မွန်ပြည်နယ်အတွင်း သိမ်းဆည်းလယ်မြေဧက လေးထောင်ခန့်ကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ပြီးဟုဆို - Property News in Myanmar from iMyanmarHouse.com
695 Views

မွန်ပြည်နယ်အတွင်း သိမ်းဆည်းလယ်မြေဧက လေးထောင်ခန့်ကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ပြီးဟုဆို

မွန်ပြည်နယ်အတွင်း သက်ဆိုင်ရာဌာနများက သိမ်းဆည်းထားသော မြေဧက သုံးထောင်ကျော်ကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးမျိုးညွန့်က ပြောသည်။

ယခင်အစိုးရလက်ထက် တွင် သိမ်းဆည်းထားသော မြေ ယာများနှင့်ပတ်သက်၍ တိုင် ကြားထားသည့် အမှုများအနက် အမှုပေါင်း ၆၈ မှုကို ယခင်အစိုးရ သစ်လက်ထက်၌ ဖြေရှင်းပေးခဲ့ပြီး တောင်သူ ၄၃၄ ဦးထံသို့ မြေယာ၃,၇၆၃ ဒသမ ၁၂ ဧက ပြန်လည် လွှဲပြောင်း ပေးခဲ့ကြောင်း ဦးမျိုးညွန့်က ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြခဲ့သည်။

‘‘ပြည်နယ်တွင်း ၁၀ မြို့နယ် ထဲမှာ အများဆုံးပြန်ပေးလိုက်တာ ရေးမြို့နယ်ကပါ’’ဟု ဦးမျိုးညွန့် က ပြောကြားသည်။

သို့သော် မြေဧက သုံးထောင် ကျော်ကို ပြန်လည်စွန့်လွှတ်ပေး ခဲ့သော်လည်း အစိုးရအဖွဲ့သိမ်း ဆည်းထားသည့် မြေယာဧကများ စွာ ကျန်ရှိနေသေးကြောင်းနှင့် ဧကပေါင်း မည်မျှရှိမည်ကို သက် ဆိုင်ရာဌာနများက ဖော်ပြထားခြင်းမရှိကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က ပြောသည်။

‘‘ကျွန်တော့်မြို့ဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာဆို သူတို့ပြန်ပေးတာ ဧက ၁၅၀ ပဲရှိသေးတယ်။ ပြန် ပေးဖို့ မြေတွေက အများကြီးရှိ သေးတယ်။ မြေပြန်ပေးတယ်ဆို တာ သူတို့သုံးစားလို့မရတဲ့ မြေ တွေကို ပေးတာပါ’’ဟု ဦးစိန်မြင့် က ပြောသည်။

မွန်ပြည်နယ် သက်ဆိုင်ဌာန များမှ ရေး၊ သံဖြူဇရပ်နှင့်၊ ကျိုက် မရောမြို့တွင် မြေနေရာများကို အဓိကသိမ်းယူထားပြီး ၁၉၉၅ မှ ၂၀၁၅ အတွင်း ဆယ်နှစ်တာ အတွင်း သိမ်းယူထားသည့် စာရင်းများအရ ဧကနှစ်သောင်းကျော် ရှိသေးကြောင်း လယ်ယာမြေ ပြဿနာများကို အဓိကဖြေရှင်းပေးနေသည့် မွန်ပြည်နယ် လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှလုပ်ငန်းစီမံကိန်းဒါရိုက်တာ နိုင်ပွန်းမွန်ကဆိုသည်။

‘‘သူတို့ ပြန်ပေးတယ်ဆိုတာ ပွင့်လင်းမြင်သာမှုမရှိဘူး။ ကျွန် တော်တို့အဖွဲ့တောင် မြေကိစ္စ တွေကို အဓိကလိုက်လုပ်နေတာ။ ပြန်ပေးတာ အဲဒီလောက်မရှိသေး ဘူး။ သူပြောထားတဲ့ နေရာမှာ သွားကြည့်ရမယ်’’ဟု ပြောသည်။

မွန်ပြည်နယ်တွင် မြေမဲ့ယာ မဲ့ အိမ်ထောင်စု ၆,၁၉၇ စုရှိပြီး စက်မှုဝန်ကြီးဌာနက အသုံးပြုရန် လိုအပ်ခြင်းမရှိသည့် မြေ ၁၂,၀၅၇ ဒသမ ၉၀၅ ဧကအနက်မှ မြေဧရိယာ ၂၆၄ ဒသမ ၅၈ ဧကပေါ်တွင် အဆိုပါအိမ်ထောင်စုများကို နေရာချထားပေးနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့က တင်ပြထားခြင်းဖြစ်သည်။

စက်မှုဝန်ကြီးဌာနတွင် ပြည် နယ်အစိုးရတောင်းခံထားသည့် မြေနှစ်ရာကျော်ကို မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန် လည်အပ်နှံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၂၀၁၅ နိုဝင်ဘာ ၂၄ ရက်တွင် အကြောင်းကြားစာပေး ပို့ခြင်းဖြစ်သည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service