စွန့်ဦးတီထွင်လုပ်ငန်းများ ရှင်သန်ရန် ရင်းနှီးမြှုပ်နှံငွေ အထောက်အပံ့ပေးမည့်အဖွဲ့ထူထောင်ရေး ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
836 Views

စွန့်ဦးတီထွင်လုပ်ငန်းများ ရှင်သန်ရန် ရင်းနှီးမြှုပ်နှံငွေ အထောက်အပံ့ပေးမည့်အဖွဲ့ထူထောင်ရေး ဆွေးနွေး

စွန့်ဦးတီထွင်လုပ်ငန်း ရှင်များ၏ စီးပွားရေးလုပ်ငန်းများ ရေရှည်ရှင်သန်နိုင်ရေး ရင်းနှီး မြှုပ်နှံငွေ အထောက်အပံ့ပေးမည့် Angel Investment Groupထူထောင်ရန် စီစဉ်နေကြောင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များအ သင်းမှ သတင်းရရှိသည်။


အဆိုပါ အဖွဲ့ ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် နိုဝင်ဘာ ၅ ရက်က စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဆွေးနွေးခဲ့ ကြခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ လက်ရှိလုပ် ငန်းရှင် ခုနစ်ဦးလောက် စုစည်းပြီး ပါပြီ။ ဆယ်ဦးပြည့်ရင်တော့ အဖွဲ့ စတင်ဖွဲ့စည်းပြီး လုပ်ငန်းစတင် လို့ရပါပြီ’’ ဟု မြန်မာနိုင်ငံ စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝေဖြိုးက ပြောကြားသည်။

ယင်းအဖွဲ့ကို လာမည့် ၂၀၁၆ဒီဇင်ဘာတွင် စတင်နိုင်မည်ဖြစ် ပြီး စွန့်ဦးတီထွင်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ခြင်းနှင့် လုပ်ငန်းအတွက် လိုအပ် သည့် နည်းပညာ အကူအညီပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

လက်ရှိတွင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များသည် ရင်းနှီးမြှုပ် နှံငွေရရှိရန် အခက်အခဲများရှိနေ ပြီး ဘဏ်ချေးငွေမှာလည်း တစ် နှစ်သက်တမ်းရှိသည့် ကာလတို သာဖြစ်၍ လုပ်ငန်းလည်ပတ်ရန် အခက်အခဲများ ရှိနေကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များက ပြောသည်။

‘‘စွန့်ဦးတီထွင်လုပ်ငန်းရှင် တွေ ကြုံနေတဲ့ အခက်အခဲက ရင်းနှီးမြှုပ်နှံဖို့ ငွေမရှိဘူးဆိုပြီး ပြောနေကြတယ်။ တကယ်တော့ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ် လုပ်ငန်းရှင်တွေကတကယ်ကိုယ် ဘာလုပ်ချင်လဲဆိုတာကို တိတိကျကျသိဖို့ လိုတယ်’’ဟု ဦးဝေဖြိုးကပြောသည်။

ထိုသို့ လုပ်ကိုင်မည့် လုပ် ငန်းအမျိုးအစားကို အတိအကျ သိရှိပါက လုပ်ကိုင်မည့်ပတ်ဝန်း ကျင်တွင် ဖြစ်နိုင်ခြေ ရှိ၊မရှိ လေ့လာသုံးသပ်ပြီး လုပ်ငန်း စတင်သင့်ကြောင်း ၎င်းက အကြံပြုသည်။

Credit : 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service