နေ့စဉ်ထိတွေ့ကိုင်တွယ်မိနေတဲ့ ရောဂါပိုးမွှားတို့ရဲ့ ဌာနချုပ်များ

နေ့စဉ်ထိတွေ့ကိုင်တွယ်မိနေတဲ့ ရောဂါပိုးမွှားတို့ရဲ့ ဌာနချုပ်များ - Property Knowledge in Myanmar from iMyanmarHouse.com
17 Dec 2020 2:34 pm တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကိုယ်နေ့စဉ် ထိတွေ့ ကိုင်တွယ်နေတဲ့ အရာဝတ္ထုတွေ၊ ကိုယ့်အနီးအနားက ဝတ္ထုပစ္စည်းတွေမှာ ရောဂါပိုးမွှားတွေ တပြုံတခေါင်းကြီး ကပ်ငြိနေလိမ့်မယ်လို့ တွေးထင်မိဖူးသလား။

တကယ်တမ်းတော့ မိမိနဲ့ အနီးကပ်ဆုံးပစ္စည်းတစ်ချို့ဟာ ရောဂါပိုးမွှားတွေ ပျော်ပါးပေါက်ပွားရာ အန္တရာယ်အများဆုံးသော အရာတွေဖြစ်နေတတ်ပါတယ်။

တချို့အရာတွေဟာဆိုရင် ကိုယ့်လက်ထဲမှာ တစ်နေကုန်နီးပါးရှိနေတတ်တာမျိုးတွေပါ။ ဟိုပိုး ဒီပိုးတွေ သိပ်ပေါများပြီး ခပ်ဆန်းဆန်းရောဂါတွေလည်း မကြာခဏပေါ်ထွက်လာနေတတ်တဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ့်အနီးနားက ပိုးမွှားတွေရဲ့ ဌာနချုပ်တွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သန့်စင်အောင် သန့်ရှင်နိုင်မှာမဟုတ်လား။

ကိုယ့်အနီးနားက ရောဂါပိုးမွှားတွေ အခြေကုပ်ယူတပ်စွဲထားတဲ့ ပစ္စည်းတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် …

မိုဘိုင်းလ်ဖုန်း

သုတေသနပြုချက်တွေအရဆိုရင်တော့ မိုဘိုင်းလ်ဖုန်းတွေရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ ပိုးမွှားအရေအတွက်ဟာ အိမ်သာကမုတ်က ပမာဏထက် ၁၀ ဆ ပိုများပါတယ်တဲ့။ ကဲ ကိုယ့်ရဲ့ ဖုန်းလှလှလေးကို သန့်ရှင်းဖို့ ဘယ်လောက်တောင် လိုအပ်နေပြီလဲဆိုတာကို နားလည်လောက်ကြမယ်ထင်ပါတယ်နော်။

ရီမု(တ်) ကွန်ထရိုးလ်

တီဗီတွေ၊ အဲယားကွန်းတွေအတွက် မရှိမဖြစ် ပစ္စည်းဖြစ်တဲ့ ရီမု(တ်) တွေဟာလည်း ဖုန်၊ မှိုနဲ့ ဘက်တီးရီးယားတွေ အမြောက်အမြားကပ်တွယ်နေတတ်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

ကွန်ပျူတာ ကီးဘုတ်

အိမ်မှာပဲဖြစ်ဖြစ် ရုံးမှာပဲဖြစ်ဖြစ် ထိတွေ့နေတဲ့ ကွန်ပျူတာတွေက ကီးဘုတ်တွေမှာ ရောဂါပိုးတွေ ကပ်ငြိနေမယ်ဆိုတာက တွေးကြည့်စရာမလိုလောက်အောင်ကို သိသာထင်ရှားလှပါတယ်။ ဒါပေမယ့် ဖုန်သုတ်တာထက်ပိုပြီး သန့်ရှင်းရေးမလုပ်ဖြစ်တတ်ကြတာကလည်း အသေအချာပါပဲ။

