နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတွင် တိုးချဲ့ငါးထပ်ဆောင်ကို ၂နှစ်စီမံကိန်းဖြင့် ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
2107 Views

နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတွင် တိုးချဲ့ငါးထပ်ဆောင်ကို ၂နှစ်စီမံကိန်းဖြင့် ဆောက်လုပ်မည်

ရန်ကုန်မြို့ရှိနား၊ နှာ ခေါင်း၊လည်ချောင်း၊ဦးခေါင်း
နှင့်လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးတွင်တိုးချဲ့
ငါးထပ်လူနာ ဆောင်ကို၂ နှစ်စီမံကိန်းဖြင့်
ဆောက်လုပ်မည် ဖြစ်ကြောင်းသတင်းရရှိသည်။

ယင်းဆေးရုံကြီးတွင် တိုးချဲ့ ငါးထပ်လူနာဆောင်နှင့် အထူးကု ဆရာဝန်အိမ်ရာနှစ်ခုတို့ကို ကျပ် သန်းပေါင်း နှစ်ထောင်ကျော် အ ကုန်အကျခံ၍ ယခုနှစ်မှစတင် ကာ ထပ်မံဆောက်လုပ်မည်ဖြစ်
ကြောင်း ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ နား၊ နှာခေါင်း၊ လည်ချောင်းပညာဌာနပါမောက္ခ/ဌာနမှူးဒေါက်
တာမောင်မောင်ခင်က ပြောသည်။

‘‘အဓိကကတော့ လက်ရှိ ခုတင် ၁၅၀ ဆံ့ ဆေးရုံကို ခုတင် ၅၀၀ အဖြစ်အဆင့်မြှင့်တင်မှာမို့ ဒါတွေကို ဆောက်ရတာပါ။ ၂နှစ်စီမံကိန်းရေးဆွဲထားတယ်။အခုက မြေဖို့တာတွေစနေပြီ။ ဖောင်ဒေး ရှင်းပိုင်းကိုစကိုင်နေပြီ။ ဒါပြီးရင် တော့ တစ်နိုင်ငံလုံးက နား၊ နှာ ခေါင်း၊ လည်ချောင်းလူနာတွေ အတွက် ပိုအကျိုးရှိလာမှာပါ’’ဟု ၎င်းကပြောသည်။

ယခု ဆောက်လုပ်မည့် တိုး ချဲ့ငါးထပ် လူနာဆောင်သည် အလျား ၂၁၅ ပေ၊ အနံ ပေ ၇၀ နှင့် အမြင့် ပေ ၇၀ ရှိသည်။ မြေညီ ထပ်တွင် ပြင်ပလူနာဌာန၊ အရေး ပေါ်ဌာန၊ MRI ဓာတ်မှန်ခန်း၊ ပထမထပ်တွင် လူနာဟောင်းများ အတွက်စမ်းသပ်ခန်း၊ဒုတိယထပ်တွင်စာသင်ခန်းနှင့်သီးသန့် လူနာခန်း၊ တတိယထပ်တွင် အတွင်း လူနာဆောင်များနှင့် စတုတ္ထထပ်တွင်မူခွဲစိတ်ခန်းနှင့်အထူးကြပ်မတ်ကုသဆောင်များ ထားရှိမည်ဖြစ်သည်။

အဆိုပါတိုးချဲ့ဆောင်ဆောက်လုပ်ပြီးပါက နား၊နှာခေါင်း၊ လည်ချောင်း ဦးခေါင်းနှင့်လည်ပင်းရောဂါလူနာများကို ယခုထက်ပို၍ လက်ခံကုသပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထူးကုဆရာဝန် အိမ်ရာကို အလျား ၆၃ ပေ၊ အနံ၅၆ ပေနှင့် အမြင့် ၄၈ ပေ RC အမျိုးအစား ဆောက်လုပ်မည် ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည် ပင်းခွဲစိတ်အထူးကုဆေးရုံကြီးသည်တာမွေမြို့နယ်တွင်တည်ရှိပြီးခုတင်၁၅၀ဆံ့ဆေးရုံကြီး ဖြစ်ကာအနယ်နယ်အရပ်ရပ်မှ လာ ရောက်ကုသသည့် ဆေးရုံကြီးဖြစ် သည်။ လူနာဦးရေ ၁၅၀ ခန့် တက်ရောက်ကုသလျက်ရှိပြီး ပြင်ပလူနာဌာနသို့ တစ်နေ့လျှင် လူနာဦးရေ ၃၀၀ မှ ၄၀၀ ခန့် လာရောက်ပြသလျက်ရှိကြောင်း ယင်းဆေးရုံမှတ်တမ်းများအရ သိရ သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service