ထူးခြားသော ဆေးဖက်ဝင်အာနိသင် ဇီးဖြူသီး

ထူးခြားသော ဆေးဖက်ဝင်အာနိသင် ဇီးဖြူသီး - Property Knowledge in Myanmar from iMyanmarHouse.com
19 Dec 2020 11:38 am တွင် တင်ခဲ့သည်
9226 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဇီးဖြူသီးမှာ ဗီတာမင်စီဓာတ်၊ သံဓာတ်၊ ထုံးဓာတ်၊ ဖော့စဖောရပ်ဓာတ်နှင့် ပက်တင်ဓာတ်များ ကြွယ်ဝစွာပါဝင် ကာ ပန်းသီးထက်ပရိုတိန်းဓာတ်ပါဝင်မှု သုံးဆနှင့် အက်စ်ကောဘစ်အက်ဆစ်(ဗီတာမင်စီ ဓာတ်) ပါဝင်မှုတွင် ပန်းသီးထက် အဆ ၁၆၀ ပါဝင်သည်ဟု ဖော်ပြကြပါတယ်။ တခြားသတ္ထုဓာတ်များနှင့် အမိုင်နိုအက် ဆစ်ဓာတ်များ ပါဝင်မှုမှာလည်း ပန်းသီးထက်များသည်ဟု ဆိုကြပါတယ်။

အသီးအလေးချိန် ၁၀၀ ဂရမ်တွင် ပါဝင်သည့် အာဟာရ ဓာတ်များမှာ ရေ ၈၁.၂ ရာခိုင်နှုန်း၊ ပရိုတိန်းဓာတ် ၀.၅ ရာခိုင်နှုန်း၊ အဆီ ၀.၁ ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒရိတ် ၁၄ ရာခိုင်နှုန်း၊ ထုံးဓာတ် ၀.၀၅ ရာခိုင် နှုန်း၊ ဖော့စပဖောရပ်ဓာတ် ၀.၀၂ ရာခိုင်နှုန်း၊ သံဓာတ် ၁.၂ ရာခိုင်နှုန်း၊ ဗီတာမင်ဘီ ၁၃၀ မီလီဂရမ်၊ ဗီတာမင် စီ ၆၀၀ မှ ၈၀၀ မီလီဂရမ်၊ နီကိုတင်းနစ် အက်ဆစ် ၀.၃ မီလီဂရမ်၊ ကယ်လိုရီ ၅၉ တို့ ပါဝင်သောကြောင့် ဆီးဖြူသီး၏ အသီး၊ အစေ့၊ အခေါက်၊ အပွင့်နှင့် အမြစ်အားလုံးကို တိုင်းရင်းဆေးဝါးများတွင် အသုံးပြုနိုင်ကြသည်။

အသီးမှာ ချဉ်၊ ဖန်ဓာတ်ရှိပြီး ဆီးရွှင်ဆေး၊ ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုကြသကဲ့သို့ သွေးသန့်ဆေးအဖြစ်လည်း သုံးကြပါသည်။ အသည်းကြီးရောဂါ၊ အသည်းနှင့် ဆိုင်သည့်ရော ဂါများကို ကုသရာတွင် အသုံးဝင်သကဲ့သို့ ခေါင်းကိုက်ရောဂါနှင့် ဝမ်းချုပ်ရောဂါများကိုလည်း ကုသနိုင် ပါသည်။ ဇီးဖြူသီးစားသုံးပေးခြင်းဖြင့် အမောခံနိုင်ပြီး အသားအရေကိုလည်း ကြည်လင်စေပါသည်။

ဇီးဖြူသီးသည် ဆံပင်ကောင်းစေကာ ဦးရေကိုအေးမြစေပြီး ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်သကဲ့သို့ သန်းနှင့် ဘောက်များကိုလည်း ပျောက်ကင်းစေနိုင်သောကြောင့် အသီးကိုခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီများ ဖော်စပ်ရာတွင် အသုံးပြုကြသည်။

ဆံပင်ပါးခြင်း၊ ကျွတ်ခြင်း၊ ဖြူခြင်းတို့ကို ကာကွယ်နိုင်သည်။ ဒါ့အပြင် ဇီးဖြူရွက်ကိုရှူပါက ခေါင်းမူးသက်သာ စေနိုင်သကဲ့သို့ အခေါက်သည် သွေးအားကောင်းစေနိုင်ပါသည်။ ဆီးချိုရောဂါအတွက်ကောင်းပြီး မျိုးအောင်ရန် အတွက်လည်း အထောက်အကူပြုပါသည်။

ဓာတ်တိုးဆန့်ကျင်သတ္တိ ရှိသောကြောင့် အသည်းရောဂါများ ကာကွယ် ကုသရာတွင်လည်း အသုံးပြုနိုင်ကြောင်းသိရပါသည်။ တြိဖလခေါ်သော ဇီးဖြူသီး၊ ဖန်ခါးသီးနဲ့ ကြစုသီးသုံးမျိုးကို ရောဖော်ထားသော မြန်မာတိုင်းရင်းဆေးမှာလည်း နာမည်ကြီးဆေးဖြစ်ပါသည်။

အရွယ်ကို နုပျိုစေနိုင်၍ အူရောင်မှု၊ ဝမ်းသွားမှု၊ ဝမ်းချုပ်မှုများကို ကာကွယ် နိုင်ပါသည်။ အသီးကို အစေ့ထုတ်ကာ အခြောက်လှမ်း၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း တွေ့ရသည်။ အမြစ်နှင့် အရွက်ကို သွားကိုက်ပျောက် ဆေးအဖြစ် သုံးနိုင်ပါသည်။ အခေါက်ကိုဆိုးဆေး အဖြစ်လည်း သုံးနိုင်ပါကြောင်းတွေ့ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: အစိမ်းရောင်လမ်း

 

[Zawgyi]













နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service