ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
5 Jan 2021 10:46 am တွင် တင်ခဲ့သည်
1701 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode] ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးစွဲကြသလို ဆေးဖက်ဝင်အပင်အနေနဲ့လည်း လူသိများပါတယ်။ မျိုးကွဲပေါင်းလည်းများစွာရှိပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ ပေါက်ရောက်ပါတယ်။ ကလျာဏီကို လတ်ဆတ်တဲ့အပင်အတိုင်းဖြစ်စေ၊ အခြောက်ခံထားတဲ့ ပုံစံနဲ့ဖြစ်စေ၊ အဆီထုတ်ပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကလျာဏီပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။

အာဟာရဓာတ် ကြွယ်ဝခြင်း

ကလျာဏီပင်မှာ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ကလျာဏီအခြောက်မှုန့် တစ်ဇွန်းစာ (ဝ.၇ ဂရမ်) မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

– ကယ်လိုရီ ၂

– ပရိုတင်း။ ဝ.၁ ဂရမ်

– ကာဘိုဟိုက်ဒရိတ်။ ဝ.၄ ဂရမ်

– အဆီဓာတ်။ ဝ.၁ ဂရမ်

– သံဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၁.၁ ရာခိုင်နှုန်း

– ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း

– ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၁.၁ ရာခိုင်နှုန်း

– ကယ်လ်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၁ ရာခိုင်နှုန်း

– မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၁ ရာခိုင်နှုန်း စသဖြင့် ဖြစ်ပါတယ်။

ဒါ့အပြင် မဂ္ဂနီဆီယမ်၊ ဇင့်၊ ကြေးနီ၊ ဗီတာမင် A C E စတာတွေ အနည်းငယ်စီ ပါဝင်ပါသေးတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကြောင့်ဖြစ်တတ်တဲ့ ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ်။ ကလျာဏီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ပေါ်လီဖီနော အမျိုးကွဲပေါင်း ၁၀၀ ကျော်ပါဝင်ပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်နိုင်ခြေနည်းပြီး ဦးနှောက်နဲ့မှတ်ဉာဏ်ပိုင်းကို အကျိုးပြုတဲ့ ကလိုရိုဂျဲနစ်အက်ဆစ်၊ ကဖစ်အက်ဆစ်၊ ရို့စ်မရီနစ်အက်ဆစ် စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

ခံတွင်းကျန်းမာရေးကို အထောက်အကူပြုခြင်း

ကလျာဏီမှာ ပိုးမွှားများကို နှိမ်နင်းနိုင်တဲ့ အာနိသင်ရှိပါတယ်။ အထူးသဖြင့် သွားနဲ့ခံတွင်းကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေရဲ့ ရန်ကို ကာကွယ်ပေးပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြချက်အရ ကလျာဏီပင်ကနေ ထုတ်လုပ်ထားတဲ့ ခံတွင်းသန့်ဆေးရည်ဟာ သွားပိုးပေါက်တွေကိုဖြစ်စေတဲ့ စထရပ်တိုကော့ကပ်စ်မြူတန် ဘက်တီးရီးယားကို သေစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လည်ချောင်းနာခြင်း၊ သွားဖုံးပြည်တည်ခြင်း၊ ပါးစောင်အနာဖြစ်ခြင်း စတာတွေကိုလည်း သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

သွေးဆုံးချိန်ကြုံရသော ဝေဒနာများကို သက်သာစေခြင်း

အမျိုးသမီးများသွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်းကျဆင်းသွားတဲ့အတွက် ဝေဒနာအချို့ကို ကြုံရပါတယ်။ ချွေးထွက်များခြင်း၊ မျက်နှာနှင့် ရင်ဘတ်ပူနေခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ယားယံခြင်း စတာတွေ ကြုံရပါတယ်။ ကလျာဏီဟာ သွေးဆုံးချိန်မှာကြုံတွေ့ရတဲ့ အဆိုပါဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ သုတေသီများရဲ့ အဆိုအရ ကလျာဏီမှာ အီစထရိုဂျင်နဲ့ ဆင်တူတဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း

