ဒဂုံမြို့သစ်တောင်ပိုင်းတွင် တည်ဆောက်မည့် အခန်းပေါင်း ၁၂၀၀ ပါဝင်သော အငှားအိမ်ရာအား တစ်လတစ်ခါ အိမ်ငှားခပေးသွင်းစေကာ သင့်တင့်သောနှုန်းထားဖြင့် ငှားရမ်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1445 Views

ဒဂုံမြို့သစ်တောင်ပိုင်းတွင် တည်ဆောက်မည့် အခန်းပေါင်း ၁၂၀၀ ပါဝင်သော အငှားအိမ်ရာအား တစ်လတစ်ခါ အိမ်ငှားခပေးသွင်းစေကာ သင့်တင့်သောနှုန်းထားဖြင့် ငှားရမ်းမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၂ )လမ်းမကြီးနှင့် မဟာဗန္ဓုလမ်းထောင့်တွင် အကောင်အထည်ဖော်မည့် အခန်းပေါင်း ၁၂၀၀ ပါဝင် သော အငှားအိမ်ရာစီမံကိန်းအား တစ်လတစ်ခါ အိမ်ငှားခပေးသွင်းသည့် စနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါအိမ်ရာအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြေ ၁၂ ဒသမ ၅၃၄ ဧကတွင် မကြာမီ စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းအိမ်ရာငှာရမ်းရာတွင် စည်းကမ်းသတ်မှတ်ချက်များဖြင့် ငှာရမ်းမည်ဖြစ်ပြီး အိမ်ရာမ၀ယ်နိုင်သူများအတွက် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် အမှန်တကယ်အိမ်ရာ မ၀ယ်နိုင်ကြောင်း ထောက်ခံပေးသူများကိုသာ ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားသည်။

မည်သည့်ဈေးနှုန်းဖြင့် ငှားရမ်းမည်ဆိုသည်ကို ဆွေးနွေးနေပြီး သင့်တင့်သောဈေးနှုန်းဖြင့် ငှားရမ်းပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆိုသည်။

ယင်းအိမ်ရာကို လက်ရှိ ၂၀၁ ၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း လျှောက်လွှာများ ၀ယ်ယူလျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာရှိ အခန်းပေါင်း ၁၂၀၀ ခန်းတွင် တစ်ခန်းလျှင် အိပ်ခန်းတစ်ခု၊ အိမ်သာရေချိုးခန်းများ ပါဝင်မည်ဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေ ရှိမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာတင်ထားသည့် အခန်းအရေအတွက်များပါက မဲစနစ်ဖြင့် ချထားပေးမည်ဖြစ်ကြောင်း၊ အဆိုပါအိမ်ရာ လျှောက်သူများအနေဖြင့် အိမ်ရာပိုင်ဆိုင်မှုမရှိကြောင်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ် ၂၀ ဘီလျံ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သို့ နယ်မှပြောင်းရွှေ့အခြေချလာသူဦးရေ မြင့်တက်လာပြီး မြင့်မားလာသည့် အိမ်ခြံမြေဈေးနှုန်းများကြောင့် အိမ်ပိုင်ရန် များစွာအလှမ်းဝေးနေကြောင်း၊ ထို့ပြင် ၀င်ငွေနည်းပြည်သူများအတွက် ရည်ရွယ်သည်ဟုဆိုသော တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများသည်လည်း အနည်းဆုံးကျပ်သိန်း ၁၁၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်အထိ ရှိနေသဖြင့် အခြေခံပြည်သူများ ၀ယ်ယူရန် မတတ်နိုင်ပေ။

သို့ဖြစ်ရာ အိမ်ဝယ်ရန်မတတ်နိုင်သူများအတွက် အငှားအိမ်ရာများ ဖော်ဆောင်၍ အငှားချထားပေးရန် ပြီးခဲ့သည့်နှစ်များက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ်အချို့က တင်ပြမှုများရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင်မှ စတင်အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုဖော်ဆောင်မည့် အခန်းအရေအတွက်မှာ ၁၂၀၀ သာရှိနေသဖြင့်လုံလောက်မှု မရှိနိုင်ဘဲ မဲနှိုက်သည့်စနစ်ဖြင့်သာ သွားရမည့်ပုံစံဖြစ်ကြောင်း သိရသည်။

Credit : Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service