မြောက်ဥက္ကလာ ကန်သာယာဈေးဝယ်စင်တာတွင် ဆိုင်ခန်းအားလုံး ငှားရမ်းခဲ့ပြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
1998 Views

မြောက်ဥက္ကလာ ကန်သာယာဈေးဝယ်စင်တာတွင် ဆိုင်ခန်းအားလုံး ငှားရမ်းခဲ့ပြီးဖြစ်

မြောက်ဥက္ကလာပမြို့နယ်ရှိ ကန်သာယာအပန်း ဖြေဥယျာဉ် (Fun Valley Theme Park) နှင့်
တွဲဖက်တည်ဆောက်ထားသည့် ကန်သာယာဈေးဝယ်စင်တာကို ယခုလကုန်ပိုင်းမှ ဖွင့်လှစ်
မည်ဖြစ်သော်လည်း လက်ရှိဈေးဝယ်စင်တာ ရှိ ဆိုင်ခန်းများအားလုံး ငှားရမ်းခဲ့ရပြီးဖြစ်သည်ဟု
အဆိုပါစင်တာမှ တာဝန်ရှိသူက ပြောကြားသည်။

ဖူးပွင့်စံကုမ္ပဏီက ရင်းနှီးမြှုပ်နှံ လုပ်ကိုင် သည့် ကန်သာယာကစားကွင်းနှင့် အပန်းဖြေဥယျာဉ်ကို
ယခုလဆန်းပိုင်းက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး၊ အပန်းဖြေဥယျာဉ်နှင့် တွဲဖက်တည်ဆောက်ထားသည့်
ဈေးဝယ် စင်တာကို နိုဝင်ဘာ ၂၇ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

"ဈေးဝယ်စင်တာက ၂၇ ရက်မှ ဖွင့်မှာ။ ဆိုင်ခန်းတွေကတော့ အားလုံးကုန်သွားပြီ။
နေရာလွတ်မရှိတော့ဘူး။ ဒီပတ်ဝန်းကျင် မှာ ကစားကွင်းနဲ့ ဈေးဝယ်စင်တာ တွဲပြီးဖွင့်
ထားတာ မရှိသေးတော့ စီးပွားရေးသမားတွေ လည်း စိတ်ဝင်စားကြသလို လာရောက်
လည်ပတ်ချင်တဲ့သူတွေလည်း များတယ်" ဟု ဖူးပွင့်စံ ကုမ္ပဏီ ဈေးကွက်မန်နေဂျာ
ဦးသက်ထွန်းဇော်က ပြောသည်။

အဆိုပါဈေးဝယ်စင်တာတွင် ဆိုင်ခန်းဖွင့်လှစ်လို
သူများပြားသော်လည်း ဆိုင်ခန်းငှားရမ်းခ အရင်းအနှီးမှာ အခက်အခဲတစ်ခု ဖြစ်နေ
သည်ဟုလည်း ဆိုင်ခန်းဖွင့်လှစ်ရန် ဆန္ဒရှိသူတစ်ဦးဖြစ်သည့် ဒေါ်သဲစုဝင်းက ပြောသည်။

"ကျွန်မက ကစားကွင်းမှာ အသင့်စားနိုင် တဲ့ ဟမ်ဘာဂါတို့ အအေးတို့ရောင်းဖို့ စဉ်းစားထားတာ။
ဒါပေမဲ့ စုံစမ်းကြည့်လိုက်တော့ ဆိုင်ခန်းငှားခက တစ်နှစ်စာပေးရမယ်။ ဘာဂါရောင်းဖို့ စက်တွေ
လည်း ၀ယ်ရဦးမှာဆိုတော့ အရင်းအနှီးက အခက်အခဲဖြစ်နေတယ်။ ကလေးတွေက ဘာဂါတို့
အသင့်စားမုန့်တွေကြိုက်တော့ ရောင်းရမှာ သေချာတယ်" ဟု ၎င်းက ပြောသည်။

ကန်သာယာဈေးဝယ်စင်တာတွင် ဆိုင်ခန်း ငှားရမ်းမည်ဆိုပါက သုံးလစာအာမခံငွေနှင့်
ဆိုင်ခန်းငှားရမ်းခ တစ်နှစ်စာပေး၍ စာချုပ် ချုပ်ဆိုရမည်ဖြစ်ပြီး၊ ငှားရမ်းခနှုန်းထားမှာ
တစ်ပေပတ်လည် ကျပ် ၂,၀၀၀ ၀န်းကျင် မှ ကျပ် ၄,၀၀၀ ရှိသည့်အပြင် ဆိုင်ခန်း
ဖွင့်လှစ်မည့် ဈေးဝယ်စင်တာ အထပ်ပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိသည်ဟုလည်း
သိရသည်။

အဆိုပါဈေးဝယ်စင်တာတွင် ဖက်ရှင်ဆိုင် များ၊ တက်တူးဆိုင်များ၊ အလှပြင်ဆိုင်များ၊ ကလေး
ကစားကွင်းတစ်ခု၊ စားသောက်ဆိုင် များ၊ မိသားစုကာရာအိုကေခန်းများနှင့် ရုပ်ရှင်ရုံ သုံးရုံ
ပါဝင်မည်ဖြစ်ပြီး၊ မိသားစု လိုက် အပန်းဖြေနိုင်မည့် အိပ်စင်ဖြင့် ကြည့်ရှု နိုင်မည့် ရုပ်ရှင်ရုံတစ်ရုံ
လည်း ပါဝင်သည်ဟု သိရသည်။

"မိသားစုတွေ ပြည့်ပြည့်၀၀ အနားယူနိုင်မယ့်
နေရာတစ်ခုဖြစ်အောင် တည်ဆောက် ထားတာ။ ရန်ကုန်မှာ အပန်းဖြေနိုင်မယ့်နေရာက
များများစားစားမရှိဘူး။ တချို့နေရာတွေ ကျတော့လည်း အနားယူမှုပြည့်ပြည့်၀၀ မပေး
နိုင်ကြဘူး။ ဒီမှာတော့ ပြည့်ပြည့်၀၀ အနားယူ နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဦးသက်
ထွန်းဇော်က ပြောသည်။

မကြာမီက ဖွင့်လှစ်ခဲ့သည့် ကန်သာယာကစားကွင်းနှင့် အပန်းဖြေ
ဥယျာဉ်တွင် ကလေးများသာမက လူကြီးများပါ ဆော့ ကစားနိုင်သည့် ကစားနည်းအသစ်များ
ကိုပါ ထည့်သွင်းထားပြီး၊ ရုံးပိတ်ရက်များတွင် လူဦးရေ ၇,၀၀၀ မှ ၈,၀၀၀ အထိ လာရောက်
လည်ပတ်လျက်ရှိသည်ဟု သိရသည်။

"ကစားနည်းတွေက ရန်ကုန်မှာ မရှိသေးတဲ့ အသစ်တွေချည်းပါပဲ။ အခါကြီး ရက်ကြီး တွေနဲ့ စနေ၊
တနင်္ဂနွေနေ့ဆိုရင်တော့ လာတဲ့သူပိုများတယ်။ ကစားနည်း နှစ်မျိုးလောက် လာဖို့ကျန်သေးတယ်။
အဲဒါကြောင့်လည်း လောလောဆယ် ကစားကွင်းကို ၀င်ကြေးကောက်ခံထားခြင်း မရှိပါဘူး။
နောက်ပိုင်းမှာတော့ ၀င်ကြေးကောက်ခံဖို့ အစီစဉ်ရှိတယ်" ဟု ဦးသက်ထွန်းဇော်ကပြောသည်။

Credit: MyanmarTimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service