ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်၌ ရုံးခန်းပြုလုပ်ရန်အတွက် ကွန်ဒိုများကိုသာ ငှားရမ်းမှုမြင့်တက်နေပြီး အိမ်ခြံမြေ အရောင်းထက် အငှားဘက်တွင် ပိုမိုစိတ်ဝင်စားနေ - Property News in Myanmar from iMyanmarHouse.com
1267 Views

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်၌ ရုံးခန်းပြုလုပ်ရန်အတွက် ကွန်ဒိုများကိုသာ ငှားရမ်းမှုမြင့်တက်နေပြီး အိမ်ခြံမြေ အရောင်းထက် အငှားဘက်တွင် ပိုမိုစိတ်ဝင်စားနေ

ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် အတွင်း၌ ရုံးခန်းပြုလုပ်ရန် အတွက် ကွန်ဒိုများကိုသာ ငှားရမ်းမှု မြင့်တက်လာပြီး အိမ်ခြံမြေ အရောင်းထက် အငှားဘက်တွင် ပိုမိုစိတ်ဝင်စားမှု မြင့်တက်လာကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်း၌ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အိမ်ခြံမြေဈေးကွက် ပြောင်းလဲမှု မြင့်တက်လာနိုင် ကြောင်းကို အိမ်ခြံမြေ ကျွမ်းကျင်သူများမှ သုံးသပ်ထားသော်လည်း ကြီးမားသောပြောင်းလဲမှု မတွေ့ကြောင်း သိရသည်။ ထို့အပြင် အိမ်ခြံမြေ အရောင်းဈေးကွက်ထက်ပင် အိမ်အခန်း အငှားဘက်တွင်သာ ပိုမိုစိတ်ဝင်စားမှု မြင့်တက်ကာ အရောင်းအ၀ယ်မှာ အနည်းငယ်သာဖြစ်ကာ အငှားဈေးကွက် ပိုမိုမြင့်တက်လာကြောင်း သိရသည်။

“လက်ရှိကျွန်တော်တို့ ကောက်ထားတဲ့ စစ်တမ်းအရ အရောင်းထက် အငှားဘက်ကို လူတွေပိုပြီးတော့ စိတ်ဝင်စားတာကို တွေ့ရပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ရင်းနှီးမြုပ်နှံဖို့လာတဲ့ ကုမ္ပဏီအများစုကလည်း ခြံဝင်းတွေနဲ့ အိမ်တွေထက် တိုက်ခန်း၊ ကွန်ဒိုတွေ ကိုပိုပြီးတော့ ငှားရမ်းလာကြပါတယ်။ ကျွန်တော်တို့ ၀က်ဘ်ဆိုက်မှာဆိုရင် ငှားရမ်းဖို့အတွက် အိမ်ခြံမြေပေါင်း သုံးထောင်ကျော်ရှိပြီး စက်ရုံတွေ တည်ဆောက်ဖို့ အတွက် မြေကွက်လပ်တွေ ရှိပါတယ်။ ပြီးတော့ ရုံးခန်းအတွက် တစ်လကို ကျပ်ရှစ်သိန်းနှင့် ၁၅ သိန်း ၀န်းကျင် အခန်းတွေက ပိုပြီးတော့ အငှားသွက်နေပါတယ်” ဟု Mr.Elijah Htangu က ပြောကြားသည်။

ရန်ကုန်တွင်၂၀၁၄၊ ၂၀၁၅ ခုနှစ် အတွင်း ၌ တန်ဖိုးနည်းအိမ်ရာ များစွာထွက်ပေါ် လာသော်လည်း လူနေထူထပ်သည့် စမ်းချောင်း၊ မြေနီးကုန်း၊ လှည်းတန်း၊ လသာတို့တွင် အိမ်ခြံမြေ အငှားဈေးနှုန်း လျှော့ကျခြင်း မရှိဘဲ ဈေးနှုန်းအတက်ဘက်သို့ ဦးတည်နေပြီး အဆိုပါ မြို့နယ်များ အတွင်းရှိ အဆောင်ဈေးနှုန်းများပင် အနည်းဆုံး ကျပ် ၃၅၀၀၀ မှ အမြင့်ဆုံးကျပ် ၅၀၀၀၀ ထိရှိကြောင်း သိရသည်။

“စမ်းချောင်းဘက်နဲ့ ကမာရွက်ဘက်တွေမှာ အိမ်အငှားတွေက ပိုများတယ်။ အ၀ယ်ကျတော့ တောင်ဒဂုံနဲ့ မြောက်ဥက္ကလာဘက်တွေ ပိုများတယ်။ ဒီနှစ်ထဲမှာဆို အရောင်းထက် အငှားဘက်ကိုပိုပြီးတော့စိတ်ဝင်စားကြတယ်။ ရောင်းချင်တဲ့သူတွေ များနေပြီး ချက်ချင်းရောင်းလို့ အဆင်မပြေတဲ့ အိမ်တွေဆို အိမ်ငှားထားရတာတွေ ရှိပါတယ်။ အငှားဈေးတွေကတော့ ကျပ်တစ်သိန်းခွဲကနေ ကျပ်နှစ်သိန်းကြား ရှိပါတယ်။ ၁၅ ပေ၊ ပေ ၆၀ အခန်းတွေကို ပိုပြီးတော့ လူကြိုက်များပါတယ်။ ရုံးခန်းလုပ်ဖို့အတွက် ကွန်ဒိုတွေငှားလာ ကြပေမယ့် အသေးစားနဲ့ အလတ်စား အိမ်ခံမြေဈေးကွက် အတွင်းမှာတော့ တိုက်ခန်းတွေကိုပဲ အများဆုံးငှားရမ်း လာကြပါတယ်” ဟု အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသူ မ၀ါဝါကျော်က ဆိုသည်။

ရန်ကုန်မြို့အတွင်း၌ ၂၀၁၄ ခုနှစ်မှ စတင် ကာအိမ်ခြံမြေ အရောင်ဈေးနှုန်း၊ အငှားဈေးနှုန်းများ မြင့်တက်လာပြီး လက်ရှိရန်ကုန်မြို့၏ အိမ်ငှားဈေးနှုန်းမှာ ပိုမိုမြင့်တက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ၏ ပြောကြားချက်အရ သိရသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် အတွင်း၌ အငှားဈေးကွက်ပင်ဆက်လက်မြင့်တက်လာနိုင်မည်
ဖြစ်ကြောင်းအိမ်ခြံမြေကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service