တညင်းသီးက အာဟာရဖြစ်လို့လား။

တညင်းသီးက အာဟာရဖြစ်လို့လား။ - Property Knowledge in Myanmar from iMyanmarHouse.com
24 Dec 2020 3:32 pm တွင် တင်ခဲ့သည်
2169 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မိုးဦးကျတဲ့ အချိန်မှာ ပေါ်လာတတ်တဲ့ တညင်းသီးကို မြန်မာလူမျိုး တော်တော်များများ သဘောကျ ကျပါတယ်။ အတို့အမြှုပ် အနေနဲ့ ဖြစ်ဖြစ်၊ ဟင်းချက်ပြီး ဖြစ်ဖြစ်၊ ဆားရည်စိမ်ပြီး ဖြစ်ဖြစ် စားတတ်ကြပါတယ်။ သဲမြေထဲမှာ အပင်ဖောက်ပြီး တညင်းဝက် လုပ်စားတာတောင် ရှိပါသေးတယ်။ မီးလေးအုံးပြီး တို့စားတာ၊ ပြုတ်ပြီး တို့စားတာ၊ အစိမ်းနုနုလေးကို တို့စားတာတွေရှိပါသေးတယ်။

ဒီလောက်နဲ့ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ စေးနေအောင် ပြုတ်ထားတဲ့ တညင်းသီးကို အပြားပုံစံလေးဖြစ်အောင် ထုထောင်းပြီး ပဲဆီလေးနဲ့စိမ်တာ ဒါမှမဟုတ် အုန်းဆီချက် စမ်းပြီး စားတာမျိုုးတွေ ရှိပါတယ်။

တညင်းသီးက အာဟာရမဖြစ်ဘူးလို့ ပြောရတဲ့ အကြောင်းအရင်း

တညင်းသီးမှာ အဆိပ်အတောက် အနည်းငယ်ပါပါတယ်။ တညင်းသီးမှာပါတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ djenkolic acid ပါဝင်နေပါတယ်။ ဒီ အက်ဆစ်က တညင်းသီး အဆိပ်တက်တာကို ဖြစ်စေနိုင်ပါတယ်။

တကယ်ကတော့ တညင်းသီးက ခံတွင်းနံ့ ဆိုးတာ၊ ဆီးအနံ့ နံတာ၊ ဝမ်း အနံ့ဆိုးတာတွေ ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က တညင်းသီးက အာဟာရ ပါဝင်မှု နည်းသလို အဆိပ် ခပ်ပျော့ပျော့ ပါနေပြီး အာဟာရဖြစ်စေမှုကို အဟန့်အတား ပေးတဲ့အရာတွေပါ ပါဝင်နေတာပါ။

တညင်းသီးစားရင် ဘာဖြစ်မလဲ။

တညင်းသီး စားပြီးရင် ခံတွင်းမှာ အနံ့ဆိုးဖြစ်တာက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ဖြစ်နေတာပါ။ ဆီးတွေ၊ ဝမ်းတွေ အနံဆိုးနေရခြင်းကအဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ခန္ဓာကိုယ်က ကြိုးစားနေတာပါ။

ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲကို အဆိပ်တွေ ဝင်ရောက်တဲ့အခါ အသည်းက အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်ကတော့ ဆီး အနေနဲ့ အဆိပ်အတောက်တွေကို ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ ပုံမှန် ဖြစ်စဉ်တစ်ရပ်ပါ။

တညင်းသီး စားလိုက်တဲ့အခါမှာတော့ တညင်းသီးမှာပါတဲ့ အဆိပ်ဖြစ်စေတဲ့ဓာတ်က အသည်းကို အရင်မရောက်ဘဲ သွေးထဲကို ရောက်သွားပါတယ်။ ပြီးမှ အသည်းဆီကို ရောက်ပါတယ်။ အသည်းက ကိုယ်တွင်းကို ဝင်ရောက်သမျှ အဆိပ် အားလုံးကို ဖယ်ရှားပေးနိုင်ပေမယ့် တညင်းသီးရဲ့ အဆိပ်ကိုတော့ မဖယ်ရှား ပေးနိုင်ပါဘူး။

