မုံရွာမြို့နန္ဒာဝန်ရပ်ကွက်၊ မေတ္တာလမ်းနှင့် အောင်ဇေယျ လမ်းကြား၌ နန္ဒာဝန်တန်ဖိုးမျှ အိမ်ရာစီမံကိန်းအကောင်အ ထည်ဖော်ရန်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှအတည်ပြုပြီးနောက်ပိုင်း ယင်း အိမ်ရာစီမံကိန်း အနီးဝန်းကျင်၌အိမ်ခြံမြေ၀ယ်လိုအား မြင့်တက်လာကြောင်း မုံရွာဒေသခံများထံမှသိရသည်။ မြေဧက ၁၅.၅၉၈ ဧက မြေပေါ်၌တည်ဆောက်မည်ဖြစ်သော နန္ဒာဝန်တန်ဖိုးမျှအိမ်ရာစီမံကိန်း၌ ၈ ခန်းတွဲ ၆ ထပ်တန်ဖိုးမျှအိမ်ရာ ၂၂လုံး၊ ၈ခန်းတွဲ ၄ ထပ် အပျိုဆောင်၊ လူပျိုဆောင် ၂ လုံး၊ ၄ ခန်းတွဲ ၄ ထပ်ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၆၃၀၀ ကျော်နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ”
အိမ်ရာစီမံကိန်းအကောင်အထည်ဖော်မယ်ဆိုတော့ အိမ်ခြံ မေ၀ယ်လိုအားမြင့်လာတယ်။ အရင်က ၀ယ်လက်မလိုက်တဲ့ဆူးခြုံတောတွေပါ။ စီမံကိန်းရှိလာလို့ သိန်း ၅၀၀ ကနေ သိန် ၁၀၀၀ အထိဈေးတက်လာတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သိန်း ၂၀၀-၃၀၀ ပေါက်တဲ့မြေဆိုရင် စီမံ ကိန်းအကောင်အထည်ဖော်မယ်ဆိုတဲ့သတင်းကြောင့် သိန်း ၄၀၀ -၅၀၀ ကျော်အထိ ပေါက်ဈေး မြင့်လာတယ်” ဟု မုံရွာမြို့ခံကပြောသည်။
အဆိုပါစီမံကိန်းအကောင်အထည်ဖော်ပြီးပါက ၀န်ထမ်းများ၊ ဆင်းရဲနွမ်းပါသူများ၊ အငြိမ်းစားဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ မသန်စွမ်းသူများကျဆုံးစစ်သည်မိသားစုများကို ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
Credit: Shwesathtagan