(၇) နှစ်သမီးကို ဒေါ်လာ ၂၃၂ သန်းတန် လက်ဆောင်တွေ ပေးအပ်တဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူဘီလျံနာ ဂျိုးဆက်လူ - Property News in Myanmar from iMyanmarHouse.com
643 Views

(၇) နှစ်သမီးကို ဒေါ်လာ ၂၃၂ သန်းတန် လက်ဆောင်တွေ ပေးအပ်တဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူဘီလျံနာ ဂျိုးဆက်လူ

အိမ်ခြံမြေရင်းနှီးမြှုပ်မှုတွေနဲ့ ပိုမိုစီးပွားဖြစ်လာတဲ့ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး ဂျိုးဆက်လူက သူ့သမီးအပေါ် ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းတွေကို ဈေးကြီးတဲ့နည်းလမ်းတွေနဲ့ပြသလိုက်ပါပြီ။

လူဟာ သူ့ရဲ့ ၇ နှစ်အရွယ် သမီးလေးကို ဒေါ်လာ ၄၀ ဒသမ ၄ သန်းတန် ၁၆ ဒသမ ၀၈ ကာရက် ပန်းရောင်စိန် ၀ယ်ပေးပြီးနောက် တစ်ရက်အကြာ မနေ့ကပဲ ဒေါ်လာ ၆၉ သန်းတန် ၁၂ ဒသမ ၁၃ ကာရက်ရှိ ရှားပါးအပြာရောင်စိန်ကို ထပ်မံလို့ ၀ယ်ပေးလိုက်ပြန်ပါတယ်။
ဘီလျံနာကြီးဟာ အဲ့ဒီ သမီးငယ် ဂျိုးဆက်ဖင်းကို သူ့ရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ကင်ဘီချန်နဲ့လက်ထပ်ပြီး မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

သူဌေးကြီးက အပြာရောင်စိန်ကို The Blue Moon of Josephine နဲ့ ပန်းရောင်စိန်ကိုတော့ သူမရဲ့မျက်လုံးလေးတွေကိုအစွဲပြုလို့ Sweet Josephine လို့ခေါ်ပါသတဲ့။
သူဌေးကြီးဟာ ၇ နှစ်သမီးလေးအတွက် ဒီလို ဒေါ်လာ ၁၀၉ သန်းတန် လက်ဆောင်တွေ ၀ယ်ပေးပြီး လူထုကို အံအားသင့်စေတာဟာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

လူဟာ ၂၀၀၉ ခုနှစ်က Star of Josephine ခေါ် ဒေါ်လာ ၁၃ ဒသမ ၅ သန်းတန် ၇ ဒသမ ၀၃ ကာရက်ရှိ အပြာရောင်စိန်တစ်ပွင့်၊ ၂၀၁၄ ခုနှစ်ကလည်း ဒေါ်လာ ၂၅ သန်းတန် ၈ ဒသမ ၅ ကာရက်ရှိ ပန်းရောင်စိန်ပွင့်တို့ကို ၀ယ်ပေးခဲ့ပါသေးတယ်။

ဒီစိန်တွေအကုန်လုံးကို စိန်ဆိုတာ ဘာလဲဆိုတာ နားမလည်နိုင်သေးတဲ့ ငယ်ရွယ်တဲ့ ဂျိုးဆက်ဖင်းကိုပဲ ပေးခဲ့တာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ၂၀၁၁ ခုနှစ်က ဒေါ်လာ ၈၄ ဒသမ ၂ သန်းတန် အိမ်တစ်လုံးကိုလည်း ပေးခဲ့သေးလို့ သူမဟာ ခုဆို ဒေါ်လာ ၂၃၂ သန်းတန် လက်ဆောင်တွေကို ခုနစ်နှစ်အရွယ်လေးနဲ့ လက်ခံရရှိတာပဲ ဖြစ်ပါတယ်။

လူမှာ စုစုပေါင်း သားသမီး ခြောက်ဦးရှိပြီး စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး ဗွန်လွေနဲ့ ရရှိတဲ့ သမီးဇိုအတွက်လည်း ရှားပါးကျောက်နှစ်လုံး ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service