ကလေးသူငယ်မွေးစားရာတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ ထောက်ခံချက် လိုအပ်သည့်ကိစ္စ

ကလေးသူငယ်မွေးစားရာတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ ထောက်ခံချက် လိုအပ်သည့်ကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
20 Jan 2021 11:55 am တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

- ကလေးသူငယ်သည် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်ရမည်။

- ပရဟိတဂေဟာ တစ်ခုခုရှိ ကလေးသူငယ်ဖြစ်ပါက မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်ကြောင်း ဂေဟာမှူး၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီတို့၏ ထောက်ခံချက်များ ပါရှိရမည်။

- မိဘမဲ့ကလေးသူငယ်ဖြစ်ပါက မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။

- စွန့်ပစ်ကလေးသူငယ်ဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ စွန့်ပစ်ကလေးသူငယ် ဖြစ်ကြောင်း ထောက်ခံချက်ပါရှိရမည်။

- လူမှုဝန်ထမ်းဦးစီးဌာနမှ စောင့်ရှောက်ထားရှိသော ကလေးသူငယ်ဖြစ်ပါက သက်ဆိုင်ရာ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး၏ ထောက်ခံချက်ပါရှိရမည်။

သက်ဆိုင်ရာ မွေးစားခြင်းမှတ်ပုံတင်လူမှုဝန်ထမ်းအရာရှိသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ-၂၇၊ ပုဒ်မခွဲ (က) အရ ကလေးသူငယ်အား မှတ်ပုံတင်၍ မွေးစားခွင့်ပြုရန် လျှောက်ထားချက်ကို စိစစ်ပြီး လိုအပ်ချက်များနှင့် ကိုက်ညီပြည့်စုံမှု ရှိ/မရှိ သက်ဆိုင်သူများအား စစ်ဆေးခြင်းပြုလုပ်ပြီး ကိုက်ညီ ပြည့်စုံမှုရှိပါက မွေးစားစာချုပ်ကို မှတ်ပုံတင်၍ ခွင့်ပြုရမည်။ လိုအပ်ချက်များနှင့် ကိုက်ညီပြည့်စုံမှု မရှိကြောင်း သို့မဟုတ် ကိုက်ညီခြင်း ရှိ/မရှိ သံသယရှိကြောင်း တွေ့ရှိပါက မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ ထောက်ခံချက်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ မွေးစားခွင့်ပြုကြောင်း အတည်ပြုချက်တို့ကို ရရှိမှသာ မွေးစားစာချုပ်ကို မှတ်ပုံတင်၍ မွေးစားခွင့်ပြုရမည်။

မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ ထောက်ခံချက်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုချက်မရရှိပါက မှတ်ပုံတင်၍ မွေးစားခွင့်ပြုရန် လျှောက်ထားချက်ကို ခွင့်မပြုပါ။ ကလေးသူငယ်အား မွေးစားခွင့်ပြုပါက မွေးစားခြင်းမှတ်ပုံတင်စာချုပ်တွင် မှတ်ပုံတင်ပြီး မွေးစားခွင့်ပြုသည့် အမိန့်ပုံစံ (ဂ)ကို မွေးစား မိဘအား ထုတ်ပေးရမည်။ သက်ဆိုင်ရာ မွေးစားခြင်းမှတ်ပုံတင်လူမှုဝန်ထမ်းအရာရှိက မွေးစားခြင်းကို မှတ်ပုံ တင်ပေးသည့်အခါ မွေးစားခြင်းမပြုမီက မွေးစားခံရသည့် ကလေးသူငယ်သည် ၎င်း၏မိဘများနှင့် အုပ်ထိန်း သူများတွင် ရှိခဲ့သော အမွေဆက်ခံခွင့် အခွင့်အရေးများနှင့် တာဝန်များရပ်ဆိုင်းပြီး မွေးစားမိဘများထံမှသာ အမွေဆက်ခံခွင့်ရရှိမည်။ မွေးစားမိဘသည် လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသည့် တာဝန်နှင့် စည်းကမ်း ချက်များ သို့မဟုတ် တားမြစ်ချက်များကို လိုက်နာရမည်။

ထို့ကြောင့် ကလေးသူငယ်မွေးစားရာတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ ထောက်ခံချက်သည့် အရေးပါသည့်အချက်တစ်ချက်ဖြစ်ပြီး ကော်မတီ၏ထောက်ခံချက်ရရှိမှသာ ကလေး သူငယ်မွေးစားခွင့်မှတ်ပုံတင်ရန် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသား ဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကေလးသူငယ္ေမြးစားရာတြင္ ၿမိဳ႕နယ္ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာေကာ္မတီ၏ ေထာက္ခံခ်က္ လိုအပ္သည့္ကိစၥ

- ကေလးသူငယ္သည္ ျမန္မာႏိုင္ငံသား မိဘႏွစ္ပါးမွ ေမြးဖြားသူ ျဖစ္ရမည္။

- ပရဟိတေဂဟာ တစ္ခုခု႐ွိ ကေလးသူငယ္ျဖစ္ပါက ျမန္မာႏိုင္ငံသား မိဘႏွစ္ပါးမွ ေမြးဖြားသူ ျဖစ္ေၾကာင္း ေဂဟာမႉး၊ သက္ဆိုင္ရာ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ၿမိဳ႕နယ္ကေလး သူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီတို႔၏ ေထာက္ခံခ်က္မ်ား ပါ႐ွိရမည္။

