ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
31 Dec 2020 12:54 pm တွင် တင်ခဲ့သည်
1932 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဖရဲသီး လို့ပြောလိုက်ရင် အခွံစိမ်းစိမ်း အတွင်းသား နီနီရဲရဲလေးပဲ ပြေးမြင်မယ် ထင်ပါတယ်။ ဒီတစ်ခါတော့ နီနီရဲရဲ ဖရဲသီးထက် ပိုနုပြီး အဝါရောင်သန်းနေတဲ့ ဖရဲသီး အဝါလေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုပေးသလဲဆိုတာ ပြောပြပေးပါရစေ။

ဖရဲသီး အဝါရောင်မှာပါတဲ့ အာဟာရဓာတ်

အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်တဲ့ ဖရဲသီး အဝါသီးမှာ

ကာဗိုဟိုက်ဒရိတ်

ကယ်လ်လိုရီ

အဆီဓာတ်

အမျှင်ဓာတ်

သကြားဓာတ်

ပရိုတင်း

ပိုတက်ဆီယမ်

ကယ်လ်ဆီယမ်

ဗီတာမင် A

ဗီတာမင် C

သံဓာတ်

phosphorus

မဂ္ဂနီဆီယမ် စတာတွေ ပါဝင်နေပါတယ်။

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ရေဓာတ် ၉၂ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပြီး နုနုချိုချို ဖရဲသီး အဝါလေးက

သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေတယ်

ဖရဲသီး အဝါရောင်မှာ citrulline က ကိုယ်တွင်းက သွေးတွေကို ပျစ်တာ။ ခဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ် အနှံ့က သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ဖရဲသီး အဝါမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အအေးမိတဲ့ လူနာတွေအနေနဲ့တော့ ဖျားနာနေချိန်မှာ မစားသင့်ပါဘူး။

ကျောက်ကပ် ကျန်းမာစေတယ်

အဝါရောင် ဖရဲသီးက ဆီးရွှင်စေပြီး ကျောက်ကပ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးကနေတဆင့် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို တိုးတက်စေနိုင် ပါတယ်။

သွေးပေါင်ကျစေနိုင်တယ်

သွေးတိုးသမားများအတွက် သင့်တော်တဲ့ စားစရာ တစ်ခုပါ။ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ အဝါရောင် ဖရဲသီးကို ပုံမှန် စားသုံးသူတွေက သွေးတိုး ကင်းကြပြီး သွေးပေါင်ချိန်ကို အကောင်းဆုံ အနေအထားမှာ ထိန်းညှိထားနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

မျက်လုံး ကျန်းမာစေတယ်

ဖရဲသီး အဝါရောင်မှာ အမြင်အာရုံအတွက် လိုအပ်တဲ့ အာဟာရ တစ်မျိုး ဖြစ်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ ဗီတာမင် A အမြင်အာရုံကို ကျန်းမာစေပြီး မျက်စိပြဿနာ ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်

ယနေ့ခေတ်မှာ ညစ်ညမ်းလာတဲ့ မြေထု၊ ရေထု၊ လေထုတွေကြောင့် အရေပြားက စလို့ ကျန်းမာရေး အဆုံး အရာရာဟာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နေရပါတယ်။ ဒီပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ဖရဲသီးအဝါကို စားပေးသင့်ပါတယ်။

ပါးစပ်ထဲက အနာကို သက်သာစေတယ်

ဖရဲသီး အဝါမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ပါးစပ်ထဲက အနာတွေကို သက်သာစေပြီး ပါးစပ်ထဲမှာ အနာတွေ ခဏခဏ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခံတွင်းနဲ့ သွားပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူ ပေးပါသေးတယ်။

အရိုးတွေ သန်မာစေတယ်

ဖရဲသီး အဝါမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့လိုမျိုး အရိုးကို သန်မာစေနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အရိုး သိပ်သည်းဆ ကောင်းမွန်စေပြီး အရိုးတွေ သန်မာစေဖို့နဲ့ အရိုးပွ ရောဂါကို ကာကွယ်ဖို့ ဖရဲသီး အဝါကို စားပေးလို့ ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]





ကာဗိုဟိုက်ဒရိတ်

ကယ်လ်လိုရီ

အဆီဓာတ်

အမျှင်ဓာတ်

သကြားဓာတ်

ပရိုတင်း

ပိုတက်ဆီယမ်

ကယ်လ်ဆီယမ်

ဗီတာမင် A

ဗီတာမင် C

သံဓာတ်

phosphorus


















အရိုးတွေ သန်မာစေတယ်





Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service