မြေဈေးနှုန်းကြီးမြင့်မှု့၊အိမ်ရာလိုအပ်ချက်၊ နိုင်ငံခြား ဆောက်လုပ်ရေုးကုမ္မဏီများ၏ ခြေလှမ်းသစ်များ - Property News in Myanmar from iMyanmarHouse.com
2526 Views

မြေဈေးနှုန်းကြီးမြင့်မှု့၊အိမ်ရာလိုအပ်ချက်၊ နိုင်ငံခြား ဆောက်လုပ်ရေုးကုမ္မဏီများ၏ ခြေလှမ်းသစ်များ

ရွေးကောက်ပွဲ အပြီး ၂၀၁၆ ခုနှစ်နှစ်လယ်ခန့်မှ စပြီး နိုင်ငံတကာ ဆောက်လုပ်ရေးကုမ္မဏီများ
အများအပြား ၀င်ရောက်လာမည် ဆိုသည့် တွေးထင်ခန့်မှန်းချက်များမှာ ရန်ကုန်အိမ်ရာလို အပ်ချက်ကြေုာင့် ဖြစ်နိုင်ချေရှိသော်လည်း မြေဈေးနှုန်း အခက်အခဲ ကြောင့် နိုင်ငံတကာ ဆောက်လုပ်ရေး
ကုမ္မဏီများ အများအပြား ၀င်ရောက်လာသည့် တိုင်အောင် အခြေခံလူတန်းစားများ နှင့်
လူလတ်တန်းစားများကို ဦးတည်နိုင်သည့် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ခြင်း လုပ်ငန်းများတွင်
ရင်းနှီးမြုပ်နှံမှု့ အခြေအနေ ထက် အနည်းဆုံး စတုရန်းတစ်ပေပတ်လည် ဒေါ်လာ ၂၅၀
နှုန်းကနေ ဒေါ်လာ ၅၀၀ အကြား တန်ကြေး ရှိနိုင်တယ့် တန်ဖိုးကြီး ကွန်ဒိုမီနီယမ် တိုက်ခန်း
တွေဆီဘက်ကို ဦးလှည့်သွားနိုင်ချေရှိပြီး တန်ဖိုးမြင့်ကွန်ဒို တိုက်ခန်း ရင်းနှီးမြုပ်နှံ
တည်ဆောက်မှု တွေကိုသာ လုပ်လာနိုင်တယ်လို့လည်း အိမ်ခြံမြေ ကျွမ်းကျင်သူ တွေက သုံးသပ်ထားပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံ အနှံ့အပြားက မြို့ကြီးတွေမှာ မြေဈေးနှုန်းတွေ တက်လာပြီး
အထူးသဖြင့် စီးပွားရေးမြို့တော်ဖြစ်တယ့် ရန်ကုန်မြို့နဲ့ တရုတ်နိုင်ငံ နဲ့
ကုန်စည်ကူးသန်းသွားလာရေး လွယ်ကူ အချက်အခြာကျတယ့် မန္တလေးမြို့ရဲ့ မြေ တစ်ပေပတ်လည်
ဈေးနှုန်းတွေက ယခုအချိန်ဖြစ်တယ့် ၂၀၁၅ နှစ်ကုန်ဈေးနှုန်းတွေ နဲ့ ယှဉ်လိုက်ရင် အရောင်းအ၀ယ်
မရှိဘူး ဆိုပေမယ့် အနည်းဆုံး ၂ ဆကနေ အကွက်အကွင်းကျတယ့် နေရာတွေ ဆိုရင်
၃ ဆလောက်အထိ တက်သွားတာကို ဈေးနှုန်းတွေ ယှဉ်ကြည့်ရင်သိနိုင်ပါတယ်။

