ဧရာဝတီတိုင်း ဒေသကြီးတွင် လယ်သမားများ ရောင်းချသည့် လယ်မြေဧက လေးသောင်းခန့်ရှိ - Property News in Myanmar from iMyanmarHouse.com
869 Views

ဧရာဝတီတိုင်း ဒေသကြီးတွင် လယ်သမားများ ရောင်းချသည့် လယ်မြေဧက လေးသောင်းခန့်ရှိ

ဧရာဝတီတိုင်း ဒေသကြီးတွင် ပုံစံ (၇) ဖြင့် မူလပိုင်ရှင် လယ်သမားများ ရောင်းချသည့် လယ်မြေဧကပေါင်း လေးသောင်းခန့် ရှိနေပြီ ဖြစ်သည်ဟု တိုင်းဒေသကြီး ဆန်စပါး လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က The Messenger Media သို့ ပြောသည်။

''ပေါင်တာတော့ သိပ်မရှိဘူး။ ရောင်းတာတွေ ကတော့ တော်တော် များတယ်။ ဥပမာ အိမ်ရာစီမံကိန်းလို နေရာမျိုတွေ၊ စက်မှုဇုန် နေရာတွေ အတွက် လယ်သမားတွေ ရောင်းချထားတာ။ တချို့ကျတော့လည်း တောအရပ် ဒေသတွေမှာ ဘဏ်ကြွေး မဆပ်နိုင်လို့ ရောင်းချတာတွေဟာ အခုဆိုရင် ဆယ်ရာခိုင်နှုန်းလောက် ရှိသွားပြီ'' ဟု ၎င်းကပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် စိုက်ပျိုးဧကပေါင်း ၃၇၀၀၀၀ ရှိရာ ဆယ်ရာခိုင်နှုန်း ဖြစ်သည့် (ဧက ၃၇၀၀၀) မှာ ပုံစံ (၇) ဖြင့် ရောင်းချထားပြီး ဖြစ်သည်ဟု ဦးဝင်းမြင့်လှိုင်က ဆိုသည်။

လယ်ရောင်းလိုက်ပြီး ၀ယ်ယူသူများထံတွင် လယ်စာရင်းငှား ပြန်လည် လုပ်ကိုင်နေရသည့် လယ်သမား မြောက်မြားစွာ ရှိနေသည်ဟုလည်း ဧရာဝတီတိုင်း ဒေသကြီး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမူး ဦးစန်းလေးက ပြောသည်။

''၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ မူလပိုင်ရှင် လယ်သမားများ အနေဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) ဖြင့် ပေါင်း၊ ရောင်း၊ ငှား လုပ်ပိုင်ခွင့် ရှိသည်'' ဟု ပြဋ္ဌာန်းထားသည်။

''အရင်တုန်း ကတော့ ရောင်းလို့ ၀ယ်လို့ မရဘူး။ ရပ်ဓလေ့၊ ရွာဓလေ့အရပဲ လုပ်ကြတာ။ ခုကျတော့ တရားဝင် ပေးလိုက်တော့ ရောင်းလို့ ၊ ပေါင်လို့ ငှားလို့ရတယ်လို့ တရားဝင် ပြောထားတယ်။ ပုံစံ (၇) ရောင်းတယ် ပေါင်တယ် ဆိုတာက သူ့ဥပဒေမှာတော့ တွေ့သမျှလူကို ရောင်းလို့ရတာ မဟုတ်ဘူး။ ရောင်းပေါင်ငှား လုပ်မယ်ဆိုရင် သက်ဆိုင်ရာ နှစ်ဦး သဘောတူပြီးရင် သက်ဆိုင်ရာ ဦးစီးဌာနမှာ တရားဝင် စာချုပ်စာတမ်း လုပ်ရမယ်။

ဒီသဘောတူ စာချုပ်ကိုလည်း သက်ဆိုင်ရာ ရပ်ကျေး လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီမှာ စာချုပ်ချုပ်ပြီး မြို့နယ်မှာ မှတ်ပုံတင်ရမယ်။ ရောင်းတာကလည်း စိုက်ပျိုး ထုတ်လုပ်ဖို့ အရင်းအမြစ် အတွက် လိုအပ်မှ ရောင်းလို့ရတာ'' ဟု ဧရာဝတီတိုင်း ဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။

၂၀၁၂ လယ်ယာမြေ ဥပဒေတွင် ပါဝင်သော ဥပဒေ အချို့သည် လယ်သမားများ၏ အခွင့်အရေးများကို ကာကွယ် မပေးဘဲ ဗဟိုဦးစီးပုံစံ စသည့် ဥပဒေများလည်း ပါဝင်နေသည်ဟု တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

''ဧက သုံးဧကကနေ ခြောက်ဧက အထိ စိုက်ပျိုးကြတဲ့ ခြောက်ဆယ်ငါးရာခိုင်နှုန်းသော တောင်သူတွေ၊ မိရိုးဖလာ တောင်သူတွေဟာ တရားဝင် ရောင်းချပြီဆိုတာနဲ့ အခက်အခဲ အမျိုးမျိုးကြောင့် ရောင်းဖြစ်ကြတယ်။ တောင်သူ လယ်သမားတွေရဲ့ စိုက်ပျိုးမြေတွေ ဆုံးရှုံးပြီး အလုပ်လက်မဲ့တွေ ဖြစ်နေတယ်။ ဒီတောင်သူတွေကို ဖွဲ့စည်းပုံအရ အလုပ်လက်မဲ့ မဖြစ်အောင်တော့ စီမံပေးသင့်တယ်'' ဟုလည်း ၄င်းကပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးမှ လယ်သမားများ အတွက် စိုက်ပျိုးစရိတ် ချေးငွေမှာ ၂၀၁၂ မှ ၂၀၁၅ ခုနှစ် လေးနှစ်အတွင်း ကျပ်သန်းပေါင်း (၂၆၂၃၈၉၂၁) သန်း၊ ဘီလီယံအားဖြင့် (၂၆၂ဘီလီယံ) ကျော် ပေးဆောင်ရန် ကျန်ရှိနေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဆိုကြသော ဧရာဝတီတိုင်း ဒေသကြီး၏ လယ်ယာမြေများ ရောင်းချမှုကို ကြည့်ခြင်းအားဖြင့် နောက်ပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးနှင့် ကောက်ပဲသီးနှံ ရှားပါးမှုများ ဖြစ်ပေါ်လာနိုင်သည် ဟုလည်း စိုက်ပျိုးရေး ပညာရှင်အချို့က ပြောသည်။

Credit: Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service