မြို့သစ်စီမံကိန်းခုနစ်ခုအနက် အနောက်တောင်မြို့သစ် စီမံကိန်းကိုသာ လုပ်ဆောင်နိုင်မည့် အခြေအနေရှိနေ - Property News in Myanmar from iMyanmarHouse.com
2016 Views

မြို့သစ်စီမံကိန်းခုနစ်ခုအနက် အနောက်တောင်မြို့သစ် စီမံကိန်းကိုသာ လုပ်ဆောင်နိုင်မည့် အခြေအနေရှိနေ

ရန်ကုန်မြို့တော်၏ မဟာဗျူဟာစီမံကိန်း ၂၀၄၀ တွင် တစ်ခုအပါအ၀င်ဖြစ်သည့် မြို့သစ်
များ ဖော်ဆောင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က မြို့သစ်ခုနှစ်ခု
အကောင်အထည်ဖော်ရန် ယခုနှစ်အတွင်း အတည်ပြုဆုံးဖြတ်ခဲ့ပြီးနောက် ရန်ကုန်
တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက်ဆောင် ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် နှစ်အတွင်း ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့သည့် ကြည့်မြင် တိုင် မြစ်တစ်ဖက်ကမ်းရှိ
မြို့သစ်စီမံကိန်း ကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့သော်လည်း တိုင်းဒေသကြီးလွှတ်တော်က
အတည် ပြုခဲ့သည့် မြို့သစ်စီမံကိန်းခုနှစ်ခုအနက် အနောက်တောင်မြို့သစ်စီမံကိန်းအဖြစ်
ပြန်လည်ပါဝင်ခဲ့သည်။

အဆိုပါ အနောက်တောင်မြို့သစ်စီမံကိန်း အတွက် ပြီးခဲ့သည့် စက်တင်ဘာလတွင်
လုပ်ငန်းလုပ်ကိုင်ရန် တင်ဒါများခေါ်ယူခဲ့ရာ တင်ဒါလျှောက်သူ ကုမ္ပဏီသုံးခုရှိခဲ့ပြီး၊
ယင်း မြို့သစ်စီမံကိန်းမှာ ဆက်လက်လုပ်ဆောင်နိုင်သည့်အခြေအနေရှိသော်လည်း
မြို့သစ်စီမံကိန်းခုနှစ်ခုစလုံးအတွက် လက်ရှိအစိုးရ သက်တမ်း အနည်းငယ်အတွင်း
အကောင်အထည်ဖော်ရန် အခြေအနေမှာ နည်းပါးကြောင်း အကြံပြုလွှာရေးဆွဲပေးခဲ့
သည့် မြို့ပြပညာရှင်များက ပြောသည်။

"ဒီစီမံကိန်းခုနှစ်ခုစလုံးတော့ ဒီအစိုးရ သက်တမ်းကာလမှာ အကောင်အထည်ဖော်
ဖို့ မဖြစ်လောက်တော့ဘူး။ ဒါပေမဲ့ အခု တိုင်း ဒေသကြီးအစိုးရက အနောက်တောင်မြို့သစ်
စီမံကိန်းကို အကောင်အထည်ဖော်ဖို့ တင်ဒါ ခေါ်နေတာတွေရှိတယ်။ တင်ဒါခေါ်ထား
တာဆိုတော့ ဒီအစိုးရက ပြီးပြတ်အောင် လုပ်သွားလောက်တဲ့ အခြေအနေတော့ ရှိနိုင်
တယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့ပြစီမံကိန်းအရာရှိ ဦးတိုးအောင်က
ပြောသည်။ ထိုမြို့သစ်စီမံကိန်းကို ယခုအစိုးရလက်ထက်တွင် အကောင်အထည်မဖော်ဖြစ်ပါက
နောက်ထပ်အစိုးရသစ်လက်ထက်တွင် ဆက် လက် အကောင်အထည်ဖော်ရန် အဆိုပြုသွား
မည်ဖြစ်သည်။