မြေဈေးနှုန်းကြီးမြင့်တယ့် အခက်အခဲတွေ ရှိပေမယ့်လည်း နိုင်ငံတကာမှာ ဆောက်လုပ်ရေး
ကုမ္မဏီတွေ ကွန်ဒိုဆောက်ပြီး အများပြည်သူကို ပြန်လည်ရောင်းချမယ် ဆိုရင် ဘဏ်တွေကတဆင့်
အနှစ် ၂၀ မှသာ ငွေအကြေရရှိနိုင်မှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ရှိတယ့် ပြည်တွင်းပြည်ပေ
ဆာက်လုပ်ရေး ကုမ္မဏီတွေ ကတော့ ဘဏ်တွေနဲ့ အလုပ်လုပ်တယ် ဆိုတယ့် တိုင်အောင်အရစ်ကျငွေပေးချေမှု စနစ်နဲ့ တိုက်ခန်းတွေကို ရောင်းချတယ့် အခါမှာတောာ့ လပေါင်း ၃၆ လ ၊ သုံးနှစ်အတွင်းငွေပြန်လည် ရရှိနိုင်တယ့် အားသာချက်တွေ ရှိလို့ ရင်းနှီးမြုပ်နှံမယ့် ငွေကို အမြန်ဆုံး ပြန်လည်ရရှိနိုင်တယ့် အပြင် တစ်ပေပတ်လည်ရောင်းဈေးကိုလည်း ဈေးနှုန်းအမြင့် နဲ့ေ
ရာင်းနေကြလို့ အမြတ်အစွန်း ကြီးမားတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု့ အသင်းမှ
အထွေထွေ အတွင်းရေးမှုး ဒေါ်မို့မို့အောင်ကလည်း မီဒီယာတွေကို ဖြေကြားထားပါတယ်။

မြန်မာနိုင်ငံ နဲ့ အခြားနိုင်ငံတွေရဲ့ မြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ မှာ ရင်းနှီးမြုပ်နှံမှု
ပုံသဏ္ဍာန်က တူညီမှု မရှိတဲ့ အတွက် ကြောင့်လည်း ဈေးကျ ဈေးတက်ကို ခန့်မှန်းရ ခက်သလို
မြန်မာမြေဈေးနှုန်းကလည်း နိုင်ငံတကာ လို အတက်အကျ ဖြစ်ပြီး ပြိုလဲသွားဖို့ ခက်တယ်လို့
စီးပွားရေးသမားတွေက ဆိုပါတယ်၊ နိုင်ငံတကာမှာ စီမံကိန်း တစ်ခုကို ရင်းနှီးမြုပ် နှံဖို့ အတွက်

အဆောက်အအုံ ဆောာက်ဖို့ မြေ၀ယ်ဖို့ အတွက်ဘဏ်တွေက ငွေချေးပြီး လုပ်ကြတာ ရှိပေမယ
့် မြန်မာပြည်ရဲ့ မြေ နှင့်ဆောက်လုပ်ရေး လုပ်ငန်းတွေအများစုကတော့ ရင်းနှီးမြုပ်နှံမှု့တွေကို
ကိုယ်ပိုင်ငွေ ကြေးနဲ့ လုပ်ကြတာ ဖြစ်တယ့် အတွက် ကြီးမားတဲ့ နိုင်ငံရေး ၊ စီးပွားရေး
အပြောင်းအလဲ မရှိဘဲ သာမာန် အရောင်းအ၀ယ် မကောင်းရုံ သက်သက်နဲ့ တော့ မြေဈေး ၊
တိုက်ခန်းဈေးတွေ အကြီးအကျယ် ပြိုကျသွားစရာ မရှိတာဟာ နိုင်ငံတကာ နဲ့ မြန်မာအကြားက
သိသာထင်ရှားတဲ့ ထူးခြားတဲ့ လက္ခဏာဖြစ်ပါတယ်။

ပြည်တွင်းမှာ ရှိတယ့် ငွေရှင်ကြေးရှင်တွေကလည်း ပြည်ပကနေ ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမယ့် လူတွေကို မျှော်ကိုးပြီး မြေတွေကို ကြိုတင်ဝယ်ယူသိမ်းထားပြီး လက်လွှဲလက်ပြောင်းရောင်းချဖို့ ဆိုတဲ့ အကြံနဲ့ ၀ယ်ထားကြတယ့် အတွက်ကြောင့်လည်း
ရန်ကုန်နဲ မန္တလေးလို မြို့တွေမှာ မြေကွက်ကျယ်တွေ မရှိသလောက်ရှားပါးသွားတယ့်
အတွက်ကြောင့်လည်း ရင်းနှီးမြုပ်နှံမယ့် ပြည်ပကုမ္မဏီတွေ အတွက် ဈေးကွက်ကောင်း
အခြေအနေ ကောင်းတွေ ရှိတယ့် တိုင်အောင် အမှန်တကယ် အလုပ်ဖြစ်နိုင်တယ့် မြေနေရရာရဖို့
အခက်အခဲ တွေ ရှိလာတာ တွေ့ရပါတယ်။ ဒီလိုအခက်အခဲ တွေ အများကြီး ရှိတယ့် အထဲက ပြည်ပ
က ဆောက်လုပ်ရေး ကုမ္မဏီတွေ အတွက် နိုင်ငံတကာမှာ မရနိုင်တဲ့ အခွင့်အလမ်းကောင်းတွေ ၊
ဈေးကွက်လိုအပ်ချက်တွေ ရှိနေလို့လည်း အများစု က အရဲစွန့် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