ဒီတော့ နောက်တစ်ဆင့်က ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားတာပါ။ ဒါပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ် မော်လီကျူးတွေက ကျောက်ကပ်ထဲက ဆီးပြွန်လေးတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုကနေ ကျောက်ကပ် ထိခိုက်ပြီး ဆီးသွားတဲ့အခါ သွေးပါလာတာ၊ ဆီးသွားရခက်တာ၊ ကျောက်ကပ် ထိခိုက်မှုကြောင့် ခါး တအားနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီလိုကနေမှ သွေးထဲမှာ အဆိပ်အတောက်တွေများလာပြီး ရုတ်တရက် ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက အဆိုးဆုံး အနေနဲ့ ကျောက်ကပ်ပျက်ပြီး သေဆုံးတာမျိုး အထိ ဖြစ်နိုင်ပါတယ်။

အတွေ့အကြုံတစ်ခုကို မျှဝေရမယ်ရမယ်ဆိုရင်

ဆယ်ကျော်သက် လူငယ်လေးတစ်ယောက် တညင်းသီးကို ကြိုက်လွန်းလှချည်ရဲ့ဆိုပြီး တစ်ယောက်တည်း တစ်ခြင်းလုံးကို တစ်ထိုင်တည်းစားပြီး နောက်နေ့ကျ ရုတ်တရက် ကျောက်ကပ်ပျက်လို့ ဆီးလုံးဝမထွက်တော့ဘဲ ဆေးရုံကို ရောက်လာတဲ့ အဖြစ်အပျက်လေး ရှိဖူးပါတယ်။ တညင်းသီး အဓိက ထိခိုက်စေတာက ကျောက်ကပ်ပါ။ သာမန်လူတောင် ဒီလို ဖြစ်သွားရင် နဂိုကျောက်ကပ်မကောင်းတဲ့သူအနေနဲ့ တတ်နိုင်သမျှရှောင်ကြဉ်ဖို့ အကြံပြုလိုပါတယ်။

တညင်းသီးစားပြီး ဘေးမဖြစ်စေဖို့ဆိုရင်

တညင်းသီးမှာပါတဲ့ အဆိပ်က ရေမှာပျော်ဝင်တဲ့ အဆိပ်မျိုးပါ။ အရမ်း ပျော်ဝင်နိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ တညင်းသီးကို အဆိပ်ဓာတ် နည်းစေဖို့ဆိုရင် ရေဆူဆူနဲ့ ၃ ကြိမ်လောက် ပြုတ်ဖို့ လိုပါမယ်။ ဒါမှ အဆိပ်က နည်းသွားမှာပါ။

တစ်ကြိမ်ပြုတ်ပြီးတိုင်းမှာ ရေကို သွန်ပစ်ပြီး အသစ် ထပ်ပြုတ်ရပါမယ်။ ဒါမှ အဆိပ် ပမာဏ နည်းသွားမှာပါ။ တညင်းသီးကို အဆိပ်လျော့စေမယ့် နောက်တစ်နည်းက ဆားရည် စိမ်တာပါ။

တညင်းသီးကို အစိမ်းတို့တာ နဲ့ မီးအုံး စားတာက အဆိပ် အများဆုံး ဖြစ်တာကြောင့် မစားတာက အကောင်းဆုံးပါ။ တညင်းသီး စားမိပြီဆိုရင်လည်း ရေများများ သောက်ဖို့ လိုပါမယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

တညင္းသီးက အာဟာရျဖစ္လို႔လား။

မိုးဦးက်တဲ့ အခ်ိန္မွာ ေပၚလာတတ္တဲ့ တညင္းသီးကို ျမန္မာလူမ်ိဳး ေတာ္ေတာ္မ်ားမ်ား သေဘာက် က်ပါတယ္။ အတို႔အျမႇဳပ္ အေနနဲ႔ ျဖစ္ျဖစ္၊ ဟင္းခ်က္ၿပီး ျဖစ္ျဖစ္၊ ဆားရည္စိမ္ၿပီး ျဖစ္ျဖစ္ စားတတ္ၾကပါတယ္။ သဲေျမထဲမွာ အပင္ေဖာက္ၿပီး တညင္းဝက္ လုပ္စားတာေတာင္ ႐ွိပါေသးတယ္။ မီးေလးအုံးၿပီး တို႔စားတာ၊ ျပဳတ္ၿပီး တို႔စားတာ၊ အစိမ္းႏုႏုေလးကို တို႔စားတာေတြ႐ွိပါေသးတယ္။

