မိတ္ထီလာ သီးကုန်း(၂၈၅) မိုင် အရေးပေါ် ပြုစုခြင်းစခန်း အဆောက် အဦသစ် ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီး - Property News in Myanmar from iMyanmarHouse.com
1068 Views

မိတ္ထီလာ သီးကုန်း(၂၈၅) မိုင် အရေးပေါ် ပြုစုခြင်းစခန်း အဆောက် အဦသစ် ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီး

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး အမြန်လမ်း သီးကုန်း(၂၈၅)မိုင် ယာဉ် ရပ်နား စခန်းအနီးတွင် အရေးပေါ် ရှေးဦး ပြုစုခြင်းစခန်းအဆောက်အအုံ သစ် အား မေလအတွင်းက စတင် ဆောက်လုပ်ခဲ့ရာ နိုဝင်ဘာ ၆ ရက် တွင် ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံကြက်ခြေနီအသင်းက တစ်ဆင့် စင်ကာပူနိုင်ငံကြက်ခြေနီ အသင်းရဲ့ လှူဒါန်းငွေကျပ် ၃၅၃ သိန်း ကျော်နဲ့ မိတ္ထီလာ သီးကုန်း(၂၈၅)မိုင် အမြန်လမ်း အရေးပေါ်ရှေးဦးပြုစုခြင်း စခန်း အဆောက် အအုံသစ် ကို ဆောက်လုပ် တာပါ။ ဖြူး (၁၁၅) မိုင် အမြန်လမ်းအရေးပေါ်ရှေးဦးပြုစုခြင်း စခန်းအဆောက်အအုံကို ဆောက် လုပ်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးစိုးအောင်ကပဲ တာဝန်ယူဆောက် လုပ်တာပါ။

“အခုအနေအထားက အဆောက် အအုံမှာ တံခါးပေါက်၊ပြတင်းပေါက် တွေ တပ်ဆင်ဖို့နဲ့ ဆေးသုတ်ဖို့ပဲ ကျန်တာမို့ ဆောက်လုပ်ရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပါပြီ။ နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ အားလုံး ဆောက်လုပ်ပြီးစီး သွားမှာပါ” ဟု မိတ္ထီလာကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးနေဦးက ပြောသည်။

ယင်းအဆောက်အအုံအသစ် မဆောက်လုပ်မီ ၂၀၁၃ခုနှစ် ဇူလိုင်လ ၂ ရက်က စတင်ကာ (၂၈၅) မိုင် သီးကုန်းယာဉ်ရပ်နားစခန်း မြောက် ဘက် အဆောက် အအုံ တစ်ခုတွင် ယာယီအရေးပေါ်ရှေးဦးပြုစုခြင်းစခန်း (အမြန်လမ်း)ကို ဖွင့်လှစ်ကာ ယနေ့ အထိ ယာဉ်မတော်တဆမှု ၁၂၀ ခန့်၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၂၀ ကျော်၊ သေဆုံးသူ ၃၉ ဦးတို့အား အရေးပေါ် ကူညီစောင့်ရှောက်မှု များ ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Credit:MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service