ပန်းကန်ဆေး ရေမြှုပ်

ဆပ်ပြာတွေနဲ့ နေ့တိုင်းလူးပေနေတတ်တဲ့ ရေမြှုပ်က ရောဂါပိုးတွေကပ်နေပါ့မလားလို့ တွေးစရာတော့ရှိပါတယ်။ ဒါပေမယ့် စိုစွတ်ပြီး ညစ်ပတ်လွယ်တဲ့ ရေမြှုပ်တုံးတွေဟာ ရောဂါပိုးမွှားတွေအတွက်တော့ နိဗ္ဗာန်ဘုံကြီးပါနော်။

ပိုက်ဆံ

နေ့တိုင်းတန်ဖိုးထားပြီး ထိတွေ့နေတဲ့ ပိုက်ဆံအရွက်လေးတွေဟာ ရောဂါပိုးတွေအတွက်တော့ လေယာဉ်ပျံကြီးလိုပါပဲ။ ဟိုလူဒီလူဆီ ကူးလူးသွားလာနေနိုင်တယ်လေ။ ပိုက်ဆံ တစ်ရွက်မှာ ဘက်တီးရီးယား အမျိုးအစား ၃၀၀၀ လောက်ပါရှိနေတတ်ပါတယ်။ ပိုက်ဆံကို တံတွေးဆွတ်ပြီး ရေတတ်တဲ့အကျင့်ရှိတယ်ဆိုရင်တော့ ခုချက်ခြင်းပဲ ရပ်လိုက်ပါ။

အဝတ်လျှော်စက်

တစ်မိသားစုလုံးရဲ့ တစ်နေကုန်သွားလာဝတ်ဆင်ထားတဲ့ အဝတ်လျှော်စက်မှာ ပိုးမွှားတွေ ဘယ်လောက် ကပ်ငြိနေမလဲ တွေးသာကြည့်ပေတော့။

ပိုက်ဆံအိတ်

ပိုက်ဆံမှာ ရောဂါပိုးတွေ ပျော်ပါးကြသလို ပိုက်ဆံတွေထည့်တဲ့ ပိုက်ဆံအိတ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ပိုက်ဆံအိတ် အတွင်းပိုင်းဟာ အိမ်သာနဲ့ ရေချိုးခန်းထက်ပိုပြီး ပိုးမွှားပေါများပါတယ်။

ATM

ATM စက်မှာရော၊ ပိုက်ဆံအိတ်ထဲကထုတ်လာမယ့် ကတ်မှာပါ ပိုးမွှားတွေ အလွယ်တကူ ကပ်ငြိနေတတ်ပါတယ်။ ATM စက်တွေရဲ့ ခလုတ်တွေ၊ ပိုက်ဆံယူတဲ့နေရာတွေဟာ ရောဂါပိုးမွှားတွေရဲ့ လူတကာဆီ ကူးလူးသွားလာရာ နယ်ခြားဒေသလို့တောင်ဆိုရမလားပါပဲ။

ဈေးဝယ်ခြင်း

ဈေးခြင်းလို့ဆိုရာမှာ ရှော့ပင်စင်တာတွေက လက်တွန်းလှည်း ဈေးဝယ်ခြင်းတွေက နေအိမ်တွေမှာ မွေးသမိခင်တွေ မနက်မနက်ဈေးဝယ်ထွက်ကြတဲ့ ဈေးဝယ်ခြင်းတွေထက် ပိုပြီး ရောဂါပိုးများပြားတတ်ပါတယ်။ လက်တွန်းလှည်း ဈေးဝယ်ခြင်းတွေမှာ E. coli ၊ Campylobacter နဲ့ Salmonella ပိုးတွေ ပျော်စံရာအရပ်ဖြစ်တာမို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ဖို့ နီးစပ်လှပါတယ်။

Soap Dispensers

အများသုံး အိမ်သာတွေထဲက ဆပ်ပြာညှစ်စက် Soap Dispensers တွေကိုလည်း အထင်မသေးပါနဲ့။ အိမ်သာတစ်ခုလုံးမှာ ဒီနေရာက ပိုးမွှားအများဆုံးရှိတဲ့နေရာပါ။ လက်ကို သန့်စင်စွာမဆေးနိုင်ခင် ဆပ်ပြာကို အရင်ယူတာဖြစ်တာမို့ အခြေအနေကို တွေးသာကြည့်ပေတော့။

