ဝါသနာပါသည့် ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်ဖို့ရာ

ဝါသနာပါသည့် ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်ဖို့ရာ - Property Knowledge in Myanmar from iMyanmarHouse.com
30 Dec 2020 3:15 pm တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဝါသနာပါသည့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုအတွက် လိုအပ်ချက်(၅)ခု

ဝါသနာနဲ့တစ်ထပ်တည်းကျတည်း စီးပွားရေးလုပ်ငန်းမျိုးကို လူအများစုက လုပ်ချင်တတ်ကြပါတယ်။ သင် စိတ်ပါဝင်စားတဲ့အလုပ်တွေကို လုပ်ကိုင်ရင်း ဝင်ငွေရနေတာက အလုပ်အတွက်ရော ဘဝအတွက်ပါ အချိန်တွေ သီးသန့်ခွဲခြားပေးစရာမလိုပဲ လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီလို အလုပ်မျိုးလုပ်နိုင်ဖို့ကြိုးစားကြရင်းနဲ့ပဲ အများစု အောင်မြင်မှုမရသေးပဲ လက်လျှော့သွားတတ်ကြပါတယ်။ အကောင်းဆုံးကြိုးစားအားထုတ်ပေမယ့်လည်း ထင်သလောက်အကျိုးရလဒ်ပြန်မရတဲ့အခါမှာ စိတ်ပျက်စရာကောင်းတာကတော့ အမှန်ပါပဲ။ ဒီအတွက် အလုပ်ဖြစ်စေမယ့် နည်းဗျူဟာ(၅)ခုရှိပါတယ်။

၁။ ဖြစ်နိုင်တယ်ဆိုတာကို သိမှတ်ယုံကြည်ပြီး အစပြုပါ။

အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် စိတ်နေစိတ်ထား ခံယူချက်နဲ့ပတ်သက်ပြီး ကြားဖူးနားဝရှိမှာ သေချာပါတယ်။ ဒါပေမယ့် သင့်ဘဝမှာ ရည်မှန်းချက်တွေတကယ်ဖြစ်လာနိုင်တယ်ဆိုတာကို ယုံကြည်မှုမရှိဘူးဆိုရင် သင်ဘာကိုမှ ဖြစ်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ သင်အမှန်တကယ်စိတ်ပါဝင်စားတဲ့ အကြောင်းကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး လုပ်ငန်းတည်ထောင်တတ်ဖို့ လိုပါတယ်။ သင့်ရဲ့စိတ်က ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားရင် တကယ်ဖြစ်အောင်လုပ်နိုင်တဲ့ စွမ်းအားသတ္တိတွေ ရှိပါတယ်။ ဒါ့ကြောင့် တကယ်ဖြစ်ချင်တဲ့စိတ်ကို အခိုင်အမာဆုပ်ကိုင်ထားပြီး ဖြစ်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ဖြစ်အောင်လုပ်ဖို့ ခိုင်မာတဲ့ယုံကြည်မှုမရှိဘူးဆိုရင် ဘာတစ်ခုမှ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။

၂။ အဓိကပေးချင်တဲ့အချက်ကို ရှင်းလင်းပါစေ။

လူအများစုက သူတို့ရဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဝင်ငွေမရကြတာဟာ သူတို့လုပ်ငန်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို သုံးစွဲသူတွေက နားမလည်ကြလို့ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ဆီမှာ ငွေကုန်ကြေးကျခံရဖို့ အကြောင်းရင်းကို နားမလည်ရင် ငွေကုန်ခံမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သုံးစွဲသူတစ်ယောက်က သင့်ရဲ့Websites ကို လာကြည့်ပြီဆိုတာနဲ့ ဘယ်လိုကိစ္စတွေမှာ သူတို့အတွက် အထောက်အကူဖြစ်ပြီး အဆင်ပြေစေနိုင်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားအောင် လုပ်ဖို့လိုပါတယ်။ ဒီလို သိသွားအောင်လုပ်ဖို့အတွက် သင့်မှာ အချိန်(၇)စက္ကန့်ကနေ (၃၇)စက္ကန့်အထိ ရပါတယ်။ ဒီအတွင်းမှာ သုံးစွဲသူအနေနဲ့တစ်ခုခုရသွားအောင် လုပ်ပေးနိုင်ရမှာ ဖြစ်ပါတယ်။

