စင်္ကာပူအမျိုးသားတက္ကသိုလ်မှ သုတေသီများက လေထုအတွင်းမှ သောက်ရေထုတ်ယူပေးနိုင်မည့် ဓာတ်ပစ္စည်းတစ်မျိုး တီထွင်
စင်္ကာပူအမျိုးသားတက္ကသိုလ်မှ သုတေသီများက လေထုအတွင်းမှ သောက်ရေထုတ်ယူပေးနိုင်မည့် ဓာတ်ပစ္စည်းတစ်မျိုး တီထွင် - Property News in Myanmar from iMyanmarHouse.com
20 Jan 2021 10:52 am တွင် တင်ခဲ့သည်
1053 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
သိပ္ပံဆန်းကြယ်ရုပ်ရှင်များတွင် စက်ပစ္စည်းများ (သို့မဟုတ်) လျှပ်စစ်စွမ်းအင်မလိုဘဲ လေထုဲမှ ရေကို ထုတ်လုပ်လိုက်ပုံ ဇာတ်ဝင်ခန်းများ တွေ့ဖူးကြသည်။ ယခုအခါတွင်မူ စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) မှ သုတေသနပညာရှင်များက အမှန်တကယ်ဖြစ်လာအောင် တီထွင်လိုက်ကြပြီ ဖြစ်သည်။
စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) ၏ လျှပ်စစ်နှင့် ကွန်ပြူတာ အင်ဂျင်နီယာဌာနမှ အဖွဲ့တစ်ဖွဲ့က Aerogel (သမားရိုးကျ ဂျယ်လ်များမှ အရည်ကို ဖယ်ရှားကာ ထုတ်လုပ်ထားသည့် သိပ်သည်းဆအလွန်နည်းပါးသော အခဲပစ္စည်း) တစ်မျိုးကို တီထွင်လိုက်ကြသည်။
အဆိုပါ ပစ္စည်းသည် ဘက်ထရီ (သို့မဟုတ်) စွမ်းအင်မလိုဘဲ လေထုရေငွေ့အမှုန်များကို သောက်ရည်အဖြစ် သိပ်သည်းအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။
စိုထိုင်းဆများသော နေရာများတွင် Aerogel ၁ ကီလိုဂရမ်ဖြင့် တစ်ရက်လျှင် ရေ ၁၇ လီတာ ထုတ်လုပ်ပေးနိုင်ကြောင်း၊ အဆိုပါ ပမာဏသည် အိမ်ထောင်စုတစ်စုအတွက် တစ်နေ့တာလုံလောက်ကြောင်း NUS က ဇန်နဝါရီလ ၁၉ ရက်တွင် သတင်းမီဒီယာများသို့ ထုတ်ပြန်ခဲ့သည်။
ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ အဆိုပါပစ္စည်းသည် ရေကို မရပ်မနား ၁၄၄၀ နာရီ (သို့မဟုတ်) ၂ လဝန်းကျင် ထုတ်လုပ်ပေးသည်ကို တွေ့ရကြောင်း NUS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ Aerogel ကို ပိုလီမာဟုခေါ်သော ရှည်လျားသည့် မော်လီကျူးများဖြင့် ပြုလုပ်ထားပြီး ရေကို ဆွဲငင်ခြင်းနှင့် တွန်းထုတ်ခြင်းများ အဆက်မပြတ်ပြုလုပ်ပေးသည်။
ယင်းပစ္စည်းသည် လေထုထဲမှ ရေမော်လီကျူးများကို အလိုအလျောက် စုစည်းပေးပြီး အရည်အဖြစ် သိပ်သည်းအောင်ပြုလုပ်ကာ ရေကို ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း NUS က ထုတ်ပြန်သည်။
ထိုသို့စုဆောင်းရရှိသော ရေငွေ့အားလုံးနီးပါး (သို့မဟုတ်) ၉၅ ရာခိုင်နှုန်းမှာ ရေအဖြစ် ထွက်ရှိလာခြင်း ဖြစ်သည်။
သုတေသနပညာရှင်များက ထွက်ရှိလာသောရေကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရာ သောက်ရေသန့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီသည်ကို တွေ့ရသည်ဟု ဆိုသည်။
ယခင်ကလည်း သိပ္ပံပညာရှင်တို့သည် လေထုအတွင်းမှရေကို ထုတ်ယူနိုင်မည့် အခြားနည်းလမ်းများ တီထွင်ခဲ့ကြသော်လည်း အဆိုပါ နည်းလမ်းများသည် နေရောင်ခြည်စွမ်းအင် (သို့မဟုတ်) လျှပ်စစ်စွမ်းအင်များ လိုအပ်သည့် နည်းလမ်းများ ဖြစ်ကြသည်။
ယခုအခါ သုတေသနပညာရှင်များက ပြည်တွင်း (သို့မဟုတ်) စက်မှုလုပ်ငန်းသုံးအတွက် aerogel များ အလုံးအရင်း ထုတ်လုပ်မည့် စက်မှုလုပ်ငန်းမိတ်ဖက်များ ရှာဖွေလျက်ရှိသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: NUS researchers create aerogel that turns air into drinking water (todayonline)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Magical World Apartment
Emerald Bay Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service