တိုက်ခန်းနှင့် မြေကွက်ရရှိရန် ရန်ကုန်တိုင်းအစိုးရရုံးတွင် ပင်စင်စားများ တိုးဝှေ့နေ - Property News in Myanmar from iMyanmarHouse.com
2630 Views

တိုက်ခန်းနှင့် မြေကွက်ရရှိရန် ရန်ကုန်တိုင်းအစိုးရရုံးတွင် ပင်စင်စားများ တိုးဝှေ့နေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဂိတ်အမှတ်(၄) အတွင်းနှင့် အပြင်၌ ယနေ့ နံနက်ပိုင်းမှ စတင်ကာ တိုက်ခန်းနှင့် မြေကွက်ရရှိရန် လာရောက်လျှောက်ထားသူ ပင်စင်စား ၅ ရာဦးကျော် တိုးဝှေ့ စီတန်းလျှက်ရှိနေသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးက တိုက်ခန်းနှင့် မြေကွက်လျှောက်ရမည့် လျှောက်လွှာတစ်စောင်လျှင် ၁ ထောင်ကျပ်ဖြင့် ရောင်းချပေးပြီး၊ လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာတင်ရမည့်နေရာတွင် တိုးဝှေ့စီတန်းနေကြခြင်း ဖြစ်သည်။

လုပ်သက်ပြည့် ပင်စင်စား စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးပြည့်စုံက ''ဦးတို့ ဒီနေ့ အင်တာနက်မှာတွေ့လို့ လာလျှောက်တာ၊ ဒီနေ့နောက်ဆုံး လျှောက်လွှာတင်ရမယ် ပြောတယ်။ ဘယ်သူကပေးတာလဲ မသိဘူး။ ဘယ်မှာနေရာချထားပေးမလဲ မသိဘူး။ မြေကွက်လိုချင်လို့ လာလျှောက်ရတာပါ'' ဟု လျှောက်လွှာပုံစံဖြည့်စွက်နေရင်းမှ မဇ္ဈိမသို့ ပြောသည်။

အငြိမ်းစားဆရာမတစ်ဦးကလည်း ယခုကဲ့သို့ တိုက်ခန်း၊ မြေကွက်ပေးသည်ကို ကြိုတင် အကြောင်းကြားခြင်း မရှိကြောင်း၊ မိမိအလုပ်လုပ်ခဲ့သည့်ဌာနမှ တဆင့်သော်လည်းကောင်း၊ ပင်စင်ရုံးမှ တဆင့်သော်လည်းကောင်း အသိပေးခဲ့လျှင် ယခုလို တိုးဝှေ့နေစရာလိုမည်မဟုတ်ဟု ဆိုသည်။
တိုက်ခန်းလျှောက်လွှာပုံစံတွင် ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာဟု ရေးထားပြီး မြေကွက်လျှောက်လွှာ ပုံစံတွင် မည်သည့်နေရာ၌ ချထားပေးမည်ကို မရေးထားပေ။

တပ်မတော် (ရေ)မှ တပ်ကြပ်ရာထူးဖြင့် ပင်စင်ယူခဲ့သည့် အမျိုးသားကြီးတစ်ဦးက ''မြေကွက်က ဒဂုံ အရှေ့ပိုင်းမှာ ပေးမယ်ကြားတယ်။ ကုမ္ပဏီက ပေးမှာလား၊ နိုင်ငံတော်က ပေးမှာလားတော့ မသိဘူး။'' ဟု ပြောကြားသည်။
တိုက်ခန်းနှင့် မြေကွက် လျှောက်ထားသူသည် ကိုယ်တိုင်ရေးလျှောက်လွှာတစ်စောင်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ပင်စင်စာအုပ်( E Card )၊ အငြိမ်းစားခွင့်ပြုမိန့် ရေး ၄၆ (တပ်ထွက်စာအုပ်)တို့ ယူဆောင်လာရမည် ဖြစ်သည်။

တိုက်ခန်းနှင့် မြေကွက်ချထားပေးမှုမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပေးခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၂၂) ရက်မှာ နောက်ဆုံးရက်ဖြစ်သော်လည်း မည်သည့်နေ့က စတင်ကြေညာခဲ့သည်ကို မသိကြောင်း တန်းစီနေသည့် လူအုပ်ကြီးအား ထိန်းသိမ်းပေးနေသည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ဂိတ်အမှတ်(၄)တွင် တာဝန်ကျသည့် ရဲဝန်ထမ်းတစ်ဦးကမှု ''လျှောက်လွှာပုံစံ လာတင်နေကြတာတော့ တစ်လလောက် ရှိပြီ၊ လူတွေမသိကြလို့ ဖြစ်မယ်။ ဒီနေ့နောက်ဆုံးနေ့ ဆိုတော့ လူအုပ်ကြီးက ဒီလောက်များသွားတာ'' ဟု ဆိုသည်။

Credit: Mizzima News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service