၃။ အချက်အလက်တွေ စုဆောင်းတာကို ရပ်လိုက်ပါ။

စုဆောင်းရမယ့်အချက်အလက်တွေ အများကြီးရှိပါတယ်။ သင်ဘာလုပ်သင့်တယ် ဒါမှမဟုတ် ဘယ်သူ့ရဲ့အကြံဉာဏ်ကို နားထောင်သင့်တယ်ဆိုတာကို သင်မသိနိုင်ပါဘူး။ လူတိုင်းမှာ နည်းလမ်းသစ်တစ်ခုစီ ရှိတတ်ကြပါတယ်။ တကယ်လို့ သင့်ရဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို အောင်မြင်ချင်တယ်ဆိုရင်တော့ သင်လိုက်နာမယ့် အကြံဉာဏ်တွေနဲ့ ပတ်သက်ပြီး သေချာဆန်းစစ်ရမှာဖြစ်ပါတယ်။ သင့်ရှေ့မှာလုပ်ဆောင်နေသူတွေဆီက ပညာယူပါ။ သင့်အနေနဲ့ရော ဘာတွေပေးဆပ်ရဖို့ရှိလဲ သုံးသပ်ပါ။ သင့်ကို နောက်တဆင့်တက်လှမ်းနိုင်စေမယ့် အကြံဉာဏ်ကို ရယူပြီး ကျန်တာတွေကို ခဏမေ့ထားပါ။ လိုအပ်လာချိန်မှာ ထုတ်သုံးပါ။

၄။ သင့်ရဲ့ပရိသတ်ကို အာရုံစိုက်ပါ။

ဒီအချက်က လူအများစုရင်ဆိုင်ကြရတဲ့ အခက်အခဲတစ်ခုဖြစ်ပါတယ်။ များပြားလွန်းတဲ့အလုပ်တွေနဲ့ အခြားအရေးကြီးကိစ္စတွေပေါ်မှာ အာရုံစိုက်ဖို့ လွယ်ကူပေမယ့် သင့်ကို အားပေးမယ့်ပရိသတ်မရှိဘူးဆိုရင် ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ သင့်ရဲ့လုပ်ဆောင်မှုကို ထောက်ခံအားပေးမယ့် လူတစ်စုရှိနေဖို့ လိုပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားတာ၊ သတင်းစာ၊ ဂျာနယ်စတဲ့ မီဒီယာတွေမှာ ရေးသားတာတွေက သင့်ကို အခိုင်အမာထောက်ခံအားပေမယ့် ပရိသတ်ရရှိစေနိုင်တဲ့ နည်းလမ်းအချို့ဖြစ်ပါတယ်။ သင့်ကို အားပေးထောက်ခံမယ့် ပရိသတ်ရရှိဖို့ကို အာရုံစိုက်ပါ။ သူတို့ကနေတဆင့် ဝင်ငွေရဖို့ ဖြစ်လာပါလိမ့်မယ်။

၅။ ရောင်းချဖို့ မကြောက်ပါနဲ့။

သင့်မှာ အခိုင်အမာပရိသတ်တည်ဆောက်ပြီးပြီဆိုရင် ရောင်းစရာရှိတာ ရောင်းဖို့လိုပါတယ်။ ဒီလိုရောင်းချမှုက လူအများစုအတွက် စိတ်ပျက်သွားစရာဖြစ်နိုင်ပြီး ခက်ခဲတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခုခုကို ရောင်းချတယ်ဆိုတာထက် အဖိုးတန်အရာတစ်ခုကို ကမ်းလှမ်းပေးတဲ့သဘောသက်ရောက်ဖို့ လိုပါတယ်။ သင့်အနေနဲ့ လူတွေအတွက်အဆင်ပြေစေမယ့် အရာတစ်ခုကို ပေးကမ်းပြီး သင့်တင့်မျှတတဲ့ အဖိုးနှုန်းထားတစ်ခု ယူတယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။

