တိုက်ခန်းနှင့် မြေကွက်ရရှိရန် ရန်ကုန်တိုင်းအစိုးရရုံးတွင် ပင်စင်စားများ တိုးဝှေ့နေ - Property News in Myanmar from iMyanmarHouse.com
1715 Views

တိုက်ခန်းနှင့် မြေကွက်ရရှိရန် ရန်ကုန်တိုင်းအစိုးရရုံးတွင် ပင်စင်စားများ တိုးဝှေ့နေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဂိတ်အမှတ် (၄) အတွင်းနှင့် အပြင်၌ ယနေ့ နံနက်ပိုင်းမှ စတင် ကာ တိုက်ခန်းနှင့် မြေကွက်ရရှိရန် လာရောက်လျှောက်ထားသူ ပင်စင်စား ငါးရာဦးကျော် တိုးဝှေ့ စီတန်းလျှက်ရှိနေသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးက တိုက်ခန်းနှင့် မြေကွက်လျှောက်ရမည့် လျှောက်လွှာတစ်စောင်လျှင် တစ်ထောင်ကျပ်ဖြင့် ရောင်းချပေးပြီး၊ လိုအပ်သည့်စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာတင် ရမည့်နေရာတွင် တိုးဝှေ့စီတန်းနေကြခြင်းဖြစ်သည်။

လုပ်သက်ပြည့်ပင်စင်စား စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးပြည့်စုံက ''ဦးတို့ဒီနေ့ အင်တာနက်မှာ တွေ့လို့လာလျှောက်တာ၊ ဒီနေ့နောက်ဆုံးလျှောက်လွှာတင်ရမယ်ပြောတယ်။ ဘယ်သူကပေးတာလဲ မသိဘူး။ ဘယ်မှာနေရာချထားပေးမလဲမသိဘူး။ မြေကွက်လိုချင်လို့လာလျှောက်ရတာပါ'' ဟု လျှောက်လွှာပုံစံဖြည့်စွပ်နေရင်းမှ မဇ္ဈိမသို့ ပြောသည်။

အငြိမ်းစားဆရာမတစ်ဦးကလည်း ယခုကဲ့သို့ တိုက်ခန်း၊ မြေကွက်ပေးသည်ကို ကြိုတင် အကြောင်းကြားခြင်း မရှိကြောင်း၊ မိမိအလုပ်လုပ်ခဲ့သည့်ဌာနမှတဆင့်သော်လည်းကောင်း ပင်စင်ရုံးမှတဆင့်သော်လည်းကောင်း အသိပေးခဲ့လျှင် ယခုလို တိုးဝှေ့နေစရာလိုမည်မဟုတ်ဟု ဆိုသည်။

တိုက်ခန်းလျှောက်လွှာပုံစံတွင် ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာဟု ရေးထားပြီး မြေကွက်လျှောက်လွှာ ပုံစံတွင် မည်သည့်နေရာ၌ ချထားပေးမည်ကို မရေးထားပေ။

တပ်မတော် (ရေ) မှ တပ်ကြပ်ရာထူးဖြင့် ပင်စင်ယူခဲ့သည့် အမျိုးသားကြီးတစ်ဦးက ''မြေကွက်က ဒဂုံ အရှေ့ပိုင်းမှာ ပေးမယ်ကြားတယ်။ ကုမ္ပဏီက ပေးမှာလား၊ နိုင်ငံတော်က ပေးမှာလားတော့မသိဘူး။'' ဟု ပြောကြားသည်။

တိုက်ခန်းနှင့် မြေကွက် လျှောက်ထားသူသည် ကိုယ်တိုင်ရေးလျှောက်လွှာတစ်စောင်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ပင်စင်စာအုပ်( E Card )၊ အငြိမ်းစားခွင့်ပြုမိန့် ရေး ၄၆ (တပ်ထွက်စာအုပ်) တို့ယူဆောင်လာရမည်ဖြစ်သည်။

တိုက်ခန်းနှင့် မြေကွက်ချထားပေးမှုမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပေးခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၂၂) ရက်မှာ နောက်ဆုံးရက်ဖြစ်သော်လည်း မည်သည့်နေ့က စတင်ကြေညာခဲ့သည်ကို မသိကြောင်း တန်းစီနေသည့် လူအုပ်ကြီးအား ထိန်းသိမ်းပေးနေသည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ဂိတ်အမှတ်(၄) တွင်တာဝန်ကျသည့် ရဲဝန်ထမ်းတစ်ဦးကမှု ''လျှောက်လွှာ ပုံစံ လာတင်နေကြတာတော့ တစ်လလောက်ရှိပြီ၊ လူတွေမသိကြလို့ဖြစ်မယ်။ ဒီနေ့နောက်ဆုံးနေ့ ဆိုတော့ လူအုပ်ကြီးက ဒီလောက်များသွားတာ'' ဟုဆိုသည်။

Credit : Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service