"မြို့သစ်စီမံကိန်းအတွက် စီမံကိန်းအသေးစိတ်ကို ဇွန်လကတည်းက ရေးပြီးသွားပါပြီ။
အကောင်အထည်ဖော်တာ ကတော့ တိုင်းဒေသကြီးအစိုးရအပိုင်းပါ။ မြို့သစ်စီမံကိန်းက လိုအပ်တဲ့စီမံကိန်းတစ်ခု ဖြစ်လို့ နောက်အစိုးရအသစ်လက်ထက်မှာ လည်း အကောင်
အထည်ဖော်ဖို့ ပညာရှင်အနေနဲ့ ကျွန်တော်တို့က အဆိုပြုသွားမှာပါ"ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကမူ အနောက်တောင်မြို့သစ်စီမံကိန်းကို စိစစ်ဆဲ
သာဖြစ်သည်ဟု တင်ဒါစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးကျော်စိုး က ပြောသည်။

"အနောက်တောင်မြို့သစ် စီမံကိန်းက အခုချိန်ထိ စိစစ်ဆဲပါ။ စီမံကိန်း နဲ့ ပတ်သက်ပြီး
ဘာမှအသေးစိတ် မထုတ်ပြန် ရသေးပါဘူး။ အချိန်တန်ရင် အားလုံးကို အသေးစိတ်
ထုတ်ပြန်ပေးသွားမှာပါ" ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါလျှောက်ထားသည့် ကုမ္ပဏီသုံးခုကို
ဒီဇင်ဘာ ၁၀ ရက် နောက်ဆုံးထား တွေ့ဆုံခဲ့ပြီး အစိုးရအဖွဲ့က တာဝန်ရှိသူများ၊
ပညာရှင် များက ကုမ္ပဏီများ၏ အဆိုပြုလွှာအသီးသီး ကို အသေးစိတ်ကို ရှင်းပြကြောင်း
ရန်ကုန်မြို့ အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပိုင်ကုမ္ပဏီက ပြောရေး
ဆိုခွင့်ရှိသူ ဦးတင်စိန်က ပြောသည်။

"အစိုးရအဖွဲ့က ကျွန်တော်တို့ကို ပညာရှင် တွေနဲ့အတူ ခေါ်တွေ့ပါတယ် ပြီးတော့ တင်ဒါ
လျှောက်ထားတဲ့ ကုမ္ပဏီသုံးခုစလုံးကို အဆို ပြုလွှာမှာပါတဲ့ လုပ်ငန်းတွေရဲ့ စီမံချက်ရော
တည်ဆောက်မှုအပိုင်းပါ အသေးစိတ်ကို ပြန်တင်ပြခိုင်းပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့
အသေးစိတ်တင်ပြချက်တွေကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရယ် ပြည်ထောင်စု
လွှတ်တော်ကိုပါ တင်ပြမယ်လို့ ပြောပါတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ အနောက်တောင်မြို့သစ်စီမံကိန်း သည် လက်ရှိအစိုးရလက်တွင် တင်ဒါခေါ်ယူ
ပြီးသည့် အခြေအနေ ဖြစ်သည့်အတွက် စီမံကိန်း စတင်ဆောင်ရွက်နိုင်ခြင်းကို လက်ရှိ
အစိုးရလက်ထက်တွင် မစတင်နိုင်ပါက အစိုးရသစ်သို့ လွှဲပြောင်းကာ ဆက်လက်လုပ်ဆောင်
သင့်သည့် အခြေအနေသာ ဖြစ်ကြောင်း လည်း ဦးတင်စိန်က ပြောသည်။ "တင်ဒါကခေါ်လို့
လျှောက်တဲ့သူတွေက လည်း လျှောက်ပြီးသွားပြီ အဲဒီအတွက် စီမံကိန်းကလည်း ရှိပြီး
သားဖြစ်နေပြီ၊ ဘတ်ဂျက် ကလည်း ရှိပြီးသားဖြစ်တဲ့အတွက် ဒီအစိုးရ လက်ထက်မှာ
မစနိုင်ခဲ့ရင်တောင် နောက် အစိုးရကို လွှဲပြောင်းပြီး ဆက်လုပ်သင့်ပါ တယ်။ အဲဒီလို
မဟုတ်ဘဲ သူတို့လုပ်သွားတဲ့ ကိစ္စ ငါတို့မလုပ်ဘူးဆိုတာမျိုးက အဆင်မပြေပါဘူး။ ဒါက
အစိုးရအဖွဲ့ကလုပ်ခဲ့တာဖြစ်တဲ့အတွက် ဘယ်အစိုးရအဖွဲ့ပဲလာလာ ဆက် လုပ်ရမယ့်ကိစ္စပါ" ဟု
၎င်းကပြောသည်။