ဝါသနာနဲ့ထပ်တူကျတဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ရတာက မှန်မှန်ကန်ကန်လုပ်ဆောင်တတ်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ သင့်အနေနဲ့ လူတွေအတွက် ဘာလုပ်ပေးချင်တယ်ဆိုတာနဲ့ လူတွေကို ဘာလုပ်စေချင်တယ်ဆိုတာကို ရှင်းလင်းနေဖို့ လိုပါတယ်။ သုံးစွဲသူတွေအတွက် အဖိုးထိုက်တန်တယ်လို့ ခံစားရအောင် တန်ဖိုးပေါင်းထည့်ပေးပါ။ ဘယ်တော့မှ နားလည်ပါးရိုက်မလုပ်ပါနဲ့။ စိတ်ရှည်သည်းခံမှုနဲ့ ကြိုးစားမှုတို့က သင့်အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာစေမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mmgentleman

 

[Zawgyi]

၀ါသနာပါသည့္ ကိုယ္ပိုင္လုပ္ငန္း စတင္နိုုင္ဖိုု႕ရာ

ဝါသနာပါသည့္ ကိုယ္ပိုင္လုပ္ငန္းတစ္ခုအတြက္ လိုအပ္ခ်က္(၅)ခု

ဝါသနာနဲ႔တစ္ထပ္တည္းက်တည္း စီးပြားေရးလုပ္ငန္းမ်ိဳးကို လူအမ်ားစုက လုပ္ခ်င္တတ္ၾကပါတယ္။ သင္ စိတ္ပါဝင္စားတဲ့အလုပ္ေတြကို လုပ္ကိုင္ရင္း ဝင္ေငြရေနတာက အလုပ္အတြက္ေရာ ဘဝအတြက္ပါ အခ်ိန္ေတြ သီးသန္႔ခြဲျခားေပးစရာမလိုပဲ လုပ္ႏိုင္မွာျဖစ္ပါတယ္။ ဒီလို အလုပ္မ်ိဳးလုပ္ႏိုင္ဖို႔ႀကိဳးစားၾကရင္းနဲ႔ပဲ အမ်ားစု ေအာင္ျမင္မႈမရေသးပဲ လက္ေလွ်ာ့သြားတတ္ၾကပါတယ္။ အေကာင္းဆုံးႀကိဳးစားအားထုတ္ေပမယ့္လည္း ထင္သေလာက္အက်ိဳးရလဒ္ျပန္မရတဲ့အခါမွာ စိတ္ပ်က္စရာေကာင္းတာကေတာ့ အမွန္ပါပဲ။ ဒီအတြက္ အလုပ္ျဖစ္ေစမယ့္ နည္းဗ်ဴဟာ(၅)ခု႐ွိပါတယ္။

၁။ ျဖစ္ႏိုင္တယ္ဆိုတာကို သိမွတ္ယုံၾကည္ၿပီး အစျပဳပါ။

အလုပ္တစ္ခုလုပ္ေတာ့မယ္ဆိုရင္ စိတ္ေနစိတ္ထား ခံယူခ်က္နဲ႔ပတ္သက္ၿပီး ၾကားဖူးနားဝ႐ွိမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ သင့္ဘဝမွာ ရည္မွန္းခ်က္ေတြတကယ္ျဖစ္လာႏိုင္တယ္ဆိုတာကို ယုံၾကည္မႈမ႐ွိဘူးဆိုရင္ သင္ဘာကိုမွ ျဖစ္ေအာင္လုပ္ႏိုင္မွာ မဟုတ္ပါဘူး။ သင္အမွန္တကယ္စိတ္ပါဝင္စားတဲ့ အေၾကာင္းကိစၥတစ္ခုနဲ႔ ပတ္သက္ၿပီး လုပ္ငန္းတည္ေထာင္တတ္ဖို႔ လိုပါတယ္။ သင့္ရဲ႕စိတ္က ျဖစ္ေအာင္လုပ္ဖို႔ ရည္႐ြယ္ထားရင္ တကယ္ျဖစ္ေအာင္လုပ္ႏိုင္တဲ့ စြမ္းအားသတၱိေတြ ႐ွိပါတယ္။ ဒါ့ေၾကာင့္ တကယ္ျဖစ္ခ်င္တဲ့စိတ္ကို အခိုင္အမာဆုပ္ကိုင္ထားၿပီး ျဖစ္ေအာင္လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဒီလိုမဟုတ္ပဲ ျဖစ္ေအာင္လုပ္ဖို႔ ခိုင္မာတဲ့ယုံၾကည္မႈမ႐ွိဘူးဆိုရင္ ဘာတစ္ခုမွ ေ႐ွ႕ဆက္ႏိုင္မွာ မဟုတ္ပါဘူး။

