ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ဆောက်လုပ်မှု တစ်လလျှင် ပျမ်းမျှအလုံး ၂၀၀ ခန့် လျော့ကျသွားဟု သိရ - Property News in Myanmar from iMyanmarHouse.com
1080 Views

ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ဆောက်လုပ်မှု တစ်လလျှင် ပျမ်းမျှအလုံး ၂၀၀ ခန့် လျော့ကျသွားဟု သိရ

ပြီးခဲ့သည့် နိုဝင်ဘာနှင့် လက်ရှိ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ဆောက်လုပ်မှု အရေအတွက် လျော့ကျသွားပြီး ယခင်ထက် တစ်လလျှင် ပျမ်းမျှအလုံး ၂၀၀ ခန့် လျော့ကျသွားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၌ ယခုနှစ်အတွင်း အဆောက်အအုံ ဆောက်လုပ်မှု တစ်လလျှင် ပျမ်းမျှ အလုံး ၆၀၀ ခန့် ဆောက်လုပ်ခဲ့ရာမှ အလုံးရေ ၄၀၀ ကျော်အထိ လျော့ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်လအတွင်းမှာ အဆောက်အအုံ ဆောက်လုပ်မှု လျော့သွားတယ်။ ပုံမှန်အလုံး ၆၀၀ လောက်ခွင့် ပြုရာကနေ ဒီလတွေအတွင်း လျော့သွားတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာက ၄၀၀ လောက်ပဲ ဆောက်လုပ်ခွင့် ပြုခဲ့တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဘာအကြောင်းကြောင့် ကျသွားလဲတော့ သေချာမသိဘူး။ ဒါပေမဲ့ ကျတာတော့ ကျသွားတယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

ယခုနှစ်အတွင်း ဆောက်လက်စ တိုက်ခန်းအရောင်းအ၀ယ် ဈေးကွက်မှာ သိသာစွာ ကျဆင်းခဲ့ပြီး ၀ယ်ယူမည့်သူပင် မရှိတော့သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။

ထိုကဲ့သို့ အထပ်မြင့် အထပ်နိမ့် ဆောက်လုပ်မှုလျော့ကျသွားခြင်းမှာ ဈေးကွက်အတွင်း တိုက်ခန်းအ၀ယ် အေးနေခြင်းနှင့် သက်ဆိုင်နေကြောင်း၊ စီမံကိန်းအသစ်များ ထပ်မံဆောက်လုပ်ခြင်းကို ထိန်းနေရကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုမျိုးမြင့်က ပြောကြားသည်။

“တိုက်ခန်းဈေးကွက် တော်တော်ကို အေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ကတော့ ဆောက်နေတာပဲ။ ထိန်းတော့ ထိန်းရတာပေါ့။ အရင်လို ၀ုန်းဒိုင်းကြဲ မဆောက်ရဲတော့ဘူး။ အခုက ဆောက်လုပ်ရေးထဲကို ပေါ်ပင်ဝင်လာတဲ့ သူတွေကတော့ ဈေးကွက် အနေအထားအရ စီမံကိန်းအသစ်တွေ ထပ်မဆောက်တော့ဘူး။ နောက်တစ်နှစ်ခွဲလောက် ဆိုရင်တော့ အစိုးရ အပြောင်းအလဲနဲ့ ပြည်ပကလည်း ၀င်လာမယ်ဆိုရင် လိုအပ်ချက်မြင့်မားပြီး ဈေးကွက်ပြန်ကောင်း လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ကိုမျိုးမြင့်က သုံးသပ်ပြောကြားသည်။

ဈေးကွက်အေးနေမှုနှင့်အတူ တိုက်ခန်းဈေးများလည်း ကျဆင်းနေကြောင်း၊ သို့သော် သိသိသာသာ ကျဆင်းမှုမျိုး မဟုတ်ကြောင်း ကိုမျိုးမြင့်က ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ ရန်ကုန်မြို့၌ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ အရေအတွက် ၄၃၂၉ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ရာမှ ယခု ၂၁၁၅ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လကုန်အထိ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ စုစုပေါင်း ၄၈၅၃ လုံး ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းကြောင့် အဆောက်အအုံ ဆောက်လုပ်မှု လျော့ကျသွားခြင်း မရှိခဲ့ကြောင်း စည်ပင်က ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိနှစ်ကုန်ပိုင်းမှ ဆောက်လုပ်မှုများ ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခန်းဈေးကွက် အေးနေခြင်းကြောင့် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များလည်း ဆောက်လုပ်မှု ကျဆင်းသွားခဲ့ကြောင်း၊ အလားတူ အချို့တိုက်ခန်းများ ပြီးစီးအောင် ဆောက်လုပ်ခြင်းမရှိဘဲ ကန်ထရိုက် ထွက်ပြေးသွားမှုများလည်း ရှိနေပြီး ယင်းသို့ ထွက်ပြေးသွားသည့် ကန်ထရိုက်များအား စတင်တရား စွဲဆိုနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။

Credit: Eleven Media

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service