မန္တလေးတွင် လယ်မြေများတစ်ဧက ကျပ်သိန်း ၅၀၀ ကျော်ဈေးပေါက် - Property News in Myanmar from iMyanmarHouse.com
1460 Views

မန္တလေးတွင် လယ်မြေများတစ်ဧက ကျပ်သိန်း ၅၀၀ ကျော်ဈေးပေါက်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာ အနီးတဝိုက်တွင် လယ်ယာမြေ တစ်ဧကလျှင် ကျပ်သိန်း ၁၀၀မှ ကျပ်သိန်း၅၀၀ ကျော်အထိဈေးဖြစ်ပေါ်နေပြီး ရွာနှင့်ထိစပ်နေသည့် လယ်မြေများမှာ ကျပ်သိန်း၁၀၀၀ခန့် အထိဈေးပေါက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လယ်ယာမြေများကို အကွက်ရိုက်မရောင်းချရန် သတိပေးဆိုင်းပုဒ်များဖြင့် အသိပေးထားသော်လည်း နားလည်မှုဖြင့် နေ့စဉ်အရောင်း အဝယ်ဖြစ်နေကြောင်း မဲကင်းကုန်းကျေးရွာ အသက် ၇၂ နှစ်ရွယ် ဦးမှတ်ကြီး ကပြောသည်။

"ခေတ်ကပြောင်းပြီလေဗျာ။ဗွက်ထဲမှာနွားနဲ့ဖက်ပြီး မရုန်းချင်ကြတော့ဘူး။ကိုယ်ပိုင်တဲ့မြေကိုရောင်းတာပြသနာမရှိပါဘူး။"ဟု မိဘများ ပိုင်ဆိုင်ခဲ့သော လယ် သုံးဧက ရောင်းခဲ့သူ ကိုခင်မောင်စိုး ကပြောသည်။

စီးပွားရေးအဆင်မပြေသူများက ငွေဖော်သည့်သဘောဖြင့် လယ်ယာမြေကိုရောင်းချသည့်အတွက် အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ကြောင်း ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင် တစ်ဦး ကပြောသည်။

အသက် ၆၈ နှစ်အရွယ် လယ် ၆ ဧက ပိုင်ဆိုင်သူ ဒေါ်အေးမယ် က " ရွှေဥတစ်နေ့တစ်လုံး ဥပေးတာကို လောဘကြီးပြီးရိုတ်သတ်လိုက်သလိုပဲ ။
မြေက အမေတို့တောသူတောင်သားတွေအနေနဲ့က ပဒေသာပင်ပဲလေ။ဒါကိုအပြတ်ရောင်းနေတော့ နောင်ကြာလာရင် စိုက်ပျိုးမြေပျောက်သွားတော့မယ်။"ဟုပြောသည်။

အဆိုပါလယ်ယာမြေများကိုရောင်းချပြီး အများစုသည် စိုက်ပျိုးရေးမပြုလုပ်တော့ဘဲ အခြားစီးပွားရေးပြောင်းလုပ်မှုများရှိခဲ့ပြီး သက်ကြီးပိုင်းတစ်ချို့သာ မိဘလက်ငုတ်လက်ရင်းအဖြစ်မပျောက်ပျက်ရန် ဆက်လက်စိုက်ပျိုးလျှက်ရှိနေကြောင်း ဒေသခံအချို့ကဆိုသည်။

ပုသိမ်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း "အဲဒီနေရာတွေက ရွာမြေလျှောက်ထားတယ်။ တစ်ချို့နေရာတွေကတော့ နိုင်ငံတော်ကစီမံခန့်ခွဲနိုင်တဲ့ မြေတွေပါ။အဲဒီနေရာတွေကတော့ မရောင်းရပါဘူး။မရောင်းဖို့လည်း အသိပေးစာတွေကပ်ထားပါတယ်။"ဟုပြောသည်။

စိုက်ပျိုးမြေများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်သူအချို့ကလည်း ယင်းကဲ့သို့လယ်ယာမြေများကို အကွက်ရိုက်ရောင်းချနေမှုကို သက်ဆိုင်ရာမှ တားမြစ်ပေးစေချင်သည်ဟု ဒေသခံတစ်ချို့ က ဆိုသည်။

Credit : Myanmar Upper Land

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service