ဒဂုံမြို့သစ်လေးမြို့နယ်အတွင်း ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းမြို့နယ် အိမ်ခြံမြေများ အရောင်းအဝယ်ပိုသွက်နေ - Property News in Myanmar from iMyanmarHouse.com
845 Views
ဒဂုံမြို့သစ်လေးမြို့နယ်အတွင်း ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းမြို့နယ် အိမ်ခြံမြေများ အရောင်းအဝယ်ပိုသွက်နေ
[Unicode]
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ် (၄) မြို့နယ်ဖြစ်သော ဒဂုံမြို့သစ် ဆိပ်ကမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် တို့အနက် ဒဂုံအရှေ့  နှင့် ဒဂုံမြောက်ပိုင်းမြို့နယ် များရှိ အိမ်ခြံမြေများမှာ လတ်တလောအခြေအနေတွင် အရောင်းအဝယ်ပိုသွက်နေကြောင်း ဒဂုံမြို့သစ် (၄) မြို့နယ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များ အသိုင်းအဝိုင်းမှ သိရသည်။
“လက်ရှိအနေအထားအရတော့ ဒဂုံအရှေ့နဲ့မြောက်ပိုင်းက မြေကွက်တွေ၊ အိမ်ခြံမြေတွေက အရောင်းအဝယ်သွက်နေတယ်လို့ ပြောလို့ရပါတယ်။ အရှေ့ပိုင်းက ‌မြေကွက်အလွတ်တွေ ပိုပြီးအရောင်းအဝယ်ဖြစ်နေတယ်။ မြောက်ပိုင်းမှာဆိုရင်တော့ ရပ်ကွက်အတွင်းပိုင်း အိမ်အပါ ပေ (၄၀x၆၀) အကွက်တွေ အရောင်းအဝယ် ဖြစ်နေပါတယ်” ဟု 777 အရှေ့ဒဂုံအိမ်ခြံမြေရောင်းဝယ်ရေးမှ အကျိုးဆောင်က iMyanmarHouse ကိုပြောသည်။
အဆိုပါ အိမ်ခြံမြေဈေးနှုန်းများမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အတွင်းမှာဆိုရင် ရပ်ကွက်အတွင်းပိုင်းက ကျပ်သိန်း (၄၀၀၀) နှင့်အထက်ပတ်လည်ရှိပြီး လမ်းမတန်းနှင့် အနီးတစ်ဝိုက်ကတော့ ကျပ်သိန်းတစ်သောင်း ဝန်းကျင်ခန့်ရှိကြောင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အတွင်းမှာတော့ ၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ်ကွက်များရှိ မြေကွက်များသည် ပိုမိုပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း မြေကွက်ဈေးနှုန်းများ   မှာ ပေ(၄၀X၆၀) ကျပ်သိန်း (၆၀၀) မှ ကျပ်သိန်း (၁၀၀၀) ကျော် ရှိနေကြောင်း၊ လက်ရှိအချိန်တွင် ယင်းရပ်ကွက်များ တည်ရှိရာနေရာများသည် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများရှိလာသောကြောင့် စည်ကားဖွံ့ဖြိုးလာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ယင်းရပ်ကွက်အချို့တွင် စည်ပင်ရေ(ဂျိုးဖြူ) ရေများလည်းသွယ်တန်းပေးဝေနေပြီဖြစ်ကြောင်း ထပ်မံသိရှိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ် (၄) မြို့နယ်ဖြစ်သော ဒဂုံမြို့သစ် ဆိပ်ကမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် တို့အနက် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းမြို့နယ်များရှိ အိမ်ခြံမြေများမှာ လတ်တလောအခြေအနေတွင် အရောင်းအဝယ်ပိုသွက်နေကြောင်း ဒဂုံမြို့သစ်၎မြို့နယ် အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များ အသိုင်းအဝိုင်းမှ သိရသည်။
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Upcoming Property Events
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service