ကမ္ဘာပေါ်မှာ ဈေးဝယ် ထွက်လို့ အကောင်းဆုံးက နယူးယောက်မြို့ - Property News in Myanmar from iMyanmarHouse.com
956 Views

ကမ္ဘာပေါ်မှာ ဈေးဝယ် ထွက်လို့ အကောင်းဆုံးက နယူးယောက်မြို့

ခရစ္စမတ် ရောက်ဖို့ တစ်ပတ်လောက်သာ လိုတော့သည်။ ကမ္ဘာတစ်ဝန်း မြို့တိုင်းက ဆိုင်များ ခရစ္စမတ် အားလပ်ရက် အလွန် ရောင်းရသည့် ကာလ အတွက် ပြင်ဆင် နေကြပြီ။ ခရစ္စမတ် အားလပ်ရက် ဈေးဝယ်ကာလမှာ ဆိုင်တွေကလည်း အပြိုင်အဆိုင် ဒစ္စကောင့်တွေချ၊ ပရိုမိုးရှင်းတွေ လုပ်ပြီး ရောင်းချကြသည်ဖြစ်ရာ မြို့ထဲ ဆိုင်တကာ ပတ်ပြီး ၀ယ်တတ်လျှင် ၀ယ်တတ် သလောက် ပစ္စည်းတူကိုပင် ဈေးပို ချိုချိုနှင့် ရနိုင်သည်။

ယခုနှစ် အဖို့ ဈေးဝယ် ထွက်လို့ အကောင်းဆုံး၊ ပစ္စည်း ရှာဝယ်လို့ အကောင်းဆုံးမြို့ အဖြစ် နယူးယောက် စီးတီးက ရွေးချယ် ခံရသည်။ သို့သော် ဘာလင်၊ ပါရီ၊ ကွာလာလမ်ပူ၊ အစ္စတန်ဘူလ်တို့သည်လည်း နယူးယောက်နဲ့ သိပ်မကွာဘဲ ကပ်လိုက် နေကြသည်ကိုလည်း သတိပြုရမည်။

ခရီးသွား ၀န်ဆောင်မှုလုပ်ငန်း Expedia ၀ဘ်ဆိုက်တွင် နိုင်ငံတကာ ခရီးသွားများ မဲပေး ရွေးချယ်မှုအရ နယူးယောက်သည် ယခုနှစ် အဖို့ အားလပ်ရက် ကာလ ဈေးဝယ်လို့ အကောင်းဆုံးမြို့ အဖြစ် သတ်မှတ် ခံရသည်။

မက်ဒရစ်မြို့က ဈေးဆိုင်များသည်လည်း ဈေးဝယ်လို့ ကောင်းသည့် စာရင်းတွင် ပါသလို၊ ဘန်ကောက်က အမယ်စုံ အမျိုးစုံသော ဈေးဆိုင်များသည်လည်း လှည့်ပတ်လေ့လာ ၀ယ်တတ်လျှင် ၀ယ်တတ်သလောက် ပစ္စည်းတူကို ပိုဈေးချိုချို ရနိုင်သော နေရာများထဲတွင် ပါဝင်သည်။

စတိုင်ကျကျ မြင့်မြင့်မားမား ဈေးဝယ်ထွက်မည့် သူများကို ဒူဘိုင်း စူပါ ရှောပင်း စင်တာကြီးတွေက ကြိုဆိုနေသည်။ မဲလ်ဘုန်း၊ ကိပ်တောင်း၊ ဘူချာရတ်မြို့များသည်လည်း အားလပ်ရက် ဈေးဝယ် ထွက်မည့် သူများ အဖို့ အံ့သြစရာများ အပြည့်နဲ့ စောင့်ကြို နေလိမ့်မည်။

Expedia ၏ ဈေးဝယ်လို့ အကောင်းဆုံး မြို့ကြီး (၂၅) မြို့

၁။ နယူးယောက် စီးတီး

၂။ ဘာလင်

၃။ လော့စ်အိန်ဂျလိ

၎။ လန်ဒန်

၅။ ကွာလာလမ်ပူ

၆။ တိုကျို

၇။ စင်ကာပူ

၈။ အစ်္စတန်ဘူလ်

၉။ ပါရီ

၁၀။ မက်ဒရစ်

၁၁။ ဆော်ပေါလို

၁၂။ ဘန်ကောက်

၁၃။ ဆန်ဖရန်စစ္စကို

၁၄။ ဒူဘိုင်း

၁၅။ မီလန်

၁၆။ ရောမ

၁၇။ ဟောင်ကောင်

၁၈။ ဆိုးလ်

၁၉။ မာရာကတ်

၂၀။ အက်ဒင်ဘရာ

၂၁။ မဲလ်ဘုန်း

၂၂။ ဗီယင်နာ

၂၃။ ကိပ်တောင်း

၂၄။ အမ်စတာဒမ်

၂၅။ ဘူချာရတ်

Credit: Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service