စံငှားရမ်းခ သတ်မှတ်ခြင်းနှင့် ဥပစာငှားရမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
519 Views

စံငှားရမ်းခ သတ်မှတ်ခြင်းနှင့် ဥပစာငှားရမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

အဆောက်အအုံ ဆောက်လုပ်ထားသောမြေ၊ အဆောက်အအုံ၏ အစိတ်အပိုင်း၊ ဈေးဆိုင်၊ ကုန်ပစ္စည်း သိုလှောင်ရုံ ဆောက်အအုံ၊ တိုက်ခန်း၊ အိမ်ထောင်ပရိဘောဂများပါဝင်သော အခန်း၊ သီးခြားအငှားချထားသည့် မြေ ကို ဥပစာဟုခေါ်ပါသည်။ မိမိနေထိုင်ရန်အတွက် ကိုယ်တိုင်ဖြစ်စေ၊ အခြားသူမှ တဆင့်ဖြစ်စေ အဆောက်အအုံ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းအား ငှားရမ်းခပေးချေရသူကို အိမ်ငှားဟု ခေါ်ဆိုပြီး လက်ရှိဥပစာအတွင်း နေထိုင်သူများ၊ အိမ်ငှားနှင့်သက်ဆိုင်အကျိုးခံစားခွင့်ရရှိထားသူများ၊ တရားဝင်ကိုယ်စားလှယ် များအားလုံးပါ အိမ်ငှားဟု သတ်မှတ်နိုင်ပါသည်။ ကြီးကြပ်ရေးဝန်ထံ ဥပစာအား အငှားချထားခွင့်ပြုသော လက်မှတ်ရရှိရန် ကြီးကြပ်ရေးဝန်ထံ အိမ်ရှင်မှ တင်ပြလျှောက်ထားနိုင်ပါသည်။

လျှောက်လွှာတွင် အောက်ပါစာရွက်စာတမ်းများ ဖော်ပြလျှောက်ထားရပါမည်။

ဥပစာအကြောင်းအရာ၊ အခန်းနံပါတ်၊ အထပ်နံပါတ်၊ အိမ်နံပါတ်၊ လမ်းအမည်၊ မြေဖြစ်လျှင်လဲ မြေကွက် နံပါတ်၊ အကွက်နံပါတ်၊ ပိုင်ရှင်အမည်၊ နေရပ်လိပ်စာ ၊ အိမ်ငှား၏ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ တောင်းဆိုရန် ကြံရွယ်သည့်ငှားရမ်းခ၊ အခွန်စည်းကြပ်ရာတွင် အခြေခံတန်ဖိုး၊ အဆောက်အအုံ အမျိုးအစား၊ ငှားရမ်းမည့် ခန့်မှန်းရက်တို့ ငှားရမ်းခ ကြီးကြပ်ရေးထံ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။ ပြည့်စုံမှုရှိပါက အငှားချထား ခွင့်ပြုသော လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။

အဆိုပါ ဥပစာများအား ငှားရမ်းခကြီးကြပ်ရေးဝန်မှ သတ်မှတ်သည့် တရားသူကြီး၏ အမိန့်တစ်ရပ်ရပ်နှင့် မဆန့်ကျင်သည့် ငှားရမ်းခအား စံငှားရမ်းခဟု ခေါ်ဆိုပါသည်။

အိမ်ရှင်မှ ဥပစာအား ပြင်ဆင်စရိတ်၊ ကုန်ဈေးနှုန်းများပေါ် မူတည်၍ စံရမ်းခအားလဲ တိုးမြှင့်ပြောင်းလဲ ပေးရန် လျှောက်ထားခြင်းလဲ ပြုနိုင်ပါသည်။ စံငှားရမ်းခသတ်မှတ်ခြင်းများ၌ ကာလအပိုင်းအခြားအလိုက် တိုးမြှင့် ပေးရန် ငှားရမ်းစာချုပ်၌ စည်းကမ်းချက်ဖြင့် သတ်မှတ်ဖော်ပြပါက ငှားရမ်းခအား တိုးမြှင့်ကောက်ခံခြင်း ပြုသွား နိုင်သည်။ အပိုဒ်ခွဲ (က-က)၊ (ခ-ခ)၊ (ဂ-ဂ)၊ (ဃ-ဃ)(၂)၊ (င-င) အရ စံငှားရမ်းခအား စီးပွားရေး အခြေအ နေများအရ တိုးမြှင့်ထိုက်ကြောင်း အစိုးရမှ ဆုံးဖြတ်လျှင် မူလ ကောက်ခံနှုန်းထက် (၂၅%)ထက် မပိုစေဘဲ တိုး မြှင့် ကောက်ခံခြင်း ပြုနိုင်သည်။

မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ-၁၀ အရ ဥပစာတစ်ခုခုအား အငှားခထားခြင်းလျှင် ငှားရမ်းခအပြင် နောက်ထပ်ဒဏ်ငွေ၊ စဘော်ငွေ (သို့) အခြားငွေပေးဆောင်ရန်၊ မတောင်းဆိုရ၊ စရန်ငွေလက်ခံလျှင်လဲ တစ်လအတွက် ငှားရမ်းခထက်ပိုသော စရန်ငွေကို တောင်းဆိုခြင်းမပြုရပါ။ ငှားရမ်ခြင်းအား အိမ်ရှင်မှ ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရပ်စဲလိုပါကလဲ နို့တစ်စာပေးပို့၍ ဥပဒေနှင့်အညီ ရပ်စဲရမည်ဖြစ်ပါသည်။

အကြောင်းပြချက်မရှိဘဲ အိမ်ရှင်မှ အိမ်လခလက်ခံရရယူရန် ငှားရမ်းခြင်းစာချုပ်နှင့် ဆန့်ကျင်၍ ငြင်းဆို လျှင်လဲ အိမ်ငှားမှာ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ အိမ်ငှားခပေးသွင်းခြင်းလဲ ပုဒ်မ-၁၆ အရ ဆောင်ရွက်ခြင်း ပြုနိုင်ပါသည်။

နေအိမ်၊ တိုက်ခန်းအား ပြုပြင်ရာတွင်လဲ အိမ်ရှင်မှ ပြုပြင် မပေးဘဲ ပျက်ကွက်လျှင် အိမ်ငှားမှ ကုန်ကျ စရိတ်အား ကြီးကြပ်ရေးဝန်ထံ တင်ပြပြီး အိမ်ငှားမှ အမိန့်စာပါ သတ်မှတ်ငွေအတိုင်း ပြင်ဆင်ခွင့်ရှိကာ ငှားရမ်းခ ထဲမှ အိမ်ငှားမှ နုတ်ပယ်ခြင်းပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနဖြင့် ရေးသားပေးလိုက်ပါသည်။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service