ကလျာဏီပင်ရဲ့အရွက်များကို တိုင်းရင်းဆေးပညာရပ်တွေမှာ ဆီးချိုကုသခြင်းအတွက် သုံးစွဲခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်တွေအရ ကလျာဏီပင်ကနေ ထုတ်လုပ်ထားတဲ့ အဆီအနှစ်များဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ကြောင်း သိလာရပါတယ်။ အင်ဆူလင်ဟော်မုန်းရဲ့ အာနိသင်ကိုလည်း ပိုမိုထိရောက်အောင် အထောက်အကူပြုပါတယ်။

ဦးနှောက်နှင့်မှတ်ဉာဏ်ပိုင်းကို အကျိုးပြုခြင်း

ကလျာဏီပင်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် အာရုံကြောအချက်ပြဓာတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ အက်ဆီတိုင်းကိုလင်း (ACH) လျော့နည်းမသွားအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာကို တိုးတက်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါသည်တွေမှာ အက်ဆီတိုင်းကိုလင်း ကျဆင်းနေတတ်ပါတယ်။

နှလုံးကျန်းမာရေးအတွက် အကျိုးပြုခြင်း

မကောင်းတဲ့ LDL ကိုလက်စထရောတွေ သွေးထဲမှာ မြင့်တက်လာရင် နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာကိစ္စများကို ဒုက္ခပေးတတ်ပါတယ်။ ကလျာဏီဟာ မကောင်းတဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပါတယ်။ သုတေသနတခုအရ ကလျာဏီရွက်ခြောက်ကို လက်ဖက်ခြောက်လုပ်သောက်တဲ့အခါ မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု HDL ကိုလက်စထရောများကို မြင့်တက်စေနိုင်ကြောင်း သိရပါတယ်။

အရိုးကျန်းမာရေးကို အထောက်အကူပြုခြင်း

ကလျာဏီမှာ ဗီတာမင် K ကြွယ်ဝတဲ့အတွက် အရိုးပွခြင်း၊ ကြွပ်ဆတ်ပြီး ကျိုးပဲ့လွယ်ခြင်း စတဲ့အခြေအနေတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေကို အကျိုးပြုခြင်း

ကလျာဏီပင်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အသားအရေကို တင်းရင်းစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရောခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းအတွန့်အခေါက်များ ဖြစ်ပေါ်ခြင်းကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ေဆးဖက္ဝင္ကလ်ာဏီ (Sage) အေၾကာင္း

ကလ်ာဏီပင္ကို ဟင္းခတ္အေမႊးအႀကိဳင္အေနနဲ႔ သုံးစြဲၾကသလို ေဆးဖက္ဝင္အပင္အေနနဲ႔လည္း လူသိမ်ားပါတယ္။ မ်ိဳးကြဲေပါင္းလည္းမ်ားစြာ႐ွိၿပီး ကမ႓ာ့ေနရာအႏွံ႔အျပားမွာ ေပါက္ေရာက္ပါတယ္။ ကလ်ာဏီကို လတ္ဆတ္တဲ့အပင္အတိုင္းျဖစ္ေစ၊ အေျခာက္ခံထားတဲ့ ပုံစံနဲ႔ျဖစ္ေစ၊ အဆီထုတ္ၿပီးျဖစ္ေစ အသုံးျပဳႏိုင္ပါတယ္။ ယခုဆက္လက္ေဖာ္ျပမွာကေတာ့ ကလ်ာဏီပင္ရဲ႕ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြျဖစ္ပါတယ္။

အာဟာရဓာတ္ ႂကြယ္ဝျခင္း

ကလ်ာဏီပင္မွာ ကိုယ္ခႏၶာအတြက္လိုအပ္တဲ့ အာဟာရဓာတ္မ်ားစြာ ပါဝင္ပါတယ္။ ကလ်ာဏီအေျခာက္မႈန္႔ တစ္ဇြန္းစာ (ဝ.၇ ဂရမ္) မွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြကေတာ့

