ရွှေတိဂုံဝန်းကျင်၌ အဆောက်အအုံ ဆောက်လုပ်မှုများက စေတီတော်ကြီး၏ ကြံ့ခိုင်မှုကို ထိခိုက်နိုင်သဖြင့် ကန့်သတ်သင့် - Property News in Myanmar from iMyanmarHouse.com
798 Views

ရွှေတိဂုံဝန်းကျင်၌ အဆောက်အအုံ ဆောက်လုပ်မှုများက စေတီတော်ကြီး၏ ကြံ့ခိုင်မှုကို ထိခိုက်နိုင်သဖြင့် ကန့်သတ်သင့်

ရွှေတိဂုံစေတီဝန်းကျင်တွင် တည်ဆောက်နေသည့် ဆောက်လုပ် ရေး စီမံကိန်း ငါးခု ခေတ္တရပ်ဆိုင်း ထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက အချက် ခြောက်ချက်ပါ စိစစ်တွေ့ရှိချက်များ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ သိရသည်။

”အချက်ခြောက်ချက်ကို တင်ပြ ထားပြီး ဖြစ်ပေမယ့် အဲဒီအချက် ခြောက်ချက်မှာ ဘာတွေပါလဲ ဆိုတာ တော့ မပြောနိုင်ပါဘူး”ဟု မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မြင့်က မေလ ၁၈ ရက်တွင် The Trade Times ကို ပြောသည်။

အဆင့်မြင့်ကွန်ဒိုများ ဆောက် လုပ်မည့် စီမံကိန်းများမှာ ရွှေတိဂုံ စေတီတော် အနီးတစ်ဝိုက်တွင် တည်ရှိသည့်အတွက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာသမိုင်းဝင်အမွေအနှစ် ရွှေတိဂုံစေတီတော်ယိုယွင်းပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် မြို့ပြစီမံ ကိန်းပညာရှင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပညာရှင်များ က ယင်းစီမံကိန်းများအပေါ် ဝေဖန် အကြံပြုချက်များအဆိုပြုလာသဖြင့်ယင်းစီမံကိန်းများကို ခေတ္တရပ်ဆိုင်းထားရန်၂ဝ၁၅ခုနှစ်၊ ဖေဖော်ဝါရီလလယ်ပိုင်းခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ညွှန်ကြားခဲ့ သည်။

ထို့နောက် ယင်းစီမံကိန်းများ သည် ပတ်ဝန်းကျင်မြေအနေအထား အပေါ် သက်ရောက်နိုင်စွမ်း ရှိမရှိ၊ မြေအောက်ရေအနေအထားအပါအဝင် မြေသားထိခိုက်နိုင်မှု ရှိမရှိ စသည်တို့နှင့်ပတ်သက်သည့် အင်ဂျင် နီယာ နည်းပညာပိုင်းများကို မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်းက ကွင်း ဆင်း စစ်ဆေးခဲ့သကဲ့သို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော် မတီကလည်း မြို့ပြဆိုင်ရာ master plan များ ရေးဆွဲလျက်ရှိကြောင်း သိရသည်။

အဆင့်မြင့်ကွန်ဒိုများ ဆောက် လုပ်မည့် စီမံကိန်းများမှာ ရွှေတိဂုံ စေတီတော် အနီးတစ်ဝိုက်တွင် တည်ရှိသည့်အတွက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာသမိုင်းဝင်အမွေအနှစ် ရွှေတိဂုံစေတီတော်ယိုယွင်းပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် မြို့ပြစီမံ ကိန်းပညာရှင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပညာရှင်များ က ယင်းစီမံကိန်းများအပေါ် ဝေဖန် အကြံပြုချက်များအဆိုပြုလာသဖြင့်ယင်းစီမံကိန်းများကို ခေတ္တရပ်ဆိုင်းထားရန်၂ဝ၁၅ခုနှစ်၊ ဖေဖော်ဝါရီလလယ်ပိုင်းခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ညွှန်ကြားခဲ့ သည်။

