ အိမ်ခြံမြေဈေးကွက်မှာလည်း နိုင်ငံရေးရေချိန်အလိုက် လှုပ်ခတ်လာပေဦး တော့မည်ဖြစ်သည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service