- မိဘမဲ့ကေလးသူငယ္ျဖစ္ပါက ျမန္မာႏိုင္ငံသား မိဘႏွစ္ပါးမွ ေမြးဖြားသူျဖစ္ေၾကာင္း သက္ဆိုင္ရာ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္ ပါ႐ွိရမည္။

- စြန္႔ပစ္ကေလးသူငယ္ျဖစ္ပါက သက္ဆိုင္ရာ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္ႏွင့္ ၿမိဳ႕နယ္ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီ၏ စြန္႔ပစ္ကေလးသူငယ္ ျဖစ္ေၾကာင္း ေထာက္ခံခ်က္ပါ႐ွိရမည္။

- လူမႈဝန္ထမ္းဦးစီးဌာနမွ ေစာင့္ေ႐ွာက္ထား႐ွိေသာ ကေလးသူငယ္ျဖစ္ပါက သက္ဆိုင္ရာ တိုင္း ေဒသႀကီး သို႔မဟုတ္ ျပည္နယ္လူမႈဝန္ထမ္းဦးစီးမႉး၏ ေထာက္ခံခ်က္ပါ႐ွိရမည္။

သက္ဆိုင္ရာ ေမြးစားျခင္းမွတ္ပုံတင္လူမႈဝန္ထမ္းအရာ႐ွိသည္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ-၂၇၊ ပုဒ္မခြဲ (က) အရ ကေလးသူငယ္အား မွတ္ပုံတင္၍ ေမြးစားခြင့္ျပဳရန္ ေလွ်ာက္ထားခ်က္ကို စိစစ္ၿပီး လိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီျပည့္စုံမႈ ႐ွိ/မ႐ွိ သက္ဆိုင္သူမ်ားအား စစ္ေဆးျခင္းျပဳလုပ္ၿပီး ကိုက္ညီ ျပည့္စုံမႈ႐ွိပါက ေမြးစားစာခ်ဳပ္ကို မွတ္ပုံတင္၍ ခြင့္ျပဳရမည္။ လိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီျပည့္စုံမႈ မ႐ွိေၾကာင္း သို႔မဟုတ္ ကိုက္ညီျခင္း ႐ွိ/မ႐ွိ သံသယ႐ွိေၾကာင္း ေတြ႕႐ွိပါက ၿမိဳ႕နယ္ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီ၏ ေထာက္ခံခ်က္ႏွင့္ လူမႈဝန္ထမ္းဦးစီးဌာန၏ ေမြးစားခြင့္ျပဳေၾကာင္း အတည္ျပဳခ်က္တို႔ကို ရ႐ွိမွသာ ေမြးစားစာခ်ဳပ္ကို မွတ္ပုံတင္၍ ေမြးစားခြင့္ျပဳရမည္။

ၿမိဳ႕နယ္ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာေကာ္မတီ၏ ေထာက္ခံခ်က္ႏွင့္ လူမႈဝန္ထမ္းဦးစီးဌာန၏ ခြင့္ျပဳခ်က္မရ႐ွိပါက မွတ္ပုံတင္၍ ေမြးစားခြင့္ျပဳရန္ ေလွ်ာက္ထားခ်က္ကို ခြင့္မျပဳပါ။ ကေလးသူငယ္အား ေမြးစားခြင့္ျပဳပါက ေမြးစားျခင္းမွတ္ပုံတင္စာခ်ဳပ္တြင္ မွတ္ပုံတင္ၿပီး ေမြးစားခြင့္ျပဳသည့္ အမိန္႔ပုံစံ (ဂ)ကို ေမြးစား မိဘအား ထုတ္ေပးရမည္။ သက္ဆိုင္ရာ ေမြးစားျခင္းမွတ္ပုံတင္လူမႈဝန္ထမ္းအရာ႐ွိက ေမြးစားျခင္းကို မွတ္ပုံ တင္ေပးသည့္အခါ ေမြးစားျခင္းမျပဳမီက ေမြးစားခံရသည့္ ကေလးသူငယ္သည္ ၎၏မိဘမ်ားႏွင့္ အုပ္ထိန္း သူမ်ားတြင္ ႐ွိခဲ့ေသာ အေမြဆက္ခံခြင့္ အခြင့္အေရးမ်ားႏွင့္ တာဝန္မ်ားရပ္ဆိုင္းၿပီး ေမြးစားမိဘမ်ားထံမွသာ အေမြဆက္ခံခြင့္ရရွိမည္။ ေမြးစားမိဘသည္ လူမႈဝန္ထမ္းဦးစီးဌာနက ထုတ္ျပန္ထားသည့္ တာဝန္ႏွင့္ စည္းကမ္း ခ်က္မ်ား သို႔မဟုတ္ တားျမစ္ခ်က္မ်ားကို လိုက္နာရမည္။

ထို႔ေၾကာင့့္ ကေလးသူငယ္ေမြးစားရာတြင္ ၿမိဳ႕နယ္ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာေကာ္မတီ၏ ေထာက္ခံခ်က္သည့္ အေရးပါသည့္အခ်က္တစ္ခ်က္ျဖစ္ၿပီး ေကာ္မတီ၏ေထာက္ခံခ်က္ရရွိမွသာ ကေလး သူငယ္ေမြးစားခြင့္မွတ္ပံုတင္ရန္ ဆက္လက္ေဆာင္ရြက္ႏိုင္မည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသား ေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service