ဒီေလာက္နဲ႔ပဲလားဆိုေတာ့ မဟုတ္ေသးျပန္ပါဘူး။ ေစးေနေအာင္ ျပဳတ္ထားတဲ့ တညင္းသီးကို အျပားပုံစံေလးျဖစ္ေအာင္ ထုေထာင္းၿပီး ပဲဆီေလးနဲ႔စိမ္တာ ဒါမွမဟုတ္ အုန္းဆီခ်က္ စမ္းၿပီး စားတာမ်ိဳုးေတြ ႐ွိပါတယ္။

တညင္းသီးက အာဟာရမျဖစ္ဘူးလို႔ ေျပာရတဲ့ အေၾကာင္းအရင္း

တညင္းသီးမွာ အဆိပ္အေတာက္ အနည္းငယ္ပါပါတယ္။ တညင္းသီးမွာပါတဲ့ အမိုင္ႏိုအက္ဆစ္တစ္မ်ိဳးျဖစ္တဲ့ djenkolic acid ပါဝင္ေနပါတယ္။ ဒီ အက္ဆစ္က တညင္းသီး အဆိပ္တက္တာကို ျဖစ္ေစႏိုင္ပါတယ္။

တကယ္ကေတာ့ တညင္းသီးက ခံတြင္းနံ႔ ဆိုးတာ၊ ဆီးအနံ႔ နံတာ၊ ဝမ္း အနံ႔ဆိုးတာေတြ ျဖစ္ေစႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က တညင္းသီးက အာဟာရ ပါဝင္မႈ နည္းသလို အဆိပ္ ခပ္ေပ်ာ့ေပ်ာ့ ပါေနၿပီး အာဟာရျဖစ္ေစမႈကို အဟန္႔အတား ေပးတဲ့အရာေတြပါ ပါဝင္ေနတာပါ။

တညင္းသီးစားရင္ ဘာျဖစ္မလဲ။

တညင္းသီး စားၿပီးရင္ ခံတြင္းမွာ အနံ႔ဆိုးျဖစ္တာက ကိုယ္တြင္းမွာ အဆိပ္အေတာက္ေတြ ျဖစ္ေနတာပါ။ ဆီးေတြ၊ ဝမ္းေတြ အနံဆိုးေနရျခင္းကအဆိပ္အေတာက္ေတြကို ဖယ္႐ွားဖို႔ ခႏၶာကိုယ္က ႀကိဳးစားေနတာပါ။

ပုံမွန္အားျဖင့္ ခႏၶာကိုယ္ထဲကို အဆိပ္ေတြ ဝင္ေရာက္တဲ့အခါ အသည္းက အဆိပ္ေတြကို ဖယ္႐ွားေပးပါတယ္။ ေက်ာက္ကပ္ကေတာ့ ဆီး အေနနဲ႔ အဆိပ္အေတာက္ေတြကို ျပင္ပကို စြန္႔ထုတ္ေပးပါတယ္။ ဒါက ခႏၶာကိုယ္ရဲ႕ ပုံမွန္ ျဖစ္စဥ္တစ္ရပ္ပါ။

တညင္းသီး စားလိုက္တဲ့အခါမွာေတာ့ တညင္းသီးမွာပါတဲ့ အဆိပ္ျဖစ္ေစတဲ့ဓာတ္က အသည္းကို အရင္မေရာက္ဘဲ ေသြးထဲကို ေရာက္သြားပါတယ္။ ၿပီးမွ အသည္းဆီကို ေရာက္ပါတယ္။ အသည္းက ကိုယ္တြင္းကို ဝင္ေရာက္သမွ် အဆိပ္ အားလုံးကို ဖယ္႐ွားေပးႏိုင္ေပမယ့္ တညင္းသီးရဲ႕ အဆိပ္ကိုေတာ့ မဖယ္႐ွား ေပးႏိုင္ပါဘူး။