မီးဖိုချောင်သုံး လက်သုတ်ပဝါ

ထမင်း၊ ဟင်းချက်ပြုတ်ဖန်တီးကြတဲ့အခါ လက်သုတ်ဝတ်နဲ့ မကြာခဏ သုတ်ကြပါတယ်။ ဒီလက်သုတ်ဝတ်တွေကို မကြာခဏအားဖြင့် မသန့်စင် မလျှော်ဖွတ်ကြတဲ့အခါ ပိုးမွှားတွေ ပေါက်ပွားရှင်သန်ရာနေရာဖြစ်လာပါတော့တယ်။ Salmonella နဲ့ Fecal bacteria တွေကို အများဆုံး မြင်တွေ့ရပါလိမ့်မယ်။

မွေးနေ့ကိတ်

မွေးနေ့ကိတ်မှာ ပိုးတွေပါနေလို့လားလို့ မေးကောင်းမေးနိုင်ပါတယ်။ ဒါပေမယ့် ကိတ်ပေါ်ကို တင်လိုက်တဲ့ ဖယောင်းတိုင်လေးတွေနဲ့ မသန့်စင်ထားတဲ့ ပလက်စတစ်ဓားတွေကနေတဆင့် ပိုးမွှားတွေ တွယ်ငြိကုန်တာပါ။ ဒီပစ္စည်းတွေကြောင့် ကိတ်ရဲ့မျက်နှာပြင်ပေါ်မှာ မူလရှိထားတဲ့ ပိုးမွှားပမာဏရဲ့ ၁၄၀၀% အထိတိုးသွားပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ေန႔စဥ္ထိေတြ႕ကိုင္တြယ္မိေနတဲ့ ေရာဂါပိုးမႊားတို႔ရဲ႕ ဌာနခ်ဳပ္မ်ား

ကိုယ္ေန႔စဥ္ ထိေတြ႕ ကိုင္တြယ္ေနတဲ့ အရာဝတၳဳေတြ၊ ကိုယ့္အနီးအနားက ဝတၳဳပစၥည္းေတြမွာ ေရာဂါပိုးမႊားေတြ တျပဳံတေခါင္းႀကီး ကပ္ၿငိေနလိမ့္မယ္လို႔ ေတြးထင္မိဖူးသလား။

တကယ္တမ္းေတာ့ မိမိနဲ႔ အနီးကပ္ဆုံးပစၥည္းတစ္ခ်ိဳ႕ဟာ ေရာဂါပိုးမႊားေတြ ေပ်ာ္ပါးေပါက္ပြားရာ အႏၲရာယ္အမ်ားဆုံးေသာ အရာေတြျဖစ္ေနတတ္ပါတယ္။

တခ်ိဳ႕အရာေတြဟာဆိုရင္ ကိုယ့္လက္ထဲမွာ တစ္ေနကုန္နီးပါး႐ွိေနတတ္တာမ်ိဳးေတြပါ။ ဟိုပိုး ဒီပိုးေတြ သိပ္ေပါမ်ားၿပီး ခပ္ဆန္းဆန္းေရာဂါေတြလည္း မၾကာခဏေပၚထြက္လာေနတတ္တဲ့ ဒီေခတ္ႀကီးထဲမွာ ကိုယ့္အနီးနားက ပိုးမႊားေတြရဲ႕ ဌာနခ်ဳပ္ေတြကိုလည္း သိထားဖို႔ လိုအပ္ပါတယ္။ ဒါမွလည္း သန္႔စင္ေအာင္ သန္႔႐ွင္ႏိုင္မွာမဟုတ္လား။

ကိုယ့္အနီးနားက ေရာဂါပိုးမႊားေတြ အေျခကုပ္ယူတပ္စြဲထားတဲ့ ပစၥည္းေတြက ဘာေတြလဲဆိုတာ ၾကည့္ရေအာင္ …

