ပဲစောင်းလျားသီးကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု

ပဲစောင်းလျားသီးကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု - Property Knowledge in Myanmar from iMyanmarHouse.com
6 Jan 2021 10:41 am တွင် တင်ခဲ့သည်
10773 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ပဲစောင်းလျားသီးကိုမြန်မာ့ထမင်းဝိုင်းမှာဟင်းချိုထဲခတ်ထားတာ ဒါမှမဟုတ် အတို့အမြှုပ်အဖြစ်တွေ့ရလေ့ရှိပါတယ်။ ပဲစောင်းလျားသီးနုနုလေးတွေကိုရေနွေးဖျော၊ ပါးပါးလှီးပြီး သံပရာသီးလေး၊ ပုဇွန်ခြောက်လေးနဲ့သုပ်စားတာကလည်း လက်ဖက်သုပ်လိုပဲရေနွေးကြမ်းနဲ့လိုက်ဖက်တဲ့မြန်မာ့သရေစာလက်သုပ်တစ်မျိုးဖြစ်ပါတယ်။ ထမင်းဝိုင်းမှာ ငါးပိရည်နဲ့အသီးအရွက်တို့စရာပါဝင်စေတာ၊ သရေစာစားချိန်မှာ အသီးအရွက်တစ်မျိုးမျိုးကို သုပ်စားတာတွေဟာ နေ့စဉ်အစားအသောက်တွေထဲမှာ အသီးအရွက်တွေကိုအမြဲပါဝင်စေဖို့ ရည်ရွယ်ခဲ့ပုံရတဲ့ ချစ်စရာမြန်မာဓလေ့ပါ။

ပဲစောင်းလျားသီးဆိုတာ ဈေးမှာ အမြဲရှိပေမယ့် အမြဲဝယ်မစားဖြစ်တဲ့အထဲမှာလည်းပါဝင်ပါတယ်။ တစ်ခါတလေမှ စားဖြစ်တတ်တယ်ပေါ့၊ တခုတ်တရဝယ်စားတာမျိုး သိပ်မရှိတတ်ကြပါဘူး။ ဒါပေမယ့် သူ့ရဲ့အကျိုးကျေးဇူးလေးတွေကိုသိလိုက်ရရင် အမြဲမဟုတ်တောင် မကြာမကြာစားမိတော့မှာပဲ။

(၁) အရွယ်တင်နုပျိုစေတယ်

ပဲစောင်းလျားသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် A ကြွယ်ဝပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအဖြစ်လုပ်ဆောင်ပေးတဲ့အပြင် အရေးအကြောင်းတွေလိုမျိုး အရွယ်မတိုင်မီရင့်ရော်ခြင်းလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) အသားအရေတင်းရင်းစေတယ်

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုများနေမှတော့ အသားအရေတင်းရင်းပြီး နုပျိုမှာ မလွဲပါဘူး။

(၃) ကယ်လိုရီနည်းတယ်

ပဲစောင်းလျားသီး ၁၀၀ ဂရမ်မှာ ၄၉ ကယ်လိုရီပဲပါဝင်တယ် ဆိုတော့ ဝိတ်ချချင်တဲ့သူတွေအတွက် တချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။ ပဲစောင်းလျားသီးဟင်းချို၊ ပဲစောင်းလျားသီးသုပ်၊ ပဲစောင်းလျားသီးချက် အကုန်သာတွယ်ပေတော့။

(၄) ဗီတာမင် C ကြွယ်ဝတယ်

အသီးကလုံးဝမချဉ်ပေမယ့် ဗီတာမင် C ပါဝင်မှုကများတာကြောင့် ကိုယ်ခံအားစနစ်ကိုအားကောင်းစေပါတယ်။သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကိုကောင်းစေပြီး ကင်ဆာရောဂါတချို့ကနေကာကွယ်ပေးတဲ့ကောင်းကျိုးတွေလည်းရှိပါတယ်။

(၅) သတ္တုဓါတ်တွေကြွယ်ဝတယ်

ပဲစောင်းလျားသီးမှာ သံဓါတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ဖော့စဖရပ်စ်တို့လို အရေးပါတဲ့သတ္တုဓါတ်တွေအများအပြားပါဝင်ပါတယ်။ ဗီတာမင် A ၊ B ၊ Eတွေလည်းပါဝင်မှုများပါတယ်။

(၆) ဖောလိတ်ဓါတ် ကြွယ်ဝတယ်

ပဲစောင်းလျားသီးက ဒီအင်န်အေနဲ့ဆဲလ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ရကာစနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာအာဟာရကနေဖောလိတ်ဓါတ်ရရှိမှုလုံလောက်အောင် အထောက်အကူပေးနိုင်ပါတယ်။

(၇) ပရိုတင်းကြွယ်ဝတယ်

ပရိုတင်းပါဝင်မှုကိုကြည့်မယ်ဆိုရင် ပဲပိစပ်နဲ့အတူတူပါပဲ။ တခြားပဲတွေလိုပဲ ပဲစောင်းလျားသီးအစေ့ရဲ့ပရိုတင်းပမာဏဟာပြောင်းဖူးနဲ့တွဖြက်လိုက်ရင် နွားနို့ကိုမီနိုင်ပါတယ်တဲ့။

(၈) ကယ်လ်စီယမ်ကြွယ်ဝတယ်

ကယ်လ်စီယမ်ပါဝင်မှုမြင့်မားလို့ အရိုးတွေသန်မာစေပြီးနေမကောင်းဖြစ်နေသူတွေ၊အားနည်းနေသူတွေကို ခွန်အားတိုးစေပါတယ်။

အစာလည်းဆေး၊ဆေးလည်းအစာ ဆိုသလို အစားအသောက်တွေကို ဉာဏ်ရှိသလို အသုံးချရင်း ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်သင့်ပါတယ်။ အားဆေးတွေချည်းအားမကိုးဘဲ သဘာဝအသီးအရွက်တွေကနေ အာဟာရဓါတ်တွေ တိုက်ရိုက်ရယူလိုက်ပါ။ဘေးထွက်ဆိုးကျိုးနဲ့ တာရှည်ခံပစ္စည်းတွေကင်းစင်စေပါလိမ့်မယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]








(၃) ကယ်လိုရီနည်းတယ်


(၄) ဗီတာမင် C ကြွယ်ဝတယ်






(၇) ပရိုတင်းကြွယ်ဝတယ်








Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service