မြေဈေးနှုန်းကြီးမြင့်နေတယ့် တိုင်အောင် ပြည်ပနိုင်ငံတွေက ဆောက်လုပ်ရေးလုပ်ငန်းတွေက
နိုင်ငံတကာာ ကုမ္မဏီပေါင်း ၅၀၀၀ လောက်အထိ ၀င်ရောက်လာနေပြီဖြစ်တယ့် မြန်မာနိုင်ငံရဲ့
ရုံးခန်းလိုအပ်ချက်တွေ ၊ နိုင်ငံခြားကုမ္မဏီတွေ နဲ့ အတူဝင်ရောက်လာမယ့် ပြည်ပနိုင်ငံက လာပြီး
အလုပ်လုပ်မယ့်သူတွေ အတွက် အဆင့်မြင့် အိမ်ရာ လိုအပ်ချက်တွေ ကို အဓိက
ဖြည့်ဆည်းဝင်ရောာက်ဖို့ အတွက် ကြိုးစားလာကြတာဖြစ်ပါတယ်။

ရန်ကုန်မြိုမှာ ရှိတယ့် အထပ်မြင့် အဆောက်အအုံ တော်တော်များများမှာ နိုင်ငံခြားသား
ရင်းနှီးမြုပ်နှံမှု့တွေပါသလို ပြည်ပဆောာက်လုပ်ရေး ကုမ္မဏီတွေ နဲ့ လက်တွဲလုပ်တယ့် ပြည်တွင်း ဆောက်လုပ်ရေးကုမ္မဏီတွေ
အတွက်လည်း နည်းပညာတွေ မျှဝေရရှိ နိုင်ပါတယ် ၊ လက်ရှိ အိမ်ခြံမြေ ဆောက်လုပ်ရေး
လုပ်ငန်းတွေမှာ အရောင်းအ၀ယ် ကျဆင်းနပေမယ့်လည်း ၂၀၁၆ ခုနှစ် နှစ်လယ်လောက်က စပြီး
အိမ်ခြံမြေ ဈေးကွက်ပြန်လည်ကောင်းမွန်လာနိုင်တယ့် အတွက် ပြည်တွင်းက စီးပွားရေး အင်အားကြီး
ကုမ္မဏီတွေ ပါဆောက်လုပ်ရေး လုပ်ငန်းတွေကို ပါ လုပ်ကိုင်ဖို့ ပြင်ဆင်လာတာဟာ စင်ကာပူကေ
ဆာက်လုပ်ရေး ကုမ္မဏီ soilbuild နဲ့ ပြည်တွင်းက အင်အားကြီး ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်တယ့်

Rose hill တို့ပူးပေါင်းသွားပြီး အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတွေကို တည်ဆောက်ရောင်းချဖ
ို့ ပြင်ဆင်လာတာဖြစ်ပါတယ်။
ထင်ရှားသည့် စီးပွားရေး လုပ်ငန်းကြီး တစ်ခုဖြစ်သည့် Alpine အုပ်စုမှ ဒေါက်တာစိုင်းဆမ်ထွန်းမှ နိုဗိုတယ်
ဟိုတယ်တွင် ပြုလုပ်ခဲ့သည့်ပူးပေါင်း ဆောင်ရွက်ခြင်းအထိမ်း အမှတ်လက်မှတ်ရေးထိုး ခဲ့သည့်
အခမ်းအနား အဖွင့်မိတ်ခွန်းမှာလည်း ကောင်းမွန်းသည့် မြန်မာအိမ်ခြံမြေ နှင့်ေ
ဆာက်လုပ်ရေး လုပ်ငန်းများ၏ အနာဂတ်ကြောင့် ယခုကဲ့သို့ စင်ကာပူ ကုမ္မဏီ နဲ့
ပူးပေါင်းလုပ်ကိုင်ခြင်း ဖြစ်သလို အိမ်ခြံမြေ ဈေးကွက်အေးနေသည် ဆိုသည်မှာလည်း လတ်တလော
ယာယီသာ ဖြစ်နိုင်တယ် လို့ သုံးသပ်ပြောကြားခဲ့တယ့် အတွက် မြန်မာအိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှာ ပြည်ပဆောက်လုပ်ရေး ကုမ္မဏီတွေ ရဲ့ခြေလှမ်းကို ခန့်မှန်းလို့ရ
ပါနိုင်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service