ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်သူများအတွက် အငှားအိမ်ရာလျှောက်လွှာများ စတင်လက်ခံမည် - Property News in Myanmar from iMyanmarHouse.com
1081 Views

ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်သူများအတွက် အငှားအိမ်ရာလျှောက်လွှာများ စတင်လက်ခံမည်

ဧရာဝတီမြစ်ကမ်းနား လမ်းရှိ ကျူးကျော်နေထိုင်သူများ အတွက် ရည်ရွယ်ဆောက်လုပ် ထားသော အငှားအိမ်ရာများ ငှားရမ်းပေးနိုင်ရန် ဒီဇင်ဘာ အတွင်း လျှောက်လွှာများစတင်ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၄ ဒီဇင်ဘာ ၅ ရက်က ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် နော်ဝေးဘုရင်လာရောက်စဉ် ဂေါဝိန်ဆိပ်ကမ်းမှ ကျူးကျော်နေထိုင် သူများကို မန္တလေးမြို့တော်စည် ပင်က ဖယ်ရှားခဲ့၍ ဝေဖန်မှုများ ကြုံတွေ့ခဲ့ရပြီး မကြာမီ ယခုအငှားအိမ်ရာစီမံကိန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။

အခန်းငှားရန် တင်ပြလာ သည့် လျှောက်လွှာများကို လက်ခံစိစစ်ပြီး ၂၀၁၆ ဇန်န၀ါရီအတွင်း စတင်ငှားရမ်းပေးနိုင်ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူများက ပြောသည်။

အငှားအိမ်ရာလျှောက်လွှာ တင်သွင်းရာတွင် ကမ်းနားလမ်း တစ်လျှောက်ရှိ ဆိပ်ကမ်းမြေ၊ အစိုးရမြေ၊ စည်ပင်မှစီမံခန့်ခွဲပိုင် ခွင့်ရှိသော မြေများ၌ ယာယီတဲများဖြင့် နေထိုင်ပြီး ကာယလုပ် အားဖြင့် အသက်မွေးသူ၊ သက် ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် ဧည့်စာရင်းတိုင်ကြား နေထိုင်သည့် မိသားစုများဖြစ်ရ မည်ဖြစ်ပြီး မှတ်ပုံတင်နှင့် အိမ် ထောင်စုဇယားများ တင်ပြနိုင်ရ မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါမိသားစုများ သည် ပြစ်မှုမှတ်တမ်းကင်းရှင်းရ မည်ဖြစ်ပြီး တည်ဆဲဥပဒေတစ် ရပ်ရပ်ဖြင့် အရေးယူရန် အမှုအ ခင်း ရင်ဆိုင်နေရသူများ မဖြစ်စေ ရဟုလည်း သတ်မှတ်ချက်ရှိထား သည်။

ဆိပ်ကမ်းနယ်မြေတွင် အမြဲ နေထိုင်လုပ်ကိုင်စားသောက်နေ သူဖြစ်ကြောင်း သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် တင်ပြရမည်ဖြစ်သည်။ မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ နယ်နိ မိတ်အတွင်း ကိုယ်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ တိုက်ခန်းပိုင် ဆိုင်သူမဖြစ်ရဘဲ ငှားရမ်းခွင့်ရပါ က အငှားအိမ်ရာစာချုပ်မှ စည်း ကမ်းချက်များကို တိကျစွာ လိုက်နာရမည်ဖြစ်ပြီး မိသားစုတစ်စု လျှင် တိုက်ခန်းတစ်ခန်းသာ လျှောက်ထားခွင့် ပြုမည်ဖြစ် ကြောင်း မန်းစည်ပင်မှ သိရသည်။အဆိုပါအငှားအိမ်ရာရှိ တိုက်ခန်းများမှာ ပေ ၁၀×၂၀ တိုက်ခန်းများဖြစ်ပြီး ၁၂ ခန်းတွဲ ခြောက်ထပ်ပါ တိုက်အလုံးပေါင်း ၂၂ လုံးတည်ဆောက်ထားသည်။ တိုက်ခန်းစုစုပေါင်း ၁,၅၈၄ ခန်းရှိပြီး ရေချိုးခန်း၊ ရေလောင်းအိမ်သာနှင့် အမှိုက်စွန့်ပစ်မှုစနစ်များပါဝင်သည်။

တိုက်ခန်းငှားခဈေးနှုန်းများ မှာ တစ်လလျှင် မြေညီထပ်ကိုကျပ်သုံးသောင်းခွဲ၊ ပထမထပ်နှင့် ဒုတိယထပ်ကို ကျပ်သုံးသောင်း၊ တတိယထပ်နှင့် စတုတ္ထထပ်ကို ကျပ် နှစ်သောင်းခွဲနှင့် ပဉ္စမထပ်ကို ကျပ်တစ်သောင်းခွဲသတ်မှတ်ထားသည်။ အငှားအိမ် ရာများတွင် ငှားရမ်းနေထိုင်ခွင့်ရပါက အာမခံစပေါ်ငွေအဖြစ် သုံးလစာကြိုတင်ပေးသွင်းရမည် ဖြစ်သည်။

အငှားအိမ်ရာများ ငှားရမ်းပေးရန်ဟုဆိုကာ ကျူးကျော်နေထိုင်သူများထံ လာရောက်စာရင်းကောက်ယူမှုများရှိပြီး သက်သာသောနှုန်းထားဆိုပါက ငှားရမ်းနိုင်ကြောင်း ကမ်းနားလမ်းရှိ ကျူးကျော်နေထိုင်သူများက ပြောသည်။‘‘တစ်လကို တစ်သောင်းခွဲ၊ နှစ်သောင်းဆိုရင်ကို မနည်းဖျစ် ညှစ်ပေးရမှာ။ အလုပ်တွေက အ ဆင်ပြေကြတာမဟုတ်ဘူး။ နောက်ပြီး သုံးလစာစပေါ်ကြိုသွင်းရမယ်ဆိုတာကလည်း မလွယ်ဘူး’’ဟု ကျူးကျော်နေထိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

Credit: 7daydailly

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service