– ကယ္လိုရီ ၂

– ပ႐ိုတင္း။ ဝ.၁ ဂရမ္

– ကာဘိုဟိုက္ဒရိတ္။ ဝ.၄ ဂရမ္

– အဆီဓာတ္။ ဝ.၁ ဂရမ္

– သံဓာတ္။ တစ္ေန႔တာလိုအပ္ခ်က္၏ ၁.၁ ရာခိုင္ႏႈန္း

– ဗီတာမင္ K။ တစ္ေန႔တာလိုအပ္ခ်က္၏ ၁၀ ရာခိုင္ႏႈန္း

– ဗီတာမင္ B6။ တစ္ေန႔တာလိုအပ္ခ်က္၏ ၁.၁ ရာခိုင္ႏႈန္း

– ကယ္လ္ဆီယမ္။ တစ္ေန႔တာလိုအပ္ခ်က္၏ ၁ ရာခိုင္ႏႈန္း

– မန္ဂနိစ္။ တစ္ေန႔တာလိုအပ္ခ်က္၏ ၁ ရာခိုင္ႏႈန္း စသျဖင့္ ျဖစ္ပါတယ္။

ဒါ့အျပင္ မဂၢနီဆီယမ္၊ ဇင့္၊ ေၾကးနီ၊ ဗီတာမင္ A C E စတာေတြ အနည္းငယ္စီ ပါဝင္ပါေသးတယ္။

ဓာတ္တိုးဆန္႔က်င္ပစၥည္း ႂကြယ္ဝျခင္း

ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားဟာ ဖရီးရယ္ဒီကယ္ေတြေၾကာင့္ျဖစ္တတ္တဲ့ ဓာတ္တိုးျခင္းကို ကာကြယ္ေပးပါတယ္။ ကလ်ာဏီမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ ေပၚလီဖီေနာ အမ်ိဳးကြဲေပါင္း ၁၀၀ ေက်ာ္ပါဝင္ပါတယ္။ ဒါ့အျပင္ ကင္ဆာျဖစ္ႏိုင္ေျခနည္းၿပီး ဦးေႏွာက္နဲ႔မွတ္ဉာဏ္ပိုင္းကို အက်ိဳးျပဳတဲ့ ကလို႐ိုဂ်ဲနစ္အက္ဆစ္၊ ကဖစ္အက္ဆစ္၊ ႐ို႕စ္မရီနစ္အက္ဆစ္ စတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြလည္း ပါဝင္ပါတယ္။

ခံတြင္းက်န္းမာေရးကို အေထာက္အကူျပဳျခင္း

ကလ်ာဏီမွာ ပိုးမႊားမ်ားကို ႏွိမ္နင္းႏိုင္တဲ့ အာနိသင္႐ွိပါတယ္။ အထူးသျဖင့္ သြားနဲ႔ခံတြင္းကို ဒုကၡေပးတဲ့ ဘက္တီးရီးယားေတြရဲ႕ ရန္ကို ကာကြယ္ေပးပါတယ္။ သုေတသနတစ္ခုမွာ ေဖာ္ျပခ်က္အရ ကလ်ာဏီပင္ကေန ထုတ္လုပ္ထားတဲ့ ခံတြင္းသန္႔ေဆးရည္ဟာ သြားပိုးေပါက္ေတြကိုျဖစ္ေစတဲ့ စထရပ္တိုေကာ့ကပ္စ္ျမဴတန္ ဘက္တီးရီးယားကို ေသေစႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ လည္ေခ်ာင္းနာျခင္း၊ သြားဖုံးျပည္တည္ျခင္း၊ ပါးေစာင္အနာျဖစ္ျခင္း စတာေတြကိုလည္း သက္သာေစတဲ့ အာနိသင္႐ွိပါတယ္။

ေသြးဆုံးခ်ိန္ၾကဳံရေသာ ေဝဒနာမ်ားကို သက္သာေစျခင္း

အမ်ိဳးသမီးမ်ားေသြးဆုံးခ်ိန္မွာ အီစထ႐ိုဂ်င္ေဟာ္မုန္းက်ဆင္းသြားတဲ့အတြက္ ေဝဒနာအခ်ိဳ႕ကို ၾကဳံရပါတယ္။ ေခြၽးထြက္မ်ားျခင္း၊ မ်က္ႏွာႏွင့္ ရင္ဘတ္ပူေနျခင္း၊ မိန္းမကိုယ္ေျခာက္ေသြ႕ျခင္း၊ ယားယံျခင္း စတာေတြ ၾကဳံရပါတယ္။ ကလ်ာဏီဟာ ေသြးဆုံးခ်ိန္မွာၾကဳံေတြ႕ရတဲ့ အဆိုပါေဝဒနာေတြကို သက္သာေစႏိုင္ပါတယ္။ သုေတသီမ်ားရဲ႕ အဆိုအရ ကလ်ာဏီမွာ အီစထ႐ိုဂ်င္နဲ႔ ဆင္တူတဲ့ အာနိသင္႐ွိတယ္လို႔ သိရပါတယ္။