မိုဘိုင္းလ္ဖုန္း

သုေတသနျပဳခ်က္ေတြအရဆိုရင္ေတာ့ မိုဘိုင္းလ္ဖုန္းေတြရဲ႕ မ်က္ႏွာျပင္ေပၚမွာ ႐ွိေနတဲ့ ပိုးမႊားအေရအတြက္ဟာ အိမ္သာကမုတ္က ပမာဏထက္ ၁၀ ဆ ပိုမ်ားပါတယ္တဲ့။ ကဲ ကိုယ့္ရဲ႕ ဖုန္းလွလွေလးကို သန္႔႐ွင္းဖို႔ ဘယ္ေလာက္ေတာင္ လိုအပ္ေနၿပီလဲဆိုတာကို နားလည္ေလာက္ၾကမယ္ထင္ပါတယ္ေနာ္။

ရီမု(တ္) ကြန္ထ႐ိုးလ္

တီဗီေတြ၊ အဲယားကြန္းေတြအတြက္ မ႐ွိမျဖစ္ ပစၥည္းျဖစ္တဲ့ ရီမု(တ္) ေတြဟာလည္း ဖုန္၊ မိႈနဲ႔ ဘက္တီးရီးယားေတြ အေျမာက္အျမားကပ္တြယ္ေနတတ္တဲ့ ပစၥည္းေတြျဖစ္ပါတယ္။

ကြန္ပ်ဴတာ ကီးဘုတ္

အိမ္မွာပဲျဖစ္ျဖစ္ ႐ုံးမွာပဲျဖစ္ျဖစ္ ထိေတြ႕ေနတဲ့ ကြန္ပ်ဴတာေတြက ကီးဘုတ္ေတြမွာ ေရာဂါပိုးေတြ ကပ္ၿငိေနမယ္ဆိုတာက ေတြးၾကည့္စရာမလိုေလာက္ေအာင္ကို သိသာထင္႐ွားလွပါတယ္။ ဒါေပမယ့္ ဖုန္သုတ္တာထက္ပိုၿပီး သန္႔႐ွင္းေရးမလုပ္ျဖစ္တတ္ၾကတာကလည္း အေသအခ်ာပါပဲ။

ပန္းကန္ေဆး ေရျမႇဳပ္

ဆပ္ျပာေတြနဲ႔ ေန႔တိုင္းလူးေပေနတတ္တဲ့ ေရျမႇဳပ္က ေရာဂါပိုးေတြကပ္ေနပါ့မလားလို႔ ေတြးစရာေတာ့႐ွိပါတယ္။ ဒါေပမယ့္ စိုစြတ္ၿပီး ညစ္ပတ္လြယ္တဲ့ ေရျမႇဳပ္တုံးေတြဟာ ေရာဂါပိုးမႊားေတြအတြက္ေတာ့ နိဗၺာန္ဘုံႀကီးပါေနာ္။

ပိုက္ဆံ

ေန႔တိုင္းတန္ဖိုးထားၿပီး ထိေတြ႕ေနတဲ့ ပိုက္ဆံအ႐ြက္ေလးေတြဟာ ေရာဂါပိုးေတြအတြက္ေတာ့ ေလယာဥ္ပ်ံႀကီးလိုပါပဲ။ ဟိုလူဒီလူဆီ ကူးလူးသြားလာေနႏိုင္တယ္ေလ။ ပိုက္ဆံ တစ္႐ြက္မွာ ဘက္တီးရီးယား အမ်ိဳးအစား ၃၀၀၀ ေလာက္ပါ႐ွိေနတတ္ပါတယ္။ ပိုက္ဆံကို တံေတြးဆြတ္ၿပီး ေရတတ္တဲ့အက်င့္႐ွိတယ္ဆိုရင္ေတာ့ ခုခ်က္ျခင္းပဲ ရပ္လိုက္ပါ။

အဝတ္ေလွ်ာ္စက္

တစ္မိသားစုလုံးရဲ႕ တစ္ေနကုန္သြားလာဝတ္ဆင္ထားတဲ့ အဝတ္ေလွ်ာ္စက္မွာ ပိုးမႊားေတြ ဘယ္ေလာက္ ကပ္ၿငိေနမလဲ ေတြးသာၾကည့္ေပေတာ့။

ပိုက္ဆံအိတ္

ပိုက္ဆံမွာ ေရာဂါပိုးေတြ ေပ်ာ္ပါးၾကသလို ပိုက္ဆံေတြထည့္တဲ့ ပိုက္ဆံအိတ္ေတြမွာလည္း ထိုနည္းလည္းေကာင္းပါပဲ။ ပိုက္ဆံအိတ္ အတြင္းပိုင္းဟာ အိမ္သာနဲ႔ ေရခ်ိဳးခန္းထက္ပိုၿပီး ပိုးမႊားေပါမ်ားပါတယ္။

