ကျေးရွာမြေငှားဂရန်ကို YCDC ပြင်ပ ကျေးရွာများတွင်သာ ချပေးမည် - Property News in Myanmar from iMyanmarHouse.com
1441 Views

ကျေးရွာမြေငှားဂရန်ကို YCDC ပြင်ပ ကျေးရွာများတွင်သာ ချပေးမည်

ကျေးရွာမြေငှားဂရန် ကို စည်ပင် သာယာရေးကော်မတီကြီးကြပ်မှုအောက်ရှိ မြို့နယ် အဖြစ် သတ်မှတ်ထားသော နေရာများ၌ ချပေးသွားမည်မဟုတ် ကြောင်း သတင်းရရှိသည်။

ကျေးရွာမြေငှားဂရန်ချပေး ရာတွင် မြို့တွင်းမြို့နယ်ပြင်ပရှိ ကျေးရွာများ၌သာ ချပေးမည်ဖြစ်ပြီး အချို့ကျေးရွာအမည် ပေါက်များသည် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ မြို့နယ်များအတွင်း ရောက်ရှိနေ ခြင်းကြောင့် လျှောက်ထားခွင့်ရရှိ ဦးမည်မဟုတ်ဟု ရန်ကုန်တိုင်းဒေ သကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးစိုးမင်းက ပြောသည်။

‘‘တချို့မြို့နယ်တွေဆိုရင် ကျေးရွာအမည်နဲ့ နေရာတွေရှိနေ ပေမယ့် အခုဂရန်လုပ်တာက လယ်/ဆည်နဲ့ ပြည်ထဲရေးက ဦး ဆောင်လုပ်တာဖြစ်လို့ စည်ပင် နယ်နိမိတ်အပိုင်းထဲကဟာတွေ လုပ်ပေးလို့မရဘူး။ အဲဒါတွေကျ တော့ စည်ပင်ကပဲ သူ့အစီအစဉ်နဲ့ သူလုပ်ရမယ့်ကိစ္စဖြစ်သွားပြီ’’ ဟု ဦးစိုးမင်းက ပြောသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံမြို့နယ် အပါအ၀င် မြို့နယ်အချို့တွင် ယခုအချိန် အထိ ကျေးရွာအမည်ဖြင့်နေထိုင် မှုများရှိနေသော်လည်း ယင်းမြို့နယ်မှာ မြို့တွင်းနယ်နိ မိတ်အပိုင်းအဖြစ် သတ်မှတ်ထား၍ ကျေးရွာမြေအငှားဂရန်လျှောက်ထားမှုမပြုလုပ်နိုင်သေးကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာ မြေများကို မြေငှားဂရန်ထုတ်ပေး နိုင်ရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျေး လက်နေပြည်သူတစ်ဦးတစ်ယောက်ချင်းအနေဖြင့်သော်လည်းကောင်း၊ အိမ်ထောင်စု ၁၀၀ (သို့မဟုတ်) ခြံကွက် ၁၀၀ တစုတပေါင်းတည်းအနေဖြင့်သော် လည်းကောင်း၊ ကျေးရွာမြေငှားဂရန်ရရှိရေး လျှောက်ထားဆောင်ရွက်နိုင်သည်ဟု ကျေးရွာမြေများ မြေငှားဂရန်ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့အနေဖြင့် ရှေ့ ပြေးအစီအစဉ်ဆောင်ရွက်ခဲ့ရာ ၂၈၃ မြို့နယ်ရှိ ကျေးရွာ ၂၈၃ ရွာ၌ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ဇွန်လ ၅ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ စုစုပေါင်း မြေငှားဂရန် ၃၂,၀၅၇ ထုတ်ပေးနိုင်ခဲ့သည်။

ကျေးရွာမြေတိုးချဲ့လိုမှုနှင့် ပတ်သက်၍ တင်ပြလျှောက်ထား မှုရှိလာပါကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ စိစစ်မှုပြုလုပ်ကာ ခွင့်ပြုချက်ထုတ်ပေးပြီး အဆိုပါမြေကွက်နှင့် အိမ်များအတွက် ဂရန်ထုတ်ပေးရန်ကိုလည်း တစ်ဆက်တည်းလုပ်ပေးရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service