ကမ်းနားနေ ကျူးကျော်များအား တစ်လ (၃၅၀၀၀) ကျပ်ဖြင့် အခန်းငှားမည် - Property News in Myanmar from iMyanmarHouse.com
823 Views

ကမ်းနားနေ ကျူးကျော်များအား တစ်လ (၃၅၀၀၀) ကျပ်ဖြင့် အခန်းငှားမည်

မန္တလေးမြို့ ကမ်းနားလမ်းတွင် ယာယီတဲများဖြင့် နေထိုင် အလုပ် လုပ်နေကြသည့် ကာယ အလုပ်သမား မိသားစုများ ငှားရမ်း နေထိုင်နိုင်မည့် အငှားအိမ်ရာများ အတွက် ငှားခ ကျပ်သုံးသောင်းခွဲဖြင့် သတ်မှတ်၍ ငှားပေးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက် ရသည်နှင့် လျှောက်လွှာခေါ်ယူပြီး စတင်ငှားရမ်း ပေးသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူက ပြောသည်။

အငှားအိမ်ရာအား စည်ပင်သာယာရေး ကော်မတီ ဘတ်ဂျက်နှင့် အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း တစ်လျှောက်တွင် ဆောက်လုပ်နေခြင်း ဖြစ်ပြီး၊ ယခုနှစ်ကုန်တွင် ဆောက်လုပ်ပြီးစီးမည် ဖြစ်သည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ် ကမ်းနားလမ်း တလျှောက် ဆိပ်ကမ်းနယ်မြေ အတွင်း မြစ်ကမ်းပါးတွင် ယာယီတဲများဖြင့် နေထိုင်ပြီး ကာယလုပ်အားဖြင့် အသက်မွေး ၀မ်းကျောင်းပြုသော မိသားစုများအား ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အငှားအိမ်ရာများတွင် ငှားရမ်း နေထိုင်ခွင့်ရပါက သတ်မှတ်ထားသော အာမခံ စပေါ်ငွေ ပေးသွင်းပြီး အိမ်ခန်းများကို တစ်လ ငှားရမ်းခ သတ်မှတ် ငှားရမ်း ပေးသွားမည်ဖြစ်သည်။ အိမ်ငှားရမ်းခ တစ်လလျှင် မြေညီထပ် ကျပ်သုံးသောင်းခွဲ၊ ပထမထပ်၊ ဒုတိယထပ် ကျပ်သုံးသောင်း၊ တတိယထပ်၊ စတုတ္ထထပ် ကျပ်နှစ်သောင်းခွဲ၊ ပဉ္ဓမထပ် (အပေါ်ဆုံးထပ်) ကျပ်တစ်သောင်း ခွဲဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

ပေးသွင်းရမည့် အာမခံ စပေါ်ငွေမှာ မြေညီထပ် ကျပ်တစ်သိန်း ငါးထောင်၊ ပထမထပ်၊ ဒုတိယထပ် ကျပ်ကိုးသောင်း၊ တတိယထပ်၊ စတုတ္ထထပ် ကျပ်ခုနစ်သောင်းခွဲ၊ ပဉ္ဓမထပ် ကျပ်လေးသောင်းခွဲ သတ်မှတ်ထားသည်။

''ဒီလိုအငှားအိမ်ရာ ဆောင်ရွက်ပေးတာမြန်မာနိုင်ငံမှာ ပထမဦးဆုံးလို့ ပြောလို့ရတယ်။ အဓိက ကတော့ ကျူးကျော် နေထိုင်တာတွေ ပပျောက်စေချင်ပြီး မြို့သူမြို့သားတွေ အဆင့်အတန်း မြင့်မြင့်နဲ့ နေစေချင်တာကြောင့်ရယ်၊ မန္တလေးမြို့ ဆိပ်ကမ်းနဲ့ ကမ်းနားတစ်လျှောက် သန့်ရှင်းသာယာလှပရေး အထောက်အကူ ဖြစ်အောင် ဒီအငှားအိမ်ရာကို အကောင်အထည် ဖော်တာပါ'' ဟု စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အငှားအိမ်ရာတွင် အခန်းပေါင်း တစ်ထောင်ကျော်ပါရှိပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ ဈေးနှုန်း အတည်ပြုချက်ရပါက အငှားအိမ်ရာ လျှောက်ထားလိုသူများအား လျှောက်လွှာစတင် ခေါ်ယူသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မန္တလေးမြို့ ကမ်းနားလမ်းတွင် ယာယီနေထိုင် အလုပ် လုပ်နေကြသည့် အလုပ်သမား အရေအတွက်မှာ တစ်သောင်းကျော် ရှိကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service