ထို့နောက်ယင်းစီမံကိန်းများသည်ပတ်ဝန်းကျင်မြေအနေအထားအပေါ်သက်ရောက်နိုင်စွမ်းရှိမရှိ၊ မြေအောက်ရေအနေအထားအပါအဝင် မြေသားထိခိုက်နိုင်မှုရှိမရှိစသည်တို့နှင့်
ပတ်သက်သည့်အင်ဂျင်နီယာနည်းပညာပိုင်းများကို မြန်မာ
နိုင်ငံ အင်ဂျင်နီယာအသင်းက ကွင်းဆင်းစစ်ဆေးခဲ့သကဲ့သို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော် မတီကလည်း မြို့ပြဆိုင်ရာျာေအနမ စူညေ များ ရေးဆွဲလျက်ရှိကြောင်း သိရသည်။

”မြေအောက်ရေထုတ်ယူသုံးစွဲမှု များရင်တော့ အပေါ်က အဆောက်အအုံတွေရဲ့တည်ငြိမ်မှုကိုထိခိုက် နိုင်တယ်။ ရွှေတိဂုံအနီးက စီမံကိန်း တွေတင်မဟုတ်ပါဘူး။ နေရာတိုင်းမှာ လည်း မြေအောက်ရေထုတ်ယူပြီးလို့အဲဒီ ရေlevel ပြန်မဖြည့်နိုင်ရင် မြေကြီးက ကျုံ့သွားတဲ့သဘော ရှိပါ တယ်”ဟု ဦးအောင်မြင့်က ပြော သည်။

လက်ရှိတွင်ရန်ကုန်မြို့အနေအထားအရမိုးရွာသွန်းရက်များ
လျော့နည်းလာခြင်း၊ ရန်ကုန်မြို့ တော်အနှံ့တွင် ကွန်ကရစ်လမ်းများ အမြောက်အမြား ခင်းကျင်းလာခြင်း စသည်တို့ကြောင့် မြေအောက်သို့ ရေစိမ့်ဝင်နိုင်သည့် ပမာဏနည်းပါး လာသကဲ့သို့ တစ်ဖက်တွင် မြေ အောက်ရေ ထုတ်ယူသုံးစွဲမှု များပြား လာသော်လည်း ထိုသို့ ထုတ်ယူ သုံးစွဲသည့် ရေပမာဏကို ပြန်လည် ဖြည့်တင်းမပေးနိုင်
ခြင်းကြောင့် မြေအောက်ရေပမာဏ လျော့နည်း သည်ထက် လျော့နည်းလာနိုင်သည်။

ထိုသို့ မြေအောက်ရေပမာဏ လျော့နည်းလာသည့်အချိန်တွင် မြေထုအပေါ်၌ ဆောက်လုပ်ထားသောထုထည်ကြီးမား
သည့်အဆောက်အအုံများ၏တည်ငြိမ်မှုထိခိုက်စေစမြဲ
ဖြစ်သည်။

ထို့ကြောင့် ရွှေတိဂုံစေတီတော် အနီးဝန်းကျင်တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ် မည်ဆိုပါက ရွှေတိဂုံစေတီတော်ကြီး ၏ လက်ရှိ ခိုင်ခံ့မှုအနေအထားနှင့် ကုန်းတော်၏ မြေလွှာကြောများ တည်ငြိမ်မှုအခြေအနေ၊ မြေအောက် ရေထုတ်ယူသုံးစွဲသည့် ပမာဏနှင့် တည်ဆောက်မည့် အဆောက်အအုံ များ၏ ရေဆိုးစနစ်၊ မိလ္လာစနစ်စသည် တို့ကိုပါ စနစ်တကျ ထည့်သွင်း တွက်ချက်ရန် လိုအပ်ပြီး ရွှေတိဂုံ စေတီအနီး အထပ်မြင့်စီမံကိန်းများ ဆောက်လုပ်ရန် ခွင့်ပြုခြင်း မရှိမီ ပညာရပ်ဆိုင်ရာ ဆန်းစစ်ချက်များ ကိုပါ မဖြစ်မနေ ပြုလုပ်ရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ ဗိသုကာ အသင်းက မေလ ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌လည်း ဖော်ပြထားသည်။