ATM

ATM စက္မွာေရာ၊ ပိုက္ဆံအိတ္ထဲကထုတ္လာမယ့္ ကတ္မွာပါ ပိုးမႊားေတြ အလြယ္တကူ ကပ္ၿငိေနတတ္ပါတယ္။ ATM စက္ေတြရဲ႕ ခလုတ္ေတြ၊ ပိုက္ဆံယူတဲ့ေနရာေတြဟာ ေရာဂါပိုးမႊားေတြရဲ႕ လူတကာဆီ ကူးလူးသြားလာရာ နယ္ျခားေဒသလို႔ေတာင္ဆိုရမလားပါပဲ။

ေဈးဝယ္ျခင္း

ေဈးျခင္းလို႔ဆိုရာမွာ ေ႐ွာ့ပင္စင္တာေတြက လက္တြန္းလွည္း ေဈးဝယ္ျခင္းေတြက ေနအိမ္ေတြမွာ ေမြးသမိခင္ေတြ မနက္မနက္ေဈးဝယ္ထြက္ၾကတဲ့ ေဈးဝယ္ျခင္းေတြထက္ ပိုၿပီး ေရာဂါပိုးမ်ားျပားတတ္ပါတယ္။ လက္တြန္းလွည္း ေဈးဝယ္ျခင္းေတြမွာ E. coli ၊ Campylobacter နဲ႔ Salmonella ပိုးေတြ ေပ်ာ္စံရာအရပ္ျဖစ္တာမို႔ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ဖို႔ နီးစပ္လွပါတယ္။

Soap Dispensers

အမ်ားသုံး အိမ္သာေတြထဲက ဆပ္ျပာညႇစ္စက္ Soap Dispensers ေတြကိုလည္း အထင္မေသးပါနဲ႔။ အိမ္သာတစ္ခုလုံးမွာ ဒီေနရာက ပိုးမႊားအမ်ားဆုံး႐ွိတဲ့ေနရာပါ။ လက္ကို သန္႔စင္စြာမေဆးႏိုင္ခင္ ဆပ္ျပာကို အရင္ယူတာျဖစ္တာမို႔ အေျခအေနကို ေတြးသာၾကည့္ေပေတာ့။

မီးဖိုေခ်ာင္သုံး လက္သုတ္ပဝါ

ထမင္း၊ ဟင္းခ်က္ျပဳတ္ဖန္တီးၾကတဲ့အခါ လက္သုတ္ဝတ္နဲ႔ မၾကာခဏ သုတ္ၾကပါတယ္။ ဒီလက္သုတ္ဝတ္ေတြကို မၾကာခဏအားျဖင့္ မသန္႔စင္ မေလွ်ာ္ဖြတ္ၾကတဲ့အခါ ပိုးမႊားေတြ ေပါက္ပြား႐ွင္သန္ရာေနရာျဖစ္လာပါေတာ့တယ္။ Salmonella နဲ႔ Fecal bacteria ေတြကို အမ်ားဆုံး ျမင္ေတြ႕ရပါလိမ့္မယ္။

ေမြးေန႔ကိတ္

ေမြးေန႔ကိတ္မွာ ပိုးေတြပါေနလို႔လားလို႔ ေမးေကာင္းေမးႏိုင္ပါတယ္။ ဒါေပမယ့္ ကိတ္ေပၚကို တင္လိုက္တဲ့ ဖေယာင္းတိုင္ေလးေတြနဲ႔ မသန္႔စင္ထားတဲ့ ပလက္စတစ္ဓားေတြကေနတဆင့္ ပိုးမႊားေတြ တြယ္ၿငိကုန္တာပါ။ ဒီပစၥည္းေတြေၾကာင့္ ကိတ္ရဲ႕မ်က္ႏွာျပင္ေပၚမွာ မူလ႐ွိထားတဲ့ ပိုးမႊားပမာဏရဲ႕ ၁၄၀၀% အထိတိုးသြားပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service