ေသြးတြင္းသၾကားဓာတ္ကို ထိန္းေပးျခင္း

ကလ်ာဏီပင္ရဲ႕အ႐ြက္မ်ားကို တိုင္းရင္းေဆးပညာရပ္ေတြမွာ ဆီးခ်ိဳကုသျခင္းအတြက္ သုံးစြဲခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာ သိပၸံနည္းက်ေလ့လာေတြ႕႐ွိခ်က္ေတြအရ ကလ်ာဏီပင္ကေန ထုတ္လုပ္ထားတဲ့ အဆီအႏွစ္မ်ားဟာ ေသြးတြင္းသၾကားဓာတ္ကို ထိန္းေပးႏိုင္ေၾကာင္း သိလာရပါတယ္။ အင္ဆူလင္ေဟာ္မုန္းရဲ႕ အာနိသင္ကိုလည္း ပိုမိုထိေရာက္ေအာင္ အေထာက္အကူျပဳပါတယ္။

ဦးေႏွာက္ႏွင့္မွတ္ဉာဏ္ပိုင္းကို အက်ိဳးျပဳျခင္း

ကလ်ာဏီပင္မွာပါဝင္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားဟာ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဆဲလ္ေတြကို အေထာက္အကူျပဳပါတယ္။ ဒါ့အျပင္ အာ႐ုံေၾကာအခ်က္ျပဓာတ္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ အက္ဆီတိုင္းကိုလင္း (ACH) ေလ်ာ့နည္းမသြားေအာင္ ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ မွတ္ဉာဏ္ပိုင္းဆိုင္ရာကို တိုးတက္ေစပါတယ္။ အယ္လ္ဇိုင္းမားေရာဂါသည္ေတြမွာ အက္ဆီတိုင္းကိုလင္း က်ဆင္းေနတတ္ပါတယ္။

ႏွလုံးက်န္းမာေရးအတြက္ အက်ိဳးျပဳျခင္း

မေကာင္းတဲ့ LDL ကိုလက္စထေရာေတြ ေသြးထဲမွာ ျမင့္တက္လာရင္ ႏွလုံးနဲ႔ ေသြးလည္ပတ္မႈဆိုင္ရာကိစၥမ်ားကို ဒုကၡေပးတတ္ပါတယ္။ ကလ်ာဏီဟာ မေကာင္းတဲ့ LDL ကိုလက္စထေရာကို က်ဆင္းေစပါတယ္။ သုေတသနတခုအရ ကလ်ာဏီ႐ြက္ေျခာက္ကို လက္ဖက္ေျခာက္လုပ္ေသာက္တဲ့အခါ မေကာင္းတဲ့ ကိုလက္စထေရာေတြကို က်ဆင္းေစၿပီး အက်ိဳးျပဳ HDL ကိုလက္စထေရာမ်ားကို ျမင့္တက္ေစႏိုင္ေၾကာင္း သိရပါတယ္။

အ႐ိုးက်န္းမာေရးကို အေထာက္အကူျပဳျခင္း

ကလ်ာဏီမွာ ဗီတာမင္ K ႂကြယ္ဝတဲ့အတြက္ အ႐ိုးပြျခင္း၊ ႂကြပ္ဆတ္ၿပီး က်ိဳးပဲ့လြယ္ျခင္း စတဲ့အေျခအေနေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

အသားအေရကို အက်ိဳးျပဳျခင္း

ကလ်ာဏီပင္မွာပါဝင္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားဟာ အသားအေရကို တင္းရင္းေစၿပီး အ႐ြယ္မတိုင္မီ အိုမင္းရင့္ေရာျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ မ်က္ႏွာေပၚမွာ အေရးအေၾကာင္းအတြန္႔အေခါက္မ်ား ျဖစ္ေပၚျခင္းကို သက္သာေစတဲ့ အာနိသင္႐ွိပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service