လန်ဒန်တွင် ကားပါကင်တစ်နေရာကို ပေါင် ၁၁၀၀၀၀ (မြန်မာငွေ သိန်း ၂၅၀၀ ကျော်) ဖြင့် ရောင်းမည်

လန်ဒန်တွင် ကားပါကင်တစ်နေရာကို ပေါင် ၁၁၀၀၀၀ (မြန်မာငွေ သိန်း ၂၅၀၀ ကျော်) ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
13 Jun 2022 11:26 am တွင် တင်ခဲ့သည်
1228 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် လူနေအဆောက်အအုံတစ်ခု၏ မြေအောက်ကားပါကင်နေရာတစ်ခုကို ပေါင် ၁၁၀၀၀၀ (မြန်မာကျပ်ငွေအားဖြင့် ၂၅၂၁ သိန်း) ဖြင့် ရောင်းချရန် ဈေးကွက်တင်လာသည်။

လန်ဒန်မြို့ကြီးတွင် အခန်းဖွဲ့မပါသော Studio အခန်းကျဉ်းတစ်ခန်း၏ ဈေးနှုန်းပင် အလွန်ဈေးကြီးနေပြီ ဖြစ်သည်။

ပေါင် ၁၁၀၀၀၀ ဖြင့်ဆိုလျှင် လန်ဒန်တွင် သင်၏ ကိုယ်ပိုင်နေရာတစ်ခုကို ကားပါကင်အသွင်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။

ရောင်းချမည့် ကားပါကင်နေရာမှာ စတုရန်းပေ ၁၀၀ ရှိပြီး တန်ဖိုးကြီးလူနေအိမ်ရာတစ်ခု၏ မြေအောက်ကားပါကင်နေရာတွင် တည်ရှိသည်။ ခေါ်ဈေးဖြင့် ဝယ်ယူမည်ဆိုပါက ၁ စတုရန်းပေလျှင် ပေါင် ၁၁၀၀ ကျသင့်မည် ဖြစ်သည်။

ကားပါကင်နေရာကား ထူးထူးခြားခြားမရှိလှ။ သာမာန်ကွန်ကရစ်ကြမ်းခင်းသာဖြစ်ပြီး အမိုးတွင် မီးချောင်းအချို့ရှိသည်။

(ပေါင် ၁၁၀၀၀၀ ပေးလျှင် ပိုင်ဆိုင်နိုင်မည့် ကားပါကင်နေရာ)

ဈေးကွက်တင် ဓာတ်ပုံတွင် ခေါက်လှေကားတစ်စင်းကိုလည်းတွေ့ရသည်။ သို့သော် အရောင်းအဝယ်တွင် ထိုလှေကား ပါမည်မထင်ချေ။

အရောင်းဈေးကွက်တင်သူ Foxtons ကုမ္ပဏီ၏ ဖော်ပြချက်အရ အကောင်းဆုံးတည်နေရာတွင် တည်ရှိသည်ဟု ဖော်ပြထားသည်။ ၎င်းတို့၏ ဖော်ပြချက် မမှားပါ။

ထိုအဆောက်အအုံနေရာမှာ Belgravia အရပ်၊ Ebury လမ်းတွင် တည်ရှိပြီး Sloane Square နှင့် Pimlico တို့သို့ အလွယ်တကူ ရောက်ရှိနိုင်သည်။

(သင့်ကားအတွက် စတုရန်းပေ ၁၀၀ ရပ်နားရန်နေရာ)

ကားပါကင်နေရာ တည်ရှိသည့်အရပ်မှာ အလွန်ဈေးနှုန်းကြီးမြင့်သောနေရာတစ်ခု ဖြစ်သည်။

Rightmove ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ အဆိုပါလမ်းတွင် ပြီးခဲ့သောနှစ်အတွင်း နေအိမ်တစ်လုံး၏ ပျှမ်းမျှရောင်းဈေးမှာ ပေါင် ၁ ဒသမ ၈၇ သန်းရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်ကဆိုလျှင် ပျှမ်းမျှပေါက်ဈေးမှာ ပေါင် ၃၄၀၈၁၈၂ အထိရှိခဲ့ကြောင်း ဖော်ပြသည်။

Ebury လမ်းတွင် လည်ပတ်စရာနေရာများစွာ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ အရက်ဘားများ တည်ရှိသည်။

ယခုခေါ်ဈေးဖြင့်ဆိုလျှင် Durham ခရိုင်တွင် အိပ်ခန်း ၂ ခန်းပါ အိမ်တစ်လုံး ဝယ်နိုင်သည့်အပြင် ပေါင် ၁၅၀၀၀ ခန့်ပင် ပိုဦးမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ကားပါကင်နေရာမှာ ဟောင်ကောင်တွင်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်းက ဟောင်ကောင်ရှိ ကားပါကင်နေရာတစ်ခုကို ကန်ဒေါ်လာ ၁ ဒသမ ၃ သန်း( မြန်မာကျပ်ငွေ သိန်းပေါင်း ၂၄၀၀၀ ကျော်) ဖြင့် ရောင်းချခဲ့ဖူးသည်။

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: London parking space goes on sale for £110,000 (metro)

 

 

[Zawgyi]

လန္ဒန္တြင္ ကားပါကင္တစ္ေနရာကို ေပါင္ ၁၁၀၀၀၀ (ျမန္မာေငြ သိန္း ၂၅၀၀ ေက်ာ္) ျဖင့္ ေရာင္းမည္