”ရွှေတိဂုံဘုရားဝန်းကျင်မှာ တော့ ဘယ် လူနေအိမ်တွေ၊ စီမံကိန်း တွေမှ မလုပ်သင့်ပါဘူး။ ရန်ကုန်ရဲ့ မြေအနေအထားက ၁၅ ပေလောက် တူးရင် ရေက ထွက်နေပြီ။ သူတို့ တွေက အောက်ကို သုံးထပ်လောက် တူးမှာဆိုတော့ မြေအောက် ရေကြော ကို အနည်းနဲ့ အများဆိုသလို ထိခိုက် နိုင်တဲ့အပြင် ဘုရားကြီးကလည်း နှစ်ပေါင်းထောင်ချီနေပြီး သံချောင်း တွေ ဘာတွေနဲ့ ဆောက်ထားတာ မဟုတ်ဘဲ အုတ်စီပြီး ဆောက်ထား တာဖြစ်တော့ ကြံ့ခိုင်မှုကို အနည်းနဲ့ အများဆိုသလို ထိခိုက်နိုင်တယ်။

မြေငလျင်လှုပ်တိုင်းလည်း ရွှေတိဂုံက အနည်းနဲ့ အများ ထိခိုက်ခဲ့တာ အားလုံးအသိပဲ”ဟု သတ္တုတွင်း ပညာရှင် ဦးစောမိုးမြင့်က မေလ ၁၈ ရက်တွင် The Trade Times ကို ပြောသည်။

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနရုံးတွင် မေလ ၁၇ ရက်၌ ကျင်းပခဲ့သည့် Save the Shwedagon Forum တွင် ရွှေတိဂုံ စေတီတော်မယိုယွင်းမပျက်စီးစေ ရေးအတွက် ပညာရှင်များ၏ဝိုင်းဝန်း ဆွေးနွေးအကြံပြုချက်များကို မြန်မာ
နိုင်ငံဗိသုကာအသင်းက နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ သို့ တင်ပြခဲ့သည်။

အကယ်၍ယင်းစီမံကိန်းများအကောင်အထည်ဖော်ဖြစ်ပါက
ရွှေတိဂုံစေတီတော်ဝန်းကျင်တွင် ဈေးဝယ်စင်တာများ၊ လူနေအိမ်ခန်း များ ပါဝင်သည့် အဆောက်အအုံများ အများအပြား ပေါ်ထွက်လာနိုင်မည် ဖြစ်သည့်အတွက် လူနေထူထပ်ကာ ယာဉ်ကြောကျပ်တည်း ရှုပ်ထွေးမှု များ ဖြစ်ပေါ်လာနိုင်သည့်နည်းတူ မြေအောက်ရေထုတ်ယူ သုံးစွဲမှုများ၊ ရေသုံးစွဲမှု၊မိလ္လာစွန့်ပစ်မှုအစရှိသည့် နေထိုင်မှုနှင့်အတူ တွဲဖက်ပါလာမည့် နောက်ဆက်တွဲ ဖြစ်ရပ်များ ကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာ ဗုဒ္ဓဘာသာတို့၏ ဂုဏ်ကျက်သရေ ကို တင့်တယ်စေသည့် ရွှေတိဂုံစေတီ တော်၏ ပုံရိပ်ကိုပါ ထိခိုက်လာနိုင် စေသည်ဟုပညာရှင်များနှင့်ဗုဒ္ဓဘာသာဝင်အပေါင်းကလည်း တညီတညွတ်တည်း ဝေဖန်သုံးသပ်လျက် ရှိသည်။

ရွှေတိဂုံစေတီတော်အနီး ဝန်းကျင် တွင် ဆောက်လုပ်မည့် ဆောက် လုပ်ရေး စီမံကိန်း ငါးခုကို သုခ ရတနာ၊ ရွှေတောင် Mega Land Mark၊ Adventure Myanmar and Tour ကုမ္ပဏီတို့က တပ်မတော် ပိုင်မြေများပေါ်တွင်BOTစနစ်ဖြင့်ငှားရမ်းလုပ်ကိုင်ခြင်း
ဖြစ်သည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service