ပဲနို့ကပေးတဲ့ အလှအပ
ပဲနို့ကပေးတဲ့ အလှအပ - Property Knowledge in Myanmar from iMyanmarHouse.com
3 Feb 2021 11:39 am တွင် တင်ခဲ့သည်
1206 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မနက်ခင်းမှာ မနက်စာ အနေနဲ့ဖြစ်ဖြစ် နေ့လယ်ခင်းမှာ အဆာပြေ အနေနဲ့ဖြစ်ဖြစ် ပဲနို့ သောက်တတ်ကြလား။ ဒါဆိုရင်တော့ အရသာကို သဘောကျလို့ သောက်နေတဲ့ ပဲနို့လေးကနေ အခုလို အလှအပ အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။
ပဲနို့ကပေးတဲ့ အလှအပ
ပဲနို့ သောက်သုံးတာက ခန္ဓာကိုယ်မှာ အကျိုးများသလို အလှအပ အတွက်လည်း အခုလို ထောက်ပံ့ပေး ပါသေးတယ်။
အရွယ်တင်စေတယ်
ပဲနို့မှာ ပဲကနေရတဲ့ အဆီအနှစ်တွေ ပြည့်ဝစွာ ပါဝင်နေပြီး အရွယ်တင် နုပျိုစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပဲနို့ကို သောက်ပေးရင်လည်း အရွယ်တင်နုပျိုစေသလို ပဲနို့ကို ကြက်ဥအကာနဲ့ ရောစပ်ပြီး အသားပေါ်မှာ လိမ်းပေးမယ် ဆိုရင်လည်း အရေးအကြောင်းတွေ လျော့ပါးစေပြီး အသားအရေကို တင်းရင်း လှပနေစေမှာပါ။
အသားမခြောက်အောင် ကာကွယ်ပေးတယ်
ပဲနို့မှာ ရေဓာတ်ပြည့်ဝစွာ ပါဝင်နေတာကြောင့် ရေဓာတ် ဖြည့်ပေးပြီး အသားအရေကို အစိုဓာတ် ပြည့်ဝစေပါတယ်။ ပဲနို့က အသားအရေ အတွင်းပိုင်းအထိ ရေဓာတ် ဖြည့်ပေးနိုင်တာ ဖြစ်သလို အသားအရေကို ချောမွတ်ပြီး နူးညံ့စေနိုင်ပါတယ်။
သန့်စင်ထားတဲ့ မျက်နှာပေါ်ကို ပဲနို့ကို ဂွမ်းစလေးနဲ့ တို့ယူပြီး အိပ်ရာမဝင်ခင် ညတိုင်း လိမ်းပေးပါ။ မနက်ခင်းမှာ လတ်ဆတ်ပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
ဆံပင် အဖျားနှစ်ခွတွေကို သက်သာစေတယ်
ပဲနို့မှာ ပရိုတင်း ပြည့်ဝစွာပါဝင်နေပါတယ်။ ပရိုတင်း ပြည့်ဝစွာ စားသုံးမှုက ဆံပင်အဖျား နှစ်ခွ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ ဆံသား ကျန်းမာစေဖို့အတွက်ကလည်း လုံလောက်ပြည့်ဝတဲ့ အာဟာရကို စားမိဖို့ လိုပါမယ်။ ဒါကြောင့် နေ့စဉ် ပုံမှန် ပဲနို့ တစ်ခွက် သောက်ပြီး ဆံသားနဲ့ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းလိုက်ပါ။ ဆံပင် အဖျားနှစ်ခွ ကင်းပြီး ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။
ဝိတ်ကျစေတယ်
လေဒီတိုင်း တောင့်တတဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် အချိုးအစား ပိုင်ဆိုင်နိုင်စေဖို့လည်း ပဲနို့က အားဖြည့်ပေးပါတယ်။ ပဲနို့က အပင် ကနေရတဲ့ ပရိုတင်း ပြည့်ဝစွာ ပါဝင်နေတာကြောင့် အဆီ ဖြစ်စေမှု နည်းသလို အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံ နိုင်စေပြီး မလိုအပ်ဘဲ မစားမိအောင် ကာကွယ်ပေးနိုင်ပါတယ်။
အရိုးမပွအောင် ကာကွယ်ပေးတယ်
ပဲနို့မှာ အသီးအရွက် ကနေရတဲ့ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် လေဒီလေးတွေမှာ အများဆုံး ဖြစ်တတ်တဲ့ အရိုးပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ သံဓာတ် အားနည်းမှု ကင်းစေပြီး လန်းဆန်းတက်ကြွစေသလို သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ဝေဒနာတွေ ကင်းစေပါတယ်။
ကဲ လှပကျန်းမာနေစေဖို့ ပဲနို့တစ်ခွက်တော့ သောက်တော့မယ်ဟုတ်။ လေဒီ………….
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
ပဲနို့ကပေးတဲ့ အလှအပ
ပဲနို့ကပေးတဲ့ အလှအပ
အရွယ်တင်စေတယ်
ဝိတ်ကျစေတယ်
Credit: hellosayarwon
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service