အဂၤလန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕တြင္ လူေနအေဆာက္အအုံတစ္ခု၏ ေျမေအာက္ကားပါကင္ေနရာတစ္ခုကို ေပါင္ ၁၁၀၀၀၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၂၅၂၁ သိန္း) ျဖင့္ ေရာင္းခ်ရန္ ေဈးကြက္တင္လာသည္။

လန္ဒန္ၿမိဳ႕ႀကီးတြင္ အခန္းဖြဲ႕မပါေသာ Studio အခန္းက်ဥ္းတစ္ခန္း၏ ေဈးႏႈန္းပင္ အလြန္ေဈးႀကီးေနၿပီ ျဖစ္သည္။

ေပါင္ ၁၁၀၀၀၀ ျဖင့္ဆိုလွ်င္ လန္ဒန္တြင္ သင္၏ ကိုယ္ပိုင္ေနရာတစ္ခုကို ကားပါကင္အသြင္ျဖင့္ ရ႐ွိႏိုင္မည္ ျဖစ္သည္။

ေရာင္းခ်မည့္ ကားပါကင္ေနရာမွာ စတုရန္းေပ ၁၀၀ ႐ွိၿပီး တန္ဖိုးႀကီးလူေနအိမ္ရာတစ္ခု၏ ေျမေအာက္ကားပါကင္ေနရာတြင္ တည္႐ွိသည္။ ေခၚေဈးျဖင့္ ဝယ္ယူမည္ဆိုပါက ၁ စတုရန္းေပလွ်င္ ေပါင္ ၁၁၀၀ က်သင့္မည္ ျဖစ္သည္။

ကားပါကင္ေနရာကား ထူးထူးျခားျခားမ႐ွိလွ။ သာမာန္ကြန္ကရစ္ၾကမ္းခင္းသာျဖစ္ၿပီး အမိုးတြင္ မီးေခ်ာင္းအခ်ိဳ႕႐ွိသည္။

(ေပါင္ ၁၁၀၀၀၀ ေပးလွ်င္ ပိုင္ဆိုင္ႏိုင္မည့္ ကားပါကင္ေနရာ)

ေဈးကြက္တင္ ဓာတ္ပုံတြင္ ေခါက္ေလွကားတစ္စင္းကိုလည္းေတြ႕ရသည္။ သို႔ေသာ္ အေရာင္းအဝယ္တြင္ ထိုေလွကား ပါမည္မထင္ေခ်။

အေရာင္းေဈးကြက္တင္သူ Foxtons ကုမၸဏီ၏ ေဖာ္ျပခ်က္အရ အေကာင္းဆုံးတည္ေနရာတြင္ တည္႐ွိသည္ဟု ေဖာ္ျပထားသည္။ ၎တို႔၏ ေဖာ္ျပခ်က္ မမွားပါ။

ထိုအေဆာက္အအုံေနရာမွာ Belgravia အရပ္၊ Ebury လမ္းတြင္ တည္႐ွိၿပီး Sloane Square ႏွင့္ Pimlico တို႔သို႔ အလြယ္တကူ ေရာက္႐ွိႏိုင္သည္။

(သင့္ကားအတြက္ စတုရန္းေပ ၁၀၀ ရပ္နားရန္ေနရာ)

ကားပါကင္ေနရာ တည္႐ွိသည့္အရပ္မွာ အလြန္ေဈးႏႈန္းႀကီးျမင့္ေသာေနရာတစ္ခု ျဖစ္သည္။

Rightmove ဝက္ဘ္ဆိုက္၏ ေဖာ္ျပခ်က္အရ အဆိုပါလမ္းတြင္ ၿပီးခဲ့ေသာႏွစ္အတြင္း ေနအိမ္တစ္လုံး၏ ပွ်မ္းမွ်ေရာင္းေဈးမွာ ေပါင္ ၁ ဒသမ ၈၇ သန္း႐ွိခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္ကဆိုလွ်င္ ပွ်မ္းမွ်ေပါက္ေဈးမွာ ေပါင္ ၃၄၀၈၁၈၂ အထိ႐ွိခဲ့ေၾကာင္း ေဖာ္ျပသည္။

Ebury လမ္းတြင္ လည္ပတ္စရာေနရာမ်ားစြာ၊ ေဈးဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ား၊ အရက္ဘားမ်ား တည္႐ွိသည္။

ယခုေခၚေဈးျဖင့္ဆိုလွ်င္ Durham ခ႐ိုင္တြင္ အိပ္ခန္း ၂ ခန္းပါ အိမ္တစ္လုံး ဝယ္ႏိုင္သည့္အျပင္ ေပါင္ ၁၅၀၀၀ ခန္႔ပင္ ပိုဦးမည္ ျဖစ္သည္။

ကမ႓ာေပၚတြင္ ေဈးအႀကီးဆုံး ကားပါကင္ေနရာမွာ ေဟာင္ေကာင္တြင္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္အတြင္းက ေဟာင္ေကာင္႐ွိ ကားပါကင္ေနရာတစ္ခုကို ကန္ေဒၚလာ ၁ ဒသမ ၃ သန္း( ျမန္မာက်ပ္ေငြ သိန္းေပါင္း ၂၄၀၀၀ ေက်ာ္) ျဖင့္ ေရာင္းခ်ခဲ့ဖူးသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: London parking space goes on sale for £110,000 (metro)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service