ရွေးကောက်ပွဲနီးချိန်တွင် တိုက်ခန်းသစ်ဈေးများ ကျဆင်း - Property News in Myanmar from iMyanmarHouse.com
2963 Views

ရွေးကောက်ပွဲနီးချိန်တွင် တိုက်ခန်းသစ်ဈေးများ ကျဆင်း

ရွေးကောက်ပွဲကျင်းပ ရန် ရက်ပိုင်းသာလိုချိန်တွင် ရန်ကုန်မြို့ရှိ အသစ်ဆောက်လုပ်ပြီးစ တိုက်ခန်းဈေးနှုန်းများသည် ၂၅ ရာခိုင် နှုန်းခန့်အထိ ကျဆင်းလာ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင် အများစုက ပြောသည်။

နိုင်ငံတကာမှ လုပ်ငန်းရှင် များနှင့် ပြည်တွင်းစီးပွားရေးသ မားများက ရွေးကောက်ပွဲအခြေ အနေကို စောင့်ကြည့်နေချိန်တွင် ယခင်နှစ်က အရှိန်အဟုန်ကောင်းခဲ့သော တည်ဆောက်ရေးလုပ် ငန်းများသည် ယခုအခါ ငွေကြေး အကျပ်အတည်း ကြုံနေရ ကြောင်း တည်ဆောက်ရေးလုပ် ငန်းရှင်များက မကြာခဏ သတင်းမီဒီယာများအား ပြောကြားသည်။

တိုက်ခန်းနှင့် ခြံအချို့ ဈေး လျှော့ရောင်းချမှုသည် မြို့တွင်း ထက် ဆင်ခြေဖုံး မြို့နယ်များတွင် ပို များကြောင်း သိရသည်။ လက်ရှိ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ပုဇွန်တောင်၊ လမ်းမ တော်၊ ဗိုလ်တထောင်မြို့နယ်များ မှ တိုက်ခန်း ဈေးနှုန်းများသည် ကျဆင်းမှု မရှိဘဲ မရမ်းကုန်း၊ သင်္ဃန်းကျွန်း စသော မြို့နယ်များမှ အသစ်ဆောက်လုပ်သည့် တိုက်ခန်းများသာ ဈေးနှုန်းလျှော့ ရောင်းချခြင်းဟု ဦးသန်းဦးက ရှင်းပြသည်။

‘‘သက်တမ်းနှစ် ၂၀ အတွင်း မှာ တတိယအကြိမ်မြောက် အ ခက်အခဲကိုရင်ဆိုင်ရတာပဲ’’ဟု အောင်မြင်ပြည့်စုံ ဆောက်
လုပ် ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက် တာ ဦးအောင်မင်းက မှတ်ချက် ပြုသည်။

တည်ဆောက်ရေးလုပ်ငန်း များတွင် ၂၀၁၄ ၌ ဖွံ့ဖြိုးမှုအား ကောင်းခဲ့ပြီး အခြားလုပ်ငန်း လုပ် ကိုင်သူများပါ ဆောက်လုပ်ရေး လုပ်ငန်းသို့ ၀င်ရောက်လာသည်။

‘‘ကိုယ်ပိုင်ငွေနဲ့ တည် ဆောက်မှုတွေတော့ ရှိနေသေး တယ်။ ဒါပေမဲ့ ကြိုပွိုင့်ရောင်းပြီး ဆောက်တဲ့ သူတွေတော့ ဒီအချိန်မှာ မလုပ်နိုင်ကြတော့ဘူး’’ ဟု Three Friend ဆောက်လုပ်ရေးကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးကိုကိုလေးက ပြောသည်။

၂၀၁၅ နှစ်ဆန်းပိုင်းမှ စတင် ၍ ရွေးကောက်ပွဲအခြေအနေကို ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ကိုင်သူများမှ စောင့်ကြည့်မှု၊ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုကျ ဆင်းလာမှုတို့အပြင် တရားမ၀င် ၀ယ်ရောင်းဈေးကွက်ပြိုလဲမှုတို့ ကြောင့်တိုက်ခန်းဈေးများ ကျ ဆင်းရခြင်းဟု အိမ်ခြံမြေအကျိုး အချို့က ထောက်ပြသည်။

‘‘ရွေးကောက်ပွဲပြီးရင် ဈေး ကွက်က ပြန်လှုပ်လာနိုင်တယ်။ ရလဒ်ပေါ်မူတည်ပြီး တည်တည် ငြိမ်ငြိမ်နဲ့ ပြန်လှုပ်လာမလား၊ မတည်မငြိမ်နဲ့ ပြန်လှုပ်လာမလားဆိုတာ လူတိုင်း သိချင်နေကြ တယ်’’ဟု မဏ္ဍိုင်အိမ်ခြံမြေ အ ကျိုးဆောင်ဦးသန်းဦးက ရှင်းလင်းပြောကြားသည်။

တိုက်ခန်းဈေးကွက်သာမက ရင်းနှီးမြှုပ်နှံမှုများ စောင့်ကြည့်နေ မှုကြောင့် ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်မှာလည်း အရောင်းအ၀ယ်အေးပြီး မြေကွက်အချို့ ဈေး လျှော့ရောင်းချမှုများရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service