ဒုတိယ စီးပွားရေးမြို့တော်စီမံကိန်း ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲ - Property News in Myanmar from iMyanmarHouse.com
1369 Views

ဒုတိယ စီးပွားရေးမြို့တော်စီမံကိန်း ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲ

လူဦးရေထူထပ်လာသည့် ရန်ကုန်မြို့၌ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်းတွင်
စုစည်းထားနိုင်မည့် ဒုတိယစီးပွားရေး မြို့တော် တည်ဆောက်အကောင်အထည်ဖော်ရန်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်ဆောင်ရွက်နေသော်လည်း
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်မရရှိသေးဟု
သိရသည်။

"အခုချိန်ထိတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရဲ့ ခွင့်ပြုချက်မရသေးပါဘူး။ တစ်ဆင့်
ချင်းစီ စိစစ်နေတဲ့အတွက် ကြာနေတာပါ။ ဒါပေမဲ့ စီမံကိန်းနေရာမှာတော့
မြေရှင်းနေတာတွေ စလုပ်နေပါပြီ။ တည်ဆောက်ရေးပိုင်းက မစရ သေးပေမယ့်
ခွင့်ပြုချက်ရရင် နောက်နှစ်မှာ စဆောက်သွားမှာပါ" ဟု ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှူးဖြစ်သူ ဦးသန်းဌေးက
ပြောသည်။

မရမ်းကုန်းမြို့နယ် မင်းဓမ္မရပ်ကွက်တွင် အကောင်အထည်ဖော် တည်ဆောက်မည့်
ဒုတိယစီးပွားရေးမြို့တော် စီမံကိန်းအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်
တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ခွင့်ပြုချက်များရရှိပြီးမှသာ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရင်းနှီး
မြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ရရှိရန် တတိယ အကြိမ်မြောက် တင်ပြထားပြီးဖြစ်
သည်ဟု သိရသည်။

"အသေးစား ဆောက်လုပ်ရေးလုပ်ငန်း တွေက စနေပါပြီ။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းရဲ့ ထောက်ခံချက်ကိုစောင့်နေရတဲ့အတွက်
ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု ချက် မပေးသေးတာပါ။ နောက်လထဲလောက်မှာ
ခွင့်ပြုချက်ထုတ်ပေးနိုင်ပါတယ်။ ရခဲ့ရင် တည်ဆောက်ရေးလုပ်ငန်းတွေ ချက်ချင်း
စတင်သွားမှာပါ" ဟု First Myanmar ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစုန်ဟန်က
ပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တရားဝင်ခွင့်ပြုမိန့် ရရှိထားခြင်း
မရှိသေးသော်လည်း စီမံကိန်းအတွက် မြေစမ်းသပ်မှု များ ပြုလုပ်ရန်အတွက်ကိုမူ
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် လုပ်ကိုင်ခွင့်ပေးထားခဲ့သည် ဟုလည်း
သိရသည်။

ဒုတိယစီးပွားရေးမြို့တော် စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်
မတီနှင့် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့်First Myanmar
Construction တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင် သွားမည်ဖြစ်ပြီး၊ စီမံကိန်းကို
မင်းဓမ္မလမ်း ဘေးရှိ စည်ပင်ပိုင်မြေဧက ၃၆ အကျယ် အ၀န်းပေါ်တွင် အကောင်
အထည်ဖော်သွား မည် ဖြစ်သည်။

အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရန်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင်တင်ဒါခေါ်ယူခဲ့ပြီးနောက် First Myanmar ဆောက်လုပ်ရေးကုမ္ပဏီက
အကျိုးတူ လုပ် ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အကျိုးတူလုပ်ကိုင်ခွင့်ကာလမှာ
နှစ်ပေါင်း၅၀ နှင့်၁၀ နှစ် နှစ်ကြိမ်ထပ်တိုးခွင့်ရရှိမည်ဖြစ်ပြီး မြေငှားရမ်းခအဖြစ် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ တစ်သိန်းနှစ်သောင်းကို ကုမ္ပဏီက
ပေးဆောင်ရမည်ဖြစ်သည်။

စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄၅ သန်းကုန်ကျမည်ဟု
ခန့်မှန်းထားပြီး စီမံကိန်းတွင်ပါဝင်မည့် အခြေခံအဆောက်အအုံများ၏ တည်ဆောက်
မှု ကုန်ကျစရိတ်မှာ ဒေါ်လာ ၉၈ သန်းခန့် ရှိနိုင် ကြောင်း အင်ဂျင်နီယာ(အဆောက်အအုံ)ဌာနတာဝန်ရှိသူက
ပြောသည်။

ဒုတိယစီးပွားရေးမြို့တော်
စီမံကိန်း မြေငှားခ ပရီမီယံကြေးအဖြစ် အမေရိကန်ဒေါ်လာ ၇၂ သန်းခန့်ကုန်ကျမည့် ကွန်ဗန်းရှင်း စင်တာတစ်ခုကို ကုမ္ပဏီက ဆောက်လုပ်ပေးရန်
နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုထားသည်ဟုလည်း သိရသည်။

ဒုတိယစီးပွားရေးမြို့တော်တွင် တည် ဆောက်သွားမည့် အဆောက်အအုံကြီးများမှာ
၁၂ ထပ်အမြင့်ရှိသည့် ဟိုတယ်တစ်လုံး၊ ၁၂ ထပ်အမြင့်ရှိသည့် ကုန်သွယ်ရေး
စင်တာတစ်လုံး၊၁၂ထပ်အမြင့်ရှိသည့် ဈေးဝယ်စင်တာတစ်လုံး၊ ၁၂ထပ်အမြင့်ရှိသည့် ရုံးခန်း အဆောက်အအုံတစ်လုံးအပြင် ငါးထပ်အမြင့်
ရှိသည့် ကွန်ဗန်းရှင်းစင်တာတစ်ခုတို့ ဖြစ်သည်။

ယင်းစီမံကိန်းမစတင်မီ မြေနေရာ ရှင်းလင်းမှုများ ဆောင်ရွက်နိုင်ရန် အဆိုပါနေရာတွင်
ယခင်ကရှိသည့် ပျိုးပင်အရောင်းဆိုင် များကို ပုလဲမြို့သစ်ဘက်သို့ ရွှေ့ပြောင်းလျက်
ရှိရာ လက်ရှိတွင် အနည်းငယ်သာ ပြောင်းရွှေ့ ရန် ကျန်ရှိတော့သည်ဟုလည်း
ဦးသန်းဌေးက ပြောသည်။

"ကျွန်တော်တို့ မြေပေါ်မှာဆိုတော့ စီမံကိန်းလုပ်ဖို့
ဖယ်ခိုင်းတော့ ဖယ်ပေးရတာ ပေါ့။ အရင်ကတော့ အကုန်လုံး မဖယ်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ အခုတော်တော်များများ ရွှေ့ပြီးနေကြပါပြီ"ဟု
၎င်းကပြောသည်။

Credit: MyanmarTimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service