မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
630 Views

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား လွှဲပြောင်းရောင်းချရာတွင် နိုင်ငံသားအချင်းချင်းသာ ပိုင်ဆိုင်ခွင့် လွှဲပြောင်းဆောင်ရွက်ခွင့်ရှိပြီး မရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေအား နိုင်ငံခြားသားကိုဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီကိုဖြစ်စေ လွှဲပြောင်းရောင်းချခြင်းကို ပုဒ်မ - ၃ အရ ကန့်ကွက်ထားပါသည်။

ထို့အပြင် မရွှေ့မပြောင်းနိုင်သောပစ္စည်း ရောင်းချမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် လိုအပ်လာလျှင်လဲ သက်ဆိုင်ရာဌာနများမှာ ကော်မတီတစ်ရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခြင်း ပြုနိုင်ပါသည်။ ကော်မတီမှ ကန့်သတ်သည်များအား ဆန့်ကျင်ပြီး နိုင်ငံခြားသား (သို့) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ထားခြင်း ရှိမရှိ စာချုပ်စာတမ်းများ တောင်းယူစစ်ဆေးပါသည်။ အမည်ခံသူနှင့် အရောင်းအဝယ် စာချုပ်ချုပ်ဆိုကြောင်း တွေ့ရှိပါကလဲ အရေးယူမှု ပြုနိုင်ပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ လုပ်ငန်းလုပ်ကိုင်ရာ နေရာ၊ ဥပစာအတွင်းသို့ လိုအပ်လျှင် သက်သေများပါ ပါဝင်၍ ကြည့်ရှုစစ်ဆေးခွင့်နှင့် ရှာဖွေမှု ပြုနိုင်ပါသည်။

နိုင်ငံအတွင်း မူလရှိနှင့်နေသော နိုင်ငံခြားသားပိုင်၊ နိုင်ငံခြားသားကုမ္ပဏီပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား ပုဒ်မ- ၈ အရ နိုင်ငံခြားသားကိုယ်တိုင် ၎င်းပစ္စည်းတည်ရှိရာ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထား ရှိရန် လိုပါသည်။ ထို့ပြင် မရွှေ့မပြောင်းနိုင်သောပစ္စည်းအား မိမိမှ မည်သို့ရရှိထားကြောင်း မှတ်ပုံတင်အရာရှိထံ ပိုင်ဆိုင်မှုစာချုပ်စာတမ်း အထောက်အထားများနှင့်အတူ တင်ပြနိုင်ရမည်။

မှတ်ပုံတင်အရာရှိသည်မှ စုံစမ်းစစ်ဆေး၍ မှတ်ပုံတင်ပေးခြင်း၊ ပြန်လည်စိစစ်ရန် အမိန့်ချမှတ်ခြင်း၊ မိမိ ကိုယ်တိုင်စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ယာယီထိန်းသိမ်းထားခြင်း၊ တရားစွဲဆိုသင့်ကြောင်း ဝန်ကြီးဌာနသို့တင်ပြခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

မှတ်ပုံတင်ရာတွင်လဲ ထိန်ချန်မှုရှိမရှိ၊ မှန်ကန်ခြင်းရှိမရှိ ပုဒ်မ - ၁၀ နှင့် အညီ မြို့နယ်မှတ်ပုံတင်အဖွဲ့မှ စုံစမ်းစစ်ဆေးပြီး ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြပေးမည်ဖြစ်ပါသည်။ မရွှေ့မပြောင်းနိုင်သော အိမ်၊ ခြံ၊ မြေအား နိုင်ငံခြားသားအား ငှားရမ်းလျှင်လဲ တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ အငှားချထားခြင်း ပြုခွင့်မရှိပါ။

မူလရှိနှင့်နေသော နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်းအားလဲ နိုင်ငံခြားသား ကွယ်လွန်လျှင်၊ အခြားနိုင်ငံခြားတစ်ခုခုသို့ အပြီးထွက်ခွာလျှင်၊ ပြည်နှင်ဒဏ် ပေးအပ်သည့်အခါ ပုဒ် - ၆ နှင့်အညီ အမွေဆက်ခံခွင့်ပေးခြင်း၊ ပြည်သူ့ဘဏ္ဏာအဖြစ် သိမ်းဆည်းခြင်းတို့ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ပုဒ်မ- ၁၇ အရ ပြည်သူ့ဘဏ္ဏာအဖြစ် သိမ်းဆည်းရလျှင်လဲ တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းမှ ဆက်လက် ဆောင်ရွက်သွားနိုင်ပါသည်။

အမွေဆက်ခံမှုတွင်လဲ အမွေဆက်ခံသူအချင်းချင်း သဘောတူညီလျှင် ပုဒ်မ - ၇ အရ အမွေခွဲဝေပေးခြင်းလဲ ဆောင်ရွက်ပေးနိုင်ပါသည်။ အမွေဆက်ခံသူများမှာ သဘောတူညီချက်အား ပုဒ်မ- ၁၆ နှင့်အညီ သက်ဆိုင်ရာ မြို့နယ်ပြည့်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့တွင် လက်မှတ်ရေးထိုး အမွေခွဲဝေခြင်း ဆောင်ရွက်နိုင်ပါသည်။ တရားရုံးအမိန့်တစ်ရပ်ဖြင့် အဆုံးအဖြတ်ပြုရမည်ဆိုပါကလဲ တရားရုံးမှ အမွေဆက်ခံမှု ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအား နိုင်ငံခြား သံတမာန်အဖွဲ့အစည်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကင်းလွတ်နိုင်သည့် အခွင့်အရေးရှိပါသည်။ နိုင်ငံနှင့် အကျိုးတူကိစ္စရပ်များ ဆောင်ရွက်နေသော နိုင်ငံခြားသားကုမ္ပဏီများမှာလဲ ဤဥပဒေနှင့် သက်ဆိုင်ခြင်းမရှိပါ။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်း ကန့်သတ်သည့်ဥပဒေအား ဖောက်ဖျက်ကျုးလွန်မှုရှိခဲ့လျှင် (၃)နှစ်၊ အမြင့်ဆုံး (၅)နှစ် ထောင်ဒဏ် အပြင် အိမ်ခြံမြေ ပစ္စည်းကို သိမ်းဆည်းခြင်းလဲခံရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service