ဒီေတာ့ ေနာက္တစ္ဆင့္က ေက်ာက္ကပ္ကေန စြန္႔ထုတ္ဖို႔ ႀကိဳးစားတာပါ။ ဒါေပမယ့္ တညင္းသီးမွာပါတဲ့ အဆိပ္ ေမာ္လီက်ဴးေတြက ေက်ာက္ကပ္ထဲက ဆီးႁပြန္ေလးေတြကို ပိတ္ဆို႔ေစႏိုင္ပါတယ္။ ဒီလိုကေန ေက်ာက္ကပ္ ထိခိုက္ၿပီး ဆီးသြားတဲ့အခါ ေသြးပါလာတာ၊ ဆီးသြားရခက္တာ၊ ေက်ာက္ကပ္ ထိခိုက္မႈေၾကာင့္ ခါး တအားနာတာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။

ဒီလိုကေနမွ ေသြးထဲမွာ အဆိပ္အေတာက္ေတြမ်ားလာၿပီး ႐ုတ္တရက္ ေက်ာက္ကပ္ ပ်က္စီးတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒီအေျခအေနက အဆိုးဆုံး အေနနဲ႔ ေက်ာက္ကပ္ပ်က္ၿပီး ေသဆုံးတာမ်ိဳး အထိ ျဖစ္ႏိုင္ပါတယ္။

အေတြ႕အၾကဳံတစ္ခုကို မွ်ေဝရမယ္ရမယ္ဆိုရင္

ဆယ္ေက်ာ္သက္ လူငယ္ေလးတစ္ေယာက္ တညင္းသီးကို ႀကိဳက္လြန္းလွခ်ည္ရဲ႕ဆိုၿပီး တစ္ေယာက္တည္း တစ္ျခင္းလုံးကို တစ္ထိုင္တည္းစားၿပီး ေနာက္ေန႔က် ႐ုတ္တရက္ ေက်ာက္ကပ္ပ်က္လို႔ ဆီးလုံးဝမထြက္ေတာ့ဘဲ ေဆး႐ုံကို ေရာက္လာတဲ့ အျဖစ္အပ်က္ေလး ႐ွိဖူးပါတယ္။ တညင္းသီး အဓိက ထိခိုက္ေစတာက ေက်ာက္ကပ္ပါ။ သာမန္လူေတာင္ ဒီလို ျဖစ္သြားရင္ နဂိုေက်ာက္ကပ္မေကာင္းတဲ့သူအေနနဲ႔ တတ္ႏိုင္သမွ်ေ႐ွာင္ၾကဥ္ဖို႔ အၾကံျပဳလိုပါတယ္။

တညင္းသီးစားၿပီး ေဘးမျဖစ္ေစဖို႔ဆိုရင္

တညင္းသီးမွာပါတဲ့ အဆိပ္က ေရမွာေပ်ာ္ဝင္တဲ့ အဆိပ္မ်ိဳးပါ။ အရမ္း ေပ်ာ္ဝင္ႏိုင္တာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့။ တညင္းသီးကို အဆိပ္ဓာတ္ နည္းေစဖို႔ဆိုရင္ ေရဆူဆူနဲ႔ ၃ ႀကိမ္ေလာက္ ျပဳတ္ဖို႔ လိုပါမယ္။ ဒါမွ အဆိပ္က နည္းသြားမွာပါ။

တစ္ႀကိမ္ျပဳတ္ၿပီးတိုင္းမွာ ေရကို သြန္ပစ္ၿပီး အသစ္ ထပ္ျပဳတ္ရပါမယ္။ ဒါမွ အဆိပ္ ပမာဏ နည္းသြားမွာပါ။ တညင္းသီးကို အဆိပ္ေလ်ာ့ေစမယ့္ ေနာက္တစ္နည္းက ဆားရည္ စိမ္တာပါ။

တညင္းသီးကို အစိမ္းတို႔တာ နဲ႔ မီးအုံး စားတာက အဆိပ္ အမ်ားဆုံး ျဖစ္တာေၾကာင့္ မစားတာက အေကာင္းဆုံးပါ။ တညင္းသီး စားမိၿပီဆိုရင္လည္း ေရမ်ားမ်ား ေသာက္ဖို႔ လိုပါမယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service