ရန်ကုန်မြို့လယ် သမ္မတရုပ်ရှင်ရုံ အနီးရှိ မီးရထားပိုင်မြေ အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ စီမံကိန်း ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
2035 Views

ရန်ကုန်မြို့လယ် သမ္မတရုပ်ရှင်ရုံ အနီးရှိ မီးရထားပိုင်မြေ အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ စီမံကိန်း ဖော်ဆောင်မည်

ရန်ကုန်မြို့လယ် သမ္မတရုပ်ရှင်ရုံအနီး ရထားသံလမ်း နံဘေးရှိ မီးရထားပိုင် မြေ တစ်ဧကပေါ်တွင် ယာဉ်အစီးရေ ၃၅၀ အထက် ရပ်နားနိုင်သော အထပ်မြင့် ကားပါကင်များ၊ ဆိုင်ခန်းများ ပါဝင်သည့် ၂၅ ထပ် အဆောက်အအုံ စီမံကိန်း ဖော်ဆောင်မည် ဖြစ်ကြောင်း မြန်မာ့မီးရထား စစ်ဆေးရေးမှ အထွေထွေ မန်နေဂျာနှင့် အဆိုပါစီမံကိန်း ဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။

ရန်ကုန်မြို့လယ်၏ ယာဉ်ကြော ပိတ်ဆို့မှုအတွက် ယင်းစီမံကိန်းကို အဓိက ရည်ရွယ် လုပ်ဆောင်မည် ဖြစ်ပြီး အနည်းဆုံး ယာဉ်အစီးရေ ၃၅၀ ရပ်နားနိုင်ကာ ယာဉ်အစီးရေ ၁၀၀၀ အထိ တိုးမြှင့် ရပ်နားနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကာ ယင်းစီမံကိန်းနေရာမှာ ယခင် ဂရင်းမီးရထား ဟိုတယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးတို့နှင့်လည်း နီးကြောင်း သိရသည်။

“အဓိက ရည်ရွယ်ချက်က အဲဒီနားမှာ ကားပါကင်က အရမ်းကျပ်တယ်။ အဲဒီအနီးနားက ယောက်လမ်းတို့ ဘာတို့မှာလည်း ကားတွေ ရပ်လို့မရဘူး။ ဒါကြောင့် ဒါကို ပြေလည်စေချင်လို့ အဓိက ရည်ရွယ်ချက်အနေနဲ့ လုပ်မှာ”ဟု ယင်းစီမံကိန်းဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။

ယင်းစီမံကိန်းကို အနည်းဆုံး ၂၅ ထပ်မှ အများဆုံး အထပ် ၃၀ အဆောက်အအုံအထိ ဆောက်လုပ်မည်ဖြစ်ပြီး အထပ်မြင့် ကားပါကင် စုစုပေါင်း သုံးထပ်အထိ ပါဝင်မည်ဖြစ်ကာ အချက်အချာ ကျသည့် နေရာဖြစ် သောကြောင့် အခြားကျန်ရှိ အထပ်များတွင် လူနေအိမ်ခန်းများ၊ ဈေးဆိုင်များ၊ စတိုးဆိုင်များ ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကားပါကင်ချည်းပဲ လုပ်ရင်တော့ ဘယ်သူမှ သိပ်မလာဘူး။ ဒါကြောင့် အပေါ်ထပ်တွေမှာ အိမ်၊ ရုံးခန်း၊ စတိုးဆိုင်တွေပါမယ်။ ကားပါကင်က သုံးထပ်ပါတယ်။ ကျန်တာတွေတော့ စတိုးဆိုင်တို့၊ လူနေအခန်းတို့ပေါ့”ဟု ယင်းစီမံကိန်းဒါရိုက်တာ ဦးဘမြင့်က ဆိုသည်။

အဆိုပါစီမံကိန်းတွင် ၂၄ ပေ ရှိသည့် ကားလမ်းငယ်လေး တစ်ခုလည်း ပါဝင်မည်ဖြစ်ပြီး ယင်းနှင့်ဆက်စပ်၍ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဘက်ရှိ ဘုရားလမ်း ဘူတာ အနီးတွင်လည်း ကားပါကင် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို ပုဂ္ဂလိကသို့ စိတ်ဝင်စားမှု လျှောက်လွှာခေါ်ယူ၍ လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလအတွင်း စတင်ခေါ်ယူမည်ဖြစ်ကာ ရရှိသည့် ကုမ္ပဏီအား မြေငှားခ ပေးသွင်း၍ လုပ်ကိုင်စေမည်ဖြစ် ကြောင်းနှင့် တင်ဒါခေါ်ယူပြီး ခြောက်လအတွင်း လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“မြေငှားခ အရမ်းကြီး မရပါဘူး။ ဒီစီမံကိန်းက ငွေကြေးအတွက် အဓိကမဟုတ်ဘူး။ ကားကျပ်တာ ပြေလည်စေဖို့ပါ”ဟု အဆိုပါ စီမံကိန်းဒါရိုက်တာ ဦးဘမြင့်က ဆိုသည်။

ယင်းစီမံကိန်း လုပ်ဆောင်ရာတွင် ဗိုလ်ချုပ်ဈေး အနောက်ဘက်ရှိ ဘုရားလမ်း ဘူတာ နယ်မြေလည်း ဆက်စပ် ပါဝင်သဖြင့် မူလက ဗိုလ်ချုပ်ဈေး မြောက်ဘက်တန်း နှစ်ထပ်ရုံမှ ဆိုင်ခန်း ၆၀ကို ဖျက်သိမ်း၍ ယင်းဧရိယာနှင့်ပေါင်းစပ်လုပ်ဆောင်ရန် ဆိုင်ခန်း ပိုင်ရှင်များထံမှ အောက်တိုဘာ ၁၀ ရက်က သဘောထား ရယူခဲ့ရာ ဆိုင်ခန်းပိုင်ရှင်များက လုံးဝ ကန့်ကွက်ခဲ့သဖြင့် ယင်းဧရိယာကို ထည့်သွင်း ဆောက်လုပ်ရန် မဖြစ်တော့ဘဲ မီးရထားပိုင် မြေ၌သာ ဆက်လက် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။


Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service