၂။ အဓိကေပးခ်င္တဲ့အခ်က္ကို ႐ွင္းလင္းပါေစ။

လူအမ်ားစုက သူတို႔ရဲ႕စီးပြားေရးလုပ္ငန္းနဲ႔ပတ္သက္ၿပီး ဝင္ေငြမရၾကတာဟာ သူတို႔လုပ္ငန္းကေန ဘယ္လိုအက်ိဳးေက်းဇူးေတြ ရ႐ွိႏိုင္မလဲဆိုတာကို သုံးစြဲသူေတြက နားမလည္ၾကလို႔ ျဖစ္ပါတယ္။ တစ္စုံတစ္ေယာက္က သင့္ဆီမွာ ေငြကုန္ေၾကးက်ခံရဖို႔ အေၾကာင္းရင္းကို နားမလည္ရင္ ေငြကုန္ခံမွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သုံးစြဲသူတစ္ေယာက္က သင့္ရဲ႕Websites ကို လာၾကည့္ၿပီဆိုတာနဲ႔ ဘယ္လိုကိစၥေတြမွာ သူတို႔အတြက္ အေထာက္အကူျဖစ္ၿပီး အဆင္ေျပေစႏိုင္မယ္ဆိုတာကို ႐ွင္း႐ွင္းလင္းလင္း သိသြားေအာင္ လုပ္ဖို႔လိုပါတယ္။ ဒီလို သိသြားေအာင္လုပ္ဖို႔အတြက္ သင့္မွာ အခ်ိန္(၇)စကၠန္႔ကေန (၃၇)စကၠန္႔အထိ ရပါတယ္။ ဒီအတြင္းမွာ သုံးစြဲသူအေနနဲ႔တစ္ခုခုရသြားေအာင္ လုပ္ေပးႏိုင္ရမွာ ျဖစ္ပါတယ္။

၃။ အခ်က္အလက္ေတြ စုေဆာင္းတာကို ရပ္လိုက္ပါ။

စုေဆာင္းရမယ့္အခ်က္အလက္ေတြ အမ်ားႀကီး႐ွိပါတယ္။ သင္ဘာလုပ္သင့္တယ္ ဒါမွမဟုတ္ ဘယ္သူ႕ရဲ႕အၾကံဉာဏ္ကို နားေထာင္သင့္တယ္ဆိုတာကို သင္မသိႏိုင္ပါဘူး။ လူတိုင္းမွာ နည္းလမ္းသစ္တစ္ခုစီ ႐ွိတတ္ၾကပါတယ္။ တကယ္လို႔ သင့္ရဲ႕ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို ေအာင္ျမင္ခ်င္တယ္ဆိုရင္ေတာ့ သင္လိုက္နာမယ့္ အၾကံဉာဏ္ေတြနဲ႔ ပတ္သက္ၿပီး ေသခ်ာဆန္းစစ္ရမွာျဖစ္ပါတယ္။ သင့္ေ႐ွ႕မွာလုပ္ေဆာင္ေနသူေတြဆီက ပညာယူပါ။ သင့္အေနနဲ႔ေရာ ဘာေတြေပးဆပ္ရဖို႔႐ွိလဲ သုံးသပ္ပါ။ သင့္ကို ေနာက္တဆင့္တက္လွမ္းႏိုင္ေစမယ့္ အၾကံဉာဏ္ကို ရယူၿပီး က်န္တာေတြကို ခဏေမ့ထားပါ။ လိုအပ္လာခ်ိန္မွာ ထုတ္သုံးပါ။

၄။ သင့္ရဲ႕ပရိသတ္ကို အာ႐ုံစိုက္ပါ။

ဒီအခ်က္က လူအမ်ားစုရင္ဆိုင္ၾကရတဲ့ အခက္အခဲတစ္ခုျဖစ္ပါတယ္။ မ်ားျပားလြန္းတဲ့အလုပ္ေတြနဲ႔ အျခားအေရးႀကီးကိစၥေတြေပၚမွာ အာ႐ုံစိုက္ဖို႔ လြယ္ကူေပမယ့္ သင့္ကို အားေပးမယ့္ပရိသတ္မ႐ွိဘူးဆိုရင္ ဘာအဓိပၸါယ္မွ မ႐ွိပါဘူး။ သင့္ရဲ႕လုပ္ေဆာင္မႈကို ေထာက္ခံအားေပးမယ့္ လူတစ္စု႐ွိေနဖို႔ လိုပါတယ္။ လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ ေရးသားတာ၊ သတင္းစာ၊ ဂ်ာနယ္စတဲ့ မီဒီယာေတြမွာ ေရးသားတာေတြက သင့္ကို အခိုင္အမာေထာက္ခံအားေပမယ့္ ပရိသတ္ရ႐ွိေစႏိုင္တဲ့ နည္းလမ္းအခ်ိဳ႕ျဖစ္ပါတယ္။ သင့္ကို အားေပးေထာက္ခံမယ့္ ပရိသတ္ရ႐ွိဖို႔ကို အာ႐ုံစိုက္ပါ။ သူတို႔ကေနတဆင့္ ဝင္ေငြရဖို႔ ျဖစ္လာပါလိမ့္မယ္။

၅။ ေရာင္းခ်ဖို႔ မေၾကာက္ပါနဲ႔။

သင့္မွာ အခိုင္အမာပရိသတ္တည္ေဆာက္ၿပီးၿပီဆိုရင္ ေရာင္းစရာ႐ွိတာ ေရာင္းဖို႔လိုပါတယ္။ ဒီလိုေရာင္းခ်မႈက လူအမ်ားစုအတြက္ စိတ္ပ်က္သြားစရာျဖစ္ႏိုင္ၿပီး ခက္ခဲတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ခုခုကို ေရာင္းခ်တယ္ဆိုတာထက္ အဖိုးတန္အရာတစ္ခုကို ကမ္းလွမ္းေပးတဲ့သေဘာသက္ေရာက္ဖို႔ လိုပါတယ္။ သင့္အေနနဲ႔ လူေတြအတြက္အဆင္ေျပေစမယ့္ အရာတစ္ခုကို ေပးကမ္းၿပီး သင့္တင့္မွ်တတဲ့ အဖိုးႏႈန္းထားတစ္ခု ယူတယ္ဆိုတာမ်ိဳး ျဖစ္သင့္ပါတယ္။

ဝါသနာနဲ႔ထပ္တူက်တဲ့ ကိုယ္ပိုင္လုပ္ငန္းတစ္ခု တည္ေထာင္ရတာက မွန္မွန္ကန္ကန္လုပ္ေဆာင္တတ္မယ္ဆိုရင္ ေအာင္ျမင္ႏိုင္ပါတယ္။ သင့္အေနနဲ႔ လူေတြအတြက္ ဘာလုပ္ေပးခ်င္တယ္ဆိုတာနဲ႔ လူေတြကို ဘာလုပ္ေစခ်င္တယ္ဆိုတာကို ႐ွင္းလင္းေနဖို႔ လိုပါတယ္။ သုံးစြဲသူေတြအတြက္ အဖိုးထိုက္တန္တယ္လို႔ ခံစားရေအာင္ တန္ဖိုးေပါင္းထည့္ေပးပါ။ ဘယ္ေတာ့မွ နားလည္ပါး႐ိုက္မလုပ္ပါနဲ႔။ စိတ္႐ွည္သည္းခံမႈနဲ႔ ႀကိဳးစားမႈတို႔က သင့္အိပ္မက္ေတြကို အမွန္တကယ္ျဖစ္လာေစမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: mmgentleman

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service