ထို့ပြင် တင်ဒါလျှောက်ထားသူများမှာ တင်ဒါ စတင်လျှောက်ထားသည့်အချိန်ကစ၍ အာမခံငွေ
(Deposit) ငွေကျပ် ငါးဘီလျံ ပေးဆောင်ရသည့်အပြင် စီမံကိန်းလုပ်ငန်းမှာ ကြီးမားသည့်
အတွက် ယင်းစီမံကိန်းကို အစိုးရ သစ် တက်လာသည့်အချိန်တွင် ဆက်လက်လုပ်ဆောင်ရန် လွှဲပြောင်းပေးသွားမည်ဟု မျှော်လင့်ကြောင်း ဦးတင်စိန်က ပြောသည်။ အသစ်တက်လာမည့်
အစိုးရသည် လက်ရှိ အစိုးရဖော်ဆောင်ခဲ့သည့် စီမံကိန်းအားလုံး ကို သဘောတူလက်ခံတာ
ဆက်လက်ဆောင် ရွက်နိုင်မည်မဟုတ်ဘဲ လုပ်သင့်လုပ်ထိုက် သည့် စီမံကိန်းများကိုသာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်က
တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။

"ရှေ့အစိုးရလက်ထက်က ဆောင်ရွက်ခဲ့ သမျှ၊ ချမှတ်ခဲ့သမျှ စီမံကိန်းအားလုံးကိုတော့
နောက်အစိုးရလက်ထက်က သဘောတူ လက်ခံပြီး ဆောင်ရွက်မယ်လို့တော့ မထင်ပါဘူး။
အစိုးရသစ်ကလည်း သူတို့အတွေး အခေါ်နဲ့ သူတို့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး တော့မှ
လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ လုပ်မယ်လို့ ထင်တယ်။ နောက်အစိုးကတော့ ပြည်သူတွေရဲ့
အသံ၊ ပညာရှင်တွေရဲ့ အသံကို နားထောင်ပြီး စီမံကိန်းတွေကို အကောင်အထည်ဖော်
ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းကပြောသည်။ အနောက်တောင်မြို့သစ်
စီမံကိန်းမှာ မူ မြေယာပိုင်ဆိုင်မှုများ ရှုပ်ထွေးသည့် အနေ အထားရှိသည့်အတွက်
ယင်းစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန်မှာ မျှော်မှန်းသည်ထက်
မလွယ်ကူနိုင်ကြောင်း လည်း ဒေါ်ညိုညိုသင်းက ပြောသည်။

"ဒီစီမံကိန်းက ပြောသလောက်တော့ လွယ်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနောက်တောင်ပိုင်းမြို့သစ်စီမံကိန်းမှာ မြေပိုင်ဆိုင်မှုတွေက အရမ်းရှုပ်ထွေးပါတယ်။
မေးခွန်းထုတ်စရာတွေလည်း အများကြီးရှိပါ တယ်။ အဲဒီမှာ မြေယာတွေကို ဒီစီမံကိန်းကို
မပိုင် ခင်ကတည်းက ပိုင်တဲ့သူတွေရှိတယ်။ ၀ယ်ထား တဲ့သူတွေရှိတယ်။ အဲဒီတော့
နောက်အစိုးရ လက်ထက်မှာ ဒီစီမံကိန်းကို ဥပဒေနဲ့မညီတာ တွေအားလုံးကို
ဆက်လက်ပြီးတော့ စီစဉ် ဆောင်ရွက်သွားလိမ့်မယ်လို့တော့ ယုံကြည်ထားတာပါပဲ" ဟု
